၂၀၁၉ အစောပိုင်းလောက်တုန်းက Xiaomi ဟာ  Huawei က Honor ကို Sub-brand အဖြစ်ခွဲထုတ်သလိုပဲ   သူတို့ရဲ့ နာမည်ကြီး Redmi Lineup ကိုလည်း Sub-brand အနေနဲ့ ခွဲထုတ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

Redmi အနေနဲ့ Sub-brand အဖြစ်ခွဲထွက်ပြီး အစောပိုင်းမှာ  ဈေးသက်သာတဲ့ ဖုန်းတွေကိုထုတ်ပြီး ဈေးကွက်ထဲကိုဝင်ရောက်ခဲ့ပါတယ်။ ဒီလို့နဲ့ ဈေးကွက်ထဲမှာ နောက်ထပ် Mid Range ဖုန်းအသစ်တွေကိုထုတ်ပြီး နေရာယူလာခဲ့ပါတယ်။ အခုလည်း သူတို့ရဲ့ ပထမဆုံး  Smart Wearable  ကိုထုတ်ပြီး နောက်ဈေးကွက်တစ်ခုထဲကို ဝင်လာဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဒီ Smart Wearable ဟာ Redmi Smartwatch ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်ထားပါတယ်။ 

အရင်လလောက်တုန်းကလည်း  Redmi အနေနဲ့ သူတို့ရဲ့ ပထမဆုံး Band ဖြစ်တဲ့ Redmi Band ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီ Redmi Band ကတော့ နိုင်ငံတကာဈေးကွက်ထဲမှာ Mi Band 4C အနေနဲ့ထွက်ရှိလာခဲ့ပါတယ်။  အခုမှာတော့ Band ကိုသဘောမကျတဲ့သူတွေအတွက် Redmi ဟာ  Smartwatch တစ်ခုကို မကြာခင်မှာထုတ်ဖို့ ပြင်ဆင်နေတယ်လို့ Digital Chat Station ရဲ့ပြောကြားချက်အရသိရပါတယ်။ 

Xiaomi ဟာလည်း အရင်နှစ် နိုဝင်ဘာလတုန်းက Xiaomi Mi Watch ကိုမိတ်ဆက်ခဲ့ပါသေးတယ်။ ထိုမိတ်ဆက်ပွဲအပြီးမှာတော့  Redmi general manager Lu Weibing ဟာ Weibo မှာ Redmi ကနေ Smartwatch တစ်ခုထွက်လာဖို့ရှိနေကြောင်း အရိတ်အမြွတ်ပေးခဲ့ပါသေးတယ်။  ဒီသတင်းထွက်ပြီး မကြာခင်မှာပဲ Smartwatch လို့နာမည်ပေးထားတဲ့ Redmi product အသစ်ရဲ့  Certification တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

အခုထွက်လာတဲ့ သတင်းတွေအရဆို  Redmi Smartwatch ဟာ ဈေးကွက်ထဲကိုရောက်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခန့်မှန်းထားရပေမယ့်လည်း Redmi Watch / Redmi Smartwatch ဟာ ဘယ်လိုပုံစံရှိလဲဆိုတာနဲ့ ဘယ်လို Features တွေပါဝင်လာမလဲဆိုတာကိုတော့မသိရသေးပါဘူး။ သေချာတာကတော့ Redmi Watch / Redmi Smartwatch ဟာ  Xiaomi Mi Watch ထက်ပိုဈေးသက်သာလာနိုင်ပါတယ်။ 

ဒီလ August ပထမအပတ်လောက်မှာ  Redmi ဟာ အနေနဲ့ Dimensity 1000+ သုံးထားတဲ့ ဖုန်းကိုမိတ်ဆက်ဖို့ ကောလဟလတွေထွက်ထားတာမလို့ Redmi Smartwatch ဟာလည်း  Dimensity 1000+ သုံးထားတဲ့ ဖုန်း (K30 Ultra 5G ဖြစ်လာနိုင်) နဲ့အတူထွက်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။

ထွက်လာရင်တော့ Smartwatch တွေထဲမှာ နာမည်ရလာနိုင်ပါ့မလား?? 

Ref : Bgr

Author