မကြာသေးခင်က Weibo မှာထွက်ခဲ့တဲ့ Leak သတင်းတွေအရ Xiaomi အနေနဲ့ High Refresh Rate နဲ့ Features အသစ်တွေပါလာမယ့် Budget ဖုန်းတစ်လုံးကိုထုတ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။ ဒီဖုန်းဟာ Redmi Note 9 High-end version ဆိုတဲ့နာမည်နဲ့ထွက်လာမှာပဲဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် Redmi Note 9 Series ကလည်း K30 Series လို နာမည်အမျိုးမျိုးနဲ့ ဖုန်း Models အစုံပါလာဖို့ ခန့်မှန်းရပါတယ်။

လက်ရှိ Redmi Note 9 Series ထဲမှာ Mid-range ဖုန်းတွေပဲပါဝင်ပေမယ့်လည်း ဒီ Redmi Note 9 High-end version ကတော့ High End ဆိုတဲ့အတိုင်းဈေးက Mid-range ‌ဈေးထက် ပိုများလာနိုင်ပါတယ်။ ဈေးများလာတာနဲ့အညီ ဖုန်းမှာ Adaptive LCD Screen 120Hz Refresh Rate အထိထောက်ပံ့ပေးလာမယ်မယ်လို့သိရပါတယ်။ Adaptive Screen ဖြစ်သွားတဲ့အတွက် refresh rate မှာ 30Hz ကနေ 120Hz ကြား ကျွန်တော်တို့စိတ်ကြိုက် Refresh Rate ကိုရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Games တွေဆော့တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ Gaming Experience ရစေဖို့ 120Hz refresh rate ဒါမှမဟုတ် 90Hz Refresh Rate ကိုဖွင့်ဆော့လို့ရပြီး ပုံမှန်အခြေအနေတွေမှာ ဖုန်းအားပိုသက်သာစေဖို့ 60Hz ဒါမှမဟုတ် 30Hz ကိုရွေးလို့ရမှာပဲဖြစ်ပါတယ်။ 

Redmi Note 9 High-end version ရဲ့ Specs တွေအနေနဲ့ ဖုန်းမှာ 2400 x 1080 pixels resolution  ရှိတဲ့  6.67-inch 2.5D Dot display ပါလာဖို့ရှိနေပြီး Camera အတွက်တော့ 108 MP main camera Samsung ISOCELL HM2 sensor ပါလာမယ်လို့သိရပါတယ်။ Performance မှာတော့ Snapdragon 750G Chipset နဲ့အားဖြည့်ပေးလာနိုင်ပြီး Battery မှာ 33W Fast Charging ထောက်ပံ့ပေးထားတဲ့ 4800mAh battery နဲ့ပါလာမယ်လို့သိထားရပါတယ်။ 

Ref : Gizmochina

Author