မကြာသေးခင်က Xiaomi အနေနဲ့ Redmi Note 9 5G Series အသစ်ကိုထုတ်လာတော့မယ့်အကြောင်းLeak သတင်းတွေထွက်ခဲ့ပါတယ်။ အခုမှာတော့ ဒီ Redmi Note 9 5G Series ထွက်လာမယ့် ရက်အတိအကျထွက်ပေါ်လာခဲ့ပါပြီ။ ဒီသတင်းကိုတော့ Weibo ရဲ့ နာမည်ကြီး Leaker တစ်ဦးကတင်ခဲ့တာပဲဖြစ်ပါတယ်။ သူတင်ထားတဲ့ Post အရ Redmi Note 9 5G Series ကိုလာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့မှာမိတ်ဆက်လာတော့မယ်လို့သိရပါတယ်။  

Note 9 Pro 5G

ဒီ Redmi Note 9 5G Series ထဲမှာ Redmi Note 9 5G ၊ Redmi Note 9 Pro 5G နဲ့ 4G Version ပါလာမယ်လို့သိရပါတယ်။ တစ်ခြားSpecs တွေအနေနဲ့..

Redmi Note 9 5G မှာ 6.53-inch IPS LCD FHD+ display ၊  48-megapixel triple rear shooters ၊ 13-megapixel front camera ၊ 22.5W fast charging ထောက်ပံ့ပေးထားတဲ့ 5,000mAh battery ပါဝင်လာဖို့ရှိနေပါတယ်။ Note 9 Pro 5G မှာတော့ 6.67-inch IPS LCD FHD+ 120Hz screen ၊ 108-megapixel triple camera ၊ 16-mgeapixel front camera နဲ့ 33W rapid charging ထောက်ပံ့ပေးထားတဲ့ 4,820mAh battery ပါဝင်လာဖို့ရှိနေပါတယ်။ Performance အတွက်တော့ Redmi Note 9 5G မှာ Dimensity 800U Chip ၊ Redmi Note 9 Pro 5G မှာ Snapdragon 750G Chip ဆိုပြီး အသီးသီးအားဖြည့်ပေးလာမှာပါ။

Redmi Note 9

4G Version ဖြစ်တဲ့ Model မှာတော့ 6.53-inch IPS LCD FHD+ display ၊ Snapdragon 662 Chip , 48-megapixel triple shooters ၊ 8-megapixel selfie camera နဲ့ 2.5W fast charge ထောက်ပံ့ပေးထားတဲ့ 6,000mAh battery ကိုသုံးပေးလာဖို့ရှိနေပါတယ်။

ဈေးနှုန်းအနေနဲ့

Redmi Note 9 5G – 999 Yuan (~$152) (မြန်မာငွေ ၂ သိန်းဝန်းကျင်) 

Redmi Note 9 Pro 5G – 1,499 Yuan (~$228) (မြန်မာငွေ ၃ သိန်းဝန်းကျင်) ဆိုပြီးကျသင့်လာမှာပါ။ 4G Version ရဲ့ဈေးကတော့ထွက်ထားခြင်းမရှိသေးပါဘူး။ 

ကဲ.. အပေါ်က Specs တွေနဲ့ ဈေးနှုန်းတွေမှန်မမှန်သိရဖို့ လာမယ့်   နိုဝင်ဘာ ၂၄ရက်နေ့ Event ကိုစောင့်မျှော်ကြည့်ရှုလိုက်ရအောင်…

Ref : Gizmochina

Author