မကြာသေးခင်က Xiaomi အနေနဲ့ Redmi Note 9 5G Series အသစ်ကိုထုတ်လာတော့မယ့်အကြောင်း ကောလဟလတွေ ၊ သတင်းတွေအစုံထွက်ခဲ့ပါတယ်။ အခုမှာတော့ Xiaomi ကနေ Redmii Note 9 series အသစ် ကိုတရုတ်မှာ တရားဝင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီ Redmi Note 9 Series ထဲမှာဆို Redmi Note 9 Pro 5G ၊  Redmi note 9 5G ၊ Redmi Note 9 4G စတဲ့ ဖုန်း Model ၃မျိုးပါဝင်ထားပါတယ်။ 

ဆိုတော့ဖုန်းတွေမှာဘယ်လိုစိတ်ဝင်စားဖို့ကောင်းနဲ့ Specs တွေနဲ့ထွက်လာလဲ?

အောက်မှာတစ်ချက်လေ့လာကြည့်လိုက်ရအောင်…

Redmi Note 9 Pro 5G

Redmi Note 9 Series မှာ Main Product လို့ပြောရမယ့် Redmi Note 9 Pro 5G မှာဆိုရင် FHD+ resolution ( 2400 x 1080 pixels) ရှိတဲ့ 6.67-inch LCD display ကိသုံးပေးထားပြီး ဒီ Display ဟာ 120Hz refresh rate နဲ့  240Hz touch sampling rate ကိုထောက်ပံ့ပေးထားပါတယ်။ Display မှာထူးခြားသွားတာကတော့ eye protection mode 3.0, step-less color temperature adjustment, sunscreen 3.0 လိုမျိုး Features တွေအစုံပါလာတာပါပဲ။၊ 

Performance အတွက်တော့ ဖုန်းမှာ  Snapdragon 750G Chipset အသစ်နဲ့အားဖြည့်ပေးထားပါတယ်။ဒီ Chipset ဟာဆိုရင်  Snapdragon 768G ၊ Snapdragon 765G စတဲ့ Chipset တွေနဲ့ယှဉ်လိုက်ရင် CPU Performance မှာသိသိသာသာတိုးတက်လာပါတယ်။ 

Chipset ရဲ့ Specs တွေအနေနဲ့ Snapdragon 750G 5G ဟာ 8nm Process အပေါ်အခြေခံထားတဲ့ Chipset တစ်ခုပြီး သူ့မှာ Kryo 570 performance CPU အသစ်ပါဝင်လာပါတယ်။ ဒီ Kryo 570 CPU ဟာ Cortex-A77 မှာပဲအခြေခံထားပြီး Clock Speed အနေနဲ့  2.2GHz ရှိပါတယ်။ ဒီ CPU ဟာ SD 730G ထက် Performance မှာ  ၂၀ % အထိပိုတိုးတက်သွားပါတယ်။ 

GPU အတွက်တော့ S730G GPU ထက် ၁၀ %  ပိုမြန်တဲ့ Adreno 619 GPU ကိုထည့်ပေးထားပါတယ်။ နောက်ထပ် GPU drivers, HDR HDR gaming content, Game Color Plus စတဲ့ Features တွေပါတဲ့  Snapdragon Elite Gaming လည်းပါဝင်ထားပါတယ်။ ဒီ Chipset ရဲ့ အပူကိုထိန်းပေးနိုင်ဖို့ ဖုန်းအတွင်းပိုင်းမှာ three-dimensional liquid cooling system ကိုလည်းထည့်ပေးထားပါသေးတယ်။ ဒါကြောင့် ဒီ  Snapdragon 750G 5G နဲ့ Redmi Note 9 Pro 5G ဟာ Gamers တွေအတွက် တော်တော်လေးအဆင်ပြေမယ့်ဖုန်းလို့ပြောလို့ရပါတယ်။ 

Camera အတွက် Redmi Note 9 Pro 5G မှာ 108-megapixel camera sensor Samsung HM2 အသစ်ကိုပထမဆုံးသုံပေးထားပြီး 8-megapixel ultra-wide-angle lens ၊  2-megapixel macro lens ၊ 2-megapixel portrait depth-of-field lens တို့နဲ့တွဲပေးထားပါတယ်။ ဒီမှာ108-megapixel camera Samsung HM2  sensor  အသစ်ဟာ အရင် Xiaomi CC9 Pro ထက်  Camera Speed မှာ 3.8 ဆ ပိုမြန်သွားပြီး ပိုကောင်းတဲ့ 108MP ပုံတွေကိုထုတ်ပေးနိုင်မယ်လို့ Xiaomi ကဆိုထားပါတယ်။  Selfie အတွက်တော့ 16MP sensor ကိုတပ်ဆင်ပေးထားပါတယ်။

Battery မှာတော့  33W fast charging ထောက်ပံ့ပေးထားတဲ့ 4,820 mAh battery ကိုသုံးပေးထားပါတယ်။ 33W Fast Charging ကြောင့် 0% to 100% ကိုတစ်နာရီအတွင်းမှာဖြည့်ပေးနိုင်မယ်လို့ Xiaomi ကဆိုထားပါတယ်။ တစ်ခြား Features တွေအနေနနဲ့ Wi-Fi 802.11 a/b/g/n/ac, dual-band ၊ Bluetooth 5.1 ၊ NFC ၊  IR blaster. ၊ linear motor ၊ 3.5mm headphone jack နဲ့ stereo speakers တို့ပါဝင်ထားပါတယ်။

Redmi Note 9 5G

Redmi Note 9 5G မှာတော့ 1080p+ resolution ရှိတဲ့ 6.53” LCD Display ကိုသုံးပေးထားပါတယ်။ သူ့မှာတော့ ရိုးရိုး 60hz Refresh Rate ပဲထောက်ပံ့ပေးထားပါတယ်။ ဒီ Display  ကို Gorilla Glass 5 နဲ့ကာကွယ်ပေးထားပါတယ်။ ဖုန်းရဲ့ Performance အတွက်တော့ MediaTek Dimensity 800U chipset နဲ့အားဖြည့်ပေးထားပါတယ်။ ဒီ Chipset ရဲ့ Performance ကတော့ အရင်က Redmi Note 8 မှာသုံးထားတဲ့ Chipset ထက် နှစ်ဆ ပိုမြန်တယ်လို့ Xiaomi ကဆိုထားပါတယ်။ 

Camera မှာ   48MP sensor (1/2”, 1.6µm pixels after 4-in-1 binning)  8MP ultrawide (118°) camera နဲ့ 2MP macro camera တို့ပါတဲ့ Triple Camera ကိုတပ်ဆင်ပေးထားပါတယ်။ ဒီမှာ Main 48MP Camera ဟာ Note 9 Pro လိုပဲ 30fps 4K Videos တွေကိုရိုက်ပေးနိုင်ပါတယ်၊ selfie camera အတွက်တော့ 13MP Camera  ကိုသုံးပေးထားပါတယ်၊

ဖုန်းရဲ့  Battery ကတော့ 5,000mAh battery ဖြစ်သွားပြီး 18W Fast Charging ကို ထောက်ပံ့ပေးထားပါတယ်။ သူ့မှာလည်း  Note 9 Pro လို 3.5mm headphone jack၊  stereo speakers,linear motor တို့ပါဝင်ထားပါတယ်။

Redmi Note 9 4G

Redmi Note 9 4G မှာလည်း Redmi Note 9 5G လို 1080p+ resolution ရှိတဲ့ 6.53” LCD Display ကိုသုံးပေးထားပါတယ်။  Refresh Rate ကတော့ ရိုးရိုး 60hz Refresh Rate ပဲပါပါတယ်။  ဒီ Display  ကို Gorilla Glass 3 နဲ့ပဲ ကာကွယ်ပေးထားပါတယ်။ 

Performance အတွက်တော့ ဖုန်းမှာ Snapdragon 662 chipset ကို  အမြင့်ဆုံး 6GB RAM ၊ 128GB of UFS 2.2 storage နဲ့တွဲပေးထားပါတယ်။ 

Camera မှာလည်း  Redmi Note 9 5G လို  48MP sensor ၊ 8MP ultrawide (118°) camera နဲ့ 2MP macro camera တို့ပါတဲ့ Triple Camera ကိုပဲသုံးပေးထားပါတယ်။ဒီမှာ Video Recording ပိုင်းကတော့ 1080p Video တွေကို 30fps မှာပဲရိုက်ပေးနိုင်ပါတော့တယ်။ selfie camera အတွက်တော့ 8MP Camera  ကို Punch-hole ထဲမှာထည့်ပေးထားပါတယ်။

Redmi Note 9 4G ရဲ့ အဓိက Highlight ဖြစ်တဲ့ Battery မှာတော့ 18W Fast Charging ထောက်ပံ့ပေးထားတဲ့  6,000mAh Battery ကိုသုံးပေးထားပါတယ်။ ဒီ 6,000mAh Battery ကြောင့်2 ရက်လောက်အထိ Battery Life ကောင်းကောင်းရမယ်လို့ Xiaomi ကဆိုထားတယ်။ 

တစ်ခြား Features တွေအနေနနဲ့   Redmi Note 9 Pro 5G နဲ့   Redmi Note 9 5G တို့လိုပဲ 3.5mm headphone jack၊  stereo speakers တို့ပါဝင်ထားပါတယ်? ဈေးနည်းနည်းနဲ့ stereo speakers ထည့်ပေးထားတာက တော်တော်လေးအားရစရာပါပဲ။ 

Redmi Note 9 Pro ၊ Redmi Note 9 5G ၊ Redmi NOTE 9 4G တို့ရဲ့ ဈေးနှုန်းတွေအနေနဲ့ 

Redmi Note 9 Pro 5G ဟာ 

6GB+128GB variant – CNY 1599 ($243) (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်)

8GB+128GB varian – CNY 1799 ($273) (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်)

8GB+256GB variant – CNY 1999 ($304)( မြန်မာငွေ ၄ သိန်း ဝန်းကျင်) 

Redmi Note 9 5G ဟာ

6GB+128GB variant – CNY 1299 ($197) (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်)

8GB+128GB variant – CNY 1499 ($227) ( မြန်မာငွေ ၃ သိန်း ဝန်းကျင်) 

8GB+256GB variant – CNY 1699 ($258) (မြန်မာငွေ ၃ သိန်း ခွဲ ဝန်းကျင်) ဆိုပြီးအသီးသီးကျသင့်လာမှာပါ။

နောက်ဆုံး Redmi Note 9 4G ကတော့

4GB+128GB variant – CNY 999 ($151) (မြန်မာငွေ ၂ သိန်း ဝန်းကျင်) 

6GB+128GB variant – CNY 1099 ($167) (မြန်မာငွေ ၂ သိန်း ၂ သောင်းဝန်းကျင်)

8GB+128GB variant – CNY 1299 ($197) (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်)

8GB+256GB variant – CNY 1499 ($227) ( မြန်မာငွေ ၃ သိန်း ဝန်းကျင်) ဆိုပြီး လေးမျိုးရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။

Author