Xiaomi အနေနဲ့ ဈေးကွက်ထဲမှာစမတ်ဖုန်းတော်တော်များများကို မိတ်ဆက်ထားတာကိုစာဖတ်သူတို့ အားလုံးသိပြီးဖြစ်မှာပါ။ နောက်ထပ် Mi 10T Series ကိုလည်း ထုတ်လာဖို့ သတင်းတွေထွက်ထားပါတယ်။

Mi 10T Series ကတော့ Flagship ဖုန်းတွေအနေနဲ့ထွက်လာမှာပါ။ အခုမှာလည်း Xiaomi အနေနဲ့ ဈေးကွက်ထဲမှာ ဈေးသက်သာတဲ့ 5G ဖုန်းတစ်လုံးကို မိတ်ဆက်လာတော့မယ်လို့ သတင်းတွေထွက်လာပါတယ်။

Model နံပါတ် M2007J22C  ရှိတဲံ့ ဒီဖုန်းအသစ်ဟာ Network Access ရကြောင့် Weibo မှာ ထွက်လာတာပဲဖြစ်ပါတယ်။ ဒီဖုန်းဟာ Redmi Note 10 ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

နောက်ပြီး ဖုန်းမှာ MediaTek Dimensity 820 SoC နဲ့အားဖြည့်ပေးလာဖို့ရှိနေတယ်လို့ သတင်းတွေထွက်ထားပါသေးတယ်။ ဒီ MediaTek Dimensity 820 SoC ဟာဆိုရင် Redmi 10X 5G and Redmi 10X Pro 5G တို့မှာသုံးထားတဲ့ Chip တစ်ခုဖြစ်တဲ့အပြင် Mid-range ထဲမှာ စွမ်းဆောင်ရည်တော်တော်လေးမြင့်တဲ့ Chip လည်းဖြစ်ပါတယ်။ အရင်က Redmi Note 9  မှာတော့ Gaming အသားပေး Helio G85 Chipset နဲ့အားဖြည့်ပေးထားပါတယ်။ နောက်ထပ်ပေါက်ကြားမှုတွေအရ

ဖုန်းမှာ  8GB of RAM နဲ့ Android 10 ပါလာမယ်လို့သိထားရပါတယ်။ 

ဒီ Redmi Note 10 မှာ Pro Model ပါထွက်လာဖို့မျှော်လင့်ရပါတယ်။ High Refresh Rate တွေကလည်း ဖုန်းတိုင်းလိုလိုမှာပါလာတာမလို့ ဖုန်းမှာ အနည်းဆုံး 90hz Refresh Rate တော့ပါလာနိုင်ခြေရှိပါတယ်။ ဖုန်းရဲ့ဈေးကတော့ တရုတ်ယွမ် 1,000 ( မြန်မာငွေ ၂ သိန်းဝန်းကျင်) လောက်ရှိလာနိုင်ပါတယ်။

လောလောဆယ်တော့ ဖုန်းနဲ့ပတ်သက်ပြီး ဘယ်အချက်ကိုမှသေချာမသိရသေးပါဘူး။ နောက်ရက်တွေမှာတော့ ဖုန်းရဲ့ Specs တွေထပ်ထွက်လာနိုင်ပါတယ်။ 

Ref :Gizmochina

Redmi Note 10 တဲ့ ဘာတွေများဆန်းလာဦးမလဲ??








Ref :Gizmochina

Author