Redmi အနေနဲ့ အရင်အောက်တိုဘာလလောက်တုန်းက သူတို့ရဲ့ K30 Series ထဲက K30S ဖုန်းအသစ်ကို တရုတ်မှာမိတ်ဆက်ခဲ့ပါတယ်။ ဒီ K30S ဟာဆိုရင် K30 Series ကိုအဆုံးသတ်လိုက်တဲ့ဖုန်းဆိုရင်လည်းမမှားပါဘူး။  အခုမှာတော့ ဒီ K30 Series နေရာမှာအစားထိုးလာတော့မယ့် K40 Series ရဲ့ Specs တစ်ချို့ ထွက်ပေါ်လို့လာခဲ့ပါပြီ။ 

ဒီ Specs တွေကိုတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Shared ခဲ့တာပဲဖြစ်ပါတယ်။  Digital Chat Station အရ Redmi K40 Series ထဲမှာ  K40 နဲ့ K40 Pro  ပါလာဖို့ရှိနေတယ်လို့သိထားရပါတယ်။ နောက်ထပ်  K40 Series မှာ 120Hz refresh rate ထောက်ပံ့ပေးထားတဲ့ OLED display ကိုသုံးပေးလာမယ်လို့ ဖော်ပြထားပါသေးတယ်။ 

တစ်ခြား Specs တွေအနေနဲ့ K40 မှာ Qualcomm ကနေမိတ်မဆက်ရသေးတဲ့ Qualcomm Snapdragon 775G နဲ့အားဖြည့်ပေးလာဖို့ရှိနေပြီး K40 Pro မှာတော့ Qualcomm Snapdragon 875 flagship chipset ကိုသုံးပေးလာဖို့ရှိနေပါတယ်။ ဒီ Qualcomm Snapdragon 875 flagship chipset နဲ့  Snapdragon 775G  ကိုတော့လာမယ့် December လမှာမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ 

အခုလက်ရှိမှာ Redmi K30 series ဟာ Redmi ထဲမှာ အအောင်မြင်ဆုံး Series တစ်ခုဖြစ်နေတာမို့လို့ K40 40 Series ဟာလည်း K30 Series လို အောင်မြင်လာဖို့ကသေချာသလောက်ရှိနေပါတယ်။ ဒီ K40 Series ကိုတော့ ဒီနှစ်ကုန် အချိန် December လောက်မှသာ မိတ်ဆက်လာဖို့ရှိနေပါတယ်။ 

Ref: Gizmochina

Author