Redmi အနေနဲ့ မကြာသေးခင်က သူတို့ရဲ့ K30 Series ထဲက K30S ဖုန်းအသစ်ကို တရုတ်မှာမိတ်ဆက်ခဲ့ပါတယ်။ ဒီ K30S ဟာဆိုရင် K30 Series ကိုအဆုံးသတ်လိုက်တဲ့ဖုန်းဆိုရင်လည်းမမှားပါဘူး။  အခုမှာတော့ K40  လို့ခန့်မှန်းရတဲ့ ဖုန်းတစ်လုံး China  certification မှာထွက်ပေါ်လို့လာခဲ့ပါပြီ။ 

ဒီ Certification အရ K40 မှာ Qualcomm ကနေမိတ်မဆက်ရသေးတဲ့ Snapdragon SoC နဲ့အားဖြည့်ပေးလာဖို့ရှိနေတယ်လို့ဖော်ပြထာပါတယ်။ အရင်ကထွက်ထားတဲ့သတင်းတွေအရ ဒီ Chipset ဟာ  Qualcomm Snapdragon 775G ဖြစ်လာမယ်လို့သိရပါတယ်။ ဒီ Qualcomm Snapdragon 775G ကိုတော့လာမယ့် December လမှာ Snapdragon 875 Chipset နဲ့အတူမိတ်ဆက်လာဖို့ရှိနေပါတယ်။ ဒီမှာ Snapdragon 875 Chipset ကတော့ K40 Pro အတွက်ဖြစ်လာမှာပါ။ 

အခုလက်ရှိမှာ Redmi K30 series ဟာဆိုရင် Redmi ထဲမှာ အအောင်မြင်ဆုံး Series တစ်ခုဖြစ်နေတာမို့လို့ K40 40 Series ဟာလည်း K30 Series လို အောင်မြင်လာဖို့ကသေချာသလောက်ရှိနေပါတယ်။ ဒီ K40 Series ကိုတော့ ဒီနှစ်ကုန် အချိန် December လောက်မှသာ မိတ်ဆက်လာဖို့ရှိနေပါတယ်။

ကဲ K40 Series မှာဘယ်လို Features တွေကိုမြင်ချင်လဲ?? 

Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Ref : Gizchina

Author