(Unicode)

Apple အနေနဲ့ ကမ္ဘာ့ပထမဆုံး 5nm Chip ဖြစ်တဲ့ Apple A14 Chip ကိုမိတ်ဆက်ခဲ့ပြီးနောက် ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတော်တော်များများဟာ သူတို့ရဲ့ Android Flagships ဖုန်းတွေမှာ Qualcomm ရဲ့ 5nm Flagship ကို သုံးလာတော့မယ်လို့ ကြေညာလိုက်ပါပြီ။ ဒီကုမ္ပဏီတွေထဲက Redmi ကလည်း 5nm Chip နဲ့ဖုန်းတစ်လုံး ကိုထုတ်ဖို့ရှိနေတယ်လို့ Redmi ရဲ့ General Manager တစ်ဦးဖြစ်တဲ့ Lu Weibing က Weibo မှာ Post တင်ပြီး ကြေညာလိုက်ပါပြီ။

ဒီ 5nm Chip ဟာ Qualcomm ရဲ့  Snapdragon 875 Chip ဖြစ်လာနိုင်ပြီး 2021 အစောပိုင်းမှာမိတ်ဆက်လာမယ်လို့သိရပါတယ်။ ဒီ SD 875 ကို ပထမဆုံးသုံးလာမယ့် ဖုန်းဟာလည်း Q1 2021 မှာထွက်လာနိုင်ပါတယ်။ ကောလဟလတွေမှာတော့  Xiaomi နဲ့ Vivo ဟာ ဒီ Chip ကိုပထမဆုံးသုံးလာမယ်လို့ သိထားရပါတယ်။ 

ဆိုတော့ ဒီ 5 nm Chip နဲ့ Redmi ဖုန်းဟာ ဘယ်ဖုန်းများဖြစ်လာနိုင်လဲ?

နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station  အရ ဒီဖုန်းဟာ Redmi K40 Pro ဖြစ်လာမယ်လို့သိရပါတယ်။နောက်ပြီး ဖုန်းဟာ SD875 ကိုသုံးလာမယ့် ပထမဆုံး Redmi ဖုန်းလည်းဖြစ်လာမယ်လို့သိရပါတယ်။ 

အရင်တုန်းကထွက်ထားတဲ့ ကောလဟလတွေအရ Redmi အနေနဲ့ K40 ကို ဒီနှစ်ကုန်လောက်မှာမိတ်ဆက်လာဖို့ရှိနေပြီး  K40 Pro ကတော့ Q1 2020 မှာထွက်လာမယ်လို့သိထားရပါတယ်။ K40 မှာ Snapdragon 775 Chip အသစ် ၊ Full-Screen Display ၊ Rapid Charger နဲ့ ပိုကောင်းတဲ့ Camera ပါလာဖို့ခန့်မှန်းရပါတယ်။ 

နောက်ထပ် Xiaomi အနေနဲ့  Xiaomi Mi 20 (or Mi 11) Series ကို Feb 2021 မှာကျင်းပလာမယ့် တရုတ် Spring Festival ( တရုတ်နှစ်သစ်ကူးပွဲတော်) မတိုင်ခင်မှာ မိတ်ဆက်လာနိုင်ပါတယ်။  K40 Pro ကတော့ March လမှသာမိတ်ဆက်လာဖို့ခန့်မှန်းရပါတယ်။  လောလောဆယ်မှာတော့ K40 နဲ့ K40 Pro ဖုန်းတွေရဲ့ တစ်ခြား Specs အပြည့်အစုံကိုတော့သေချာသိထားရခြင်းမရှိပါဘူး။ 

Ref : Gizmochina

Redmi K40 Pro မှာ Snapdragon 875 Chip ပါလာမယ်…

(Zawgyi)

Apple အေနနဲ႔ ကမာၻ႔ပထမဆုံး 5nm Chip ျဖစ္တဲ့ Apple A14 Chip ကိုမိတ္ဆက္ခဲ့ၿပီးေနာက္ ဖုန္းထုတ္လုပ္တဲ့ကုမၸဏီေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ Android Flagships ဖုန္းေတြမွာ Qualcomm ရဲ႕ 5nm Flagship ကို သုံးလာေတာ့မယ္လို႔ ေၾကညာလိုက္ပါၿပီ။ ဒီကုမၸဏီေတြထဲက Redmi ကလည္း 5nm Chip နဲ႔ဖုန္းတစ္လုံး ကိုထုတ္ဖို႔ရွိေနတယ္လို႔ Redmi ရဲ႕ General Manager တစ္ဦးျဖစ္တဲ့ Lu Weibing က Weibo မွာ Post တင္ၿပီး ေၾကညာလိုက္ပါၿပီ။

ဒီ 5nm Chip ဟာ Qualcomm ရဲ႕  Snapdragon 875 Chip ျဖစ္လာႏိုင္ၿပီး 2021 အေစာပိုင္းမွာမိတ္ဆက္လာမယ္လို႔သိရပါတယ္။ ဒီ SD 875 ကို ပထမဆုံးသုံးလာမယ့္ ဖုန္းဟာလည္း Q1 2021 မွာထြက္လာႏိုင္ပါတယ္။ ေကာလဟလေတြမွာေတာ့  Xiaomi နဲ႔ Vivo ဟာ ဒီ Chip ကိုပထမဆုံးသုံးလာမယ္လို႔ သိထားရပါတယ္။ 

ဆိုေတာ့ ဒီ 5 nm Chip နဲ႔ Redmi ဖုန္းဟာ ဘယ္ဖုန္းမ်ားျဖစ္လာႏိုင္လဲ?

နာမည္ႀကီး Leaker တစ္ဦးျဖစ္တဲ့ Digital Chat Station အရ ဒီဖုန္းဟာ Redmi K40 Pro ျဖစ္လာမယ္လို႔သိရပါတယ္။ေနာက္ၿပီး ဖုန္းဟာ SD875 ကိုသုံးလာမယ့္ ပထမဆုံး Redmi ဖုန္းလည္းျဖစ္လာမယ္လို႔သိရပါတယ္။

အရင္တုန္းကထြက္ထားတဲ့ ေကာလဟလေတြအရ Redmi အေနနဲ႔ K40 ကို ဒီႏွစ္ကုန္ေလာက္မွာမိတ္ဆက္လာဖို႔ရွိေနၿပီး  K40 Pro ကေတာ့ Q1 2020 မွာထြက္လာမယ္လို႔သိထားရပါတယ္။ K40 မွာ Snapdragon 775 Chip အသစ္ ၊ Full-Screen Display ၊ Rapid Charger နဲ႔ ပိုေကာင္းတဲ့ Camera ပါလာဖို႔ခန႔္မွန္းရပါတယ္။ 

ေနာက္ထပ္ Xiaomi အေနနဲ႔  Xiaomi Mi 20 (or Mi 11) Series ကို 

 Feb 2021 မွာက်င္းပလာမယ့္ တ႐ုတ္ Spring Festival ( တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္) မတိုင္ခင္မွာ မိတ္ဆက္လာႏိုင္ပါတယ္။  K40 Pro ကေတာ့ March လမွသာမိတ္ဆက္လာဖို႔ခန႔္မွန္းရပါတယ္။  ေလာေလာဆယ္မွာေတာ့ K40 နဲ႔ K40 Pro ဖုန္းေတြရဲ႕ တစ္ျခား Specs အျပည့္အစုံကိုေတာ့ေသခ်ာသိထားရျခင္းမရွိပါဘူး။ 

Ref : Gizmochina

Author