K30S နဲ့ပတ်သက်ပြီး အရင်ကတည်းက Leaked သတင်းအစုံထွက်ခဲ့တာကို စာဖတ်သူအားလုံးသိပြီးဖြစ်မှာပါ။ အခုမှာတော့ ဒီ Redmi K30S ရဲ့တရား၀င်မိတ်ဆက်လာမယ့်ရက်ဟာ Weibo မှာ‌ထွက်ပေါ်လို့လာခဲ့ပါပြီ။ Weibo ပေါ်က Post အရ Redmi K30S ဟာ Oct. 27 ‌ေန့မှာတရား၀င်မိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ဒီ Redmi K30S ဟာ Xiaomi Mi 10 T ကိုမှ နာ‌မည်ပြောင်းပြီးထွက်လာမှာပါ။

Specs တွေအနေနဲ့…

Redmi K30S မှာ Full HD+ resolution ( 1080 x 2400 pixel) ရှိတဲ့ 6.67 inches LTPS Display ကိုသုံးပေးလာမယ်လို့သိရပါတယ်။ ဒီ Display မှာ Mi 10T လိုပဲ 144Hz Refresh Rate ပါလာမှာပါ။Performance အတွက်တော့ Snapdragon 865 Flagship Chipset နဲ့အားဖြည့်ပေးလာမှာဖြစ်ပြီး 6GB ၊ 8 GB ၊ 12 GB RAM၊ 128 GB ၊ 256 GB နဲ့ 512 GB storage တို့နဲ့တွဲပေးလာမှာပါ။ ဒီမှာ microSD card slot တော့ပါလာတော့မဟုတ်ပါဘူး။

Battery အတွက်တော့ 33W fast Charging ထောက်ပံ့ပေးထားတဲ့ 5,000mAh Battery ကိုသုံးပေးလာဖို့ရှိနေပါတယ်။‌ ဈေးအနေနဲ့ K30S ဟာ Mi 10 T ထက်ပိုသက်သာတဲ့နေထွက်လာနိုင်ပါတယ်။ ခန့်မှန်းခြေ ၅ သိန်း၀န်းကျင်ရှိလာနိုင်ပါတယ်။အရောင်အနေနဲ့ Black, Red, Blue, Pink, White, Green, Purple, နဲ့ Gray ဆိုပြီးရွေးလို့ရလာနိုင်ပါတယ်။

ကဲဖုန်းထွက်လာတော့မယ့် အောက်တိုဘာ ၂၇ ရက်နေ့ကို ရင်ခုန်လိုက်ကြအောင်…

Ref: Gizmochina

Author