Realme အနေနဲ့ လွန်ခဲ့တဲ့မေလလောက်တုန်းက သူတို့ရဲ့ပထမဆုံး Smartwatch ဖြစ်တဲ့ Realme Watch ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီ realme Watch မိတ်ဆက်ပြီးမကြာခင်မှာပဲ realme ဘက်‌ကနေWatch S Pro ကို ၂၀၂၀ နှစ်ကုန်မှာ မိတ်ဆက်လာဖို့ရှိနေတယ်လို့ ကြေညာလိုက်ပါသေးတယ်။အခုမှာ‌တော့ Realme Pakistan ရဲ့ Twitter Account ကနေကနေ non-Pro model ဖြစ်တဲ့ Realme Watch S ကို November 2 ရက်နေ့ Pakistani မှာမိတ်ဆက်လာတော့မယ် ကြေညာလိုက်ပါပြီ။

Realme Pakistan ရဲ့ Tweet ထဲမှာ realme Watch S ပုံနဲ့ Features တစ်ချို့ကို‌ဖော်ပြပေးထားပါတယ်။ ပုံတွေအရ realme Watch S ဟာ အရင် Realme Watch နဲ့မတူတဲ့ စက်ဝိုင်းပုံဒိုင်ခွက်နဲ့ထွက်လာမယ့်ပုံရှိနေပါတယ်။

Specs တွေအနေနဲ့ Watch S မှာ 1.3″ auto-brightness circular touchscreen ကိုသုံးပေးလာမှာဖြစ်ပြီး 15 ရက်အထိခံတဲ့ Battery ပါလာမယ်လို့သိရပါတယ်။ နောက်ထပ် Watch မှာ စုစုပေါင်း sports modes 16 ခုနဲ့ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင်တိုင်းပေးမယ့် Sensors တွေလည်းပါလာမယ်လို့သိရပါတယ်။

လက်ရှိမှာ realmr Watch S နဲ့ပတ်သက်ပြီးတစ်ခြားအချက်တွေကို တော့မသိရသေးပါဘူး။ November 2 ရက်နေ့မတိုင်ခင်တော့ ဒီ Watch S နဲ့ပတ်သက်ပြီး Specs တွေထပ်ထွက်လာနိုင်ပါတယ်။

Ref: Gizmochina

Author