အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီအနေနဲ့ Pop-up Camera တွေမသုံးဘဲ Full Screen Experience အပြည့်အဝရစေဖို့ Under-Display Camera Technology ကိုကြိုးစားထုတ်နေကြတာကို စာဖတ်သူအားလုံးသိပြီးဖြစ်မှာပါ။ ဒီ Under-Display Camera Technology ပါဝင်တဲ့ ပထမဆုံးဖုန်းကိုတော့ ZTE  ကနေမကြာသေးခင်ကထုတ်ခဲ့ပါတယ်။ ဒီဖုန်းကတော့ Axon 20 5G ပဲဖြစ်ပါတယ်။

ဒီလို ZTE ကနေ Under-Display Camera Technology ဖုန်းကိုထုတ်ပြခဲ့တာမို့လို့တစ်ခြား ကုမ္ပဏီတွေအနေနဲ့ ဒီ Under-Display Camera Technology နဲ့ဖုန်းကို မကြာခင်မှာထုတ်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီကုမ္ပဏီတွေထဲမှာဆိုရင်  OPPO နဲ့ Xiaomi လည်းအပါအဝင်ပါပဲ။ အခုမှာတော့ realme ကလည်း  Under-Display Camera Technology ထုတ်လာမယ့် ကုမ္ပဏီတွေထဲမှာပါလာတော့မယ့်အကြောင်း Tease လိုက်ပြီပဲဖြစ်ပါတယ်။ 

ဒီအကြောင်းကိုတော့ realme ရဲ့  Vice President က Weibo မှာ ဖုန်းတစ်လုံးရဲ့ပုံတင်ပြီး Tease ခဲ့တာပဲဖြစ်ပါတယ်။ ပုံထဲမှာ ဖုန်းမှာ Notch မှာမပါတဲ့ Display ကိုသုံးပေးထားတာကိုတွေ့ရမှာပါ။ ဒါ့ကြောင့်ကု မ္ပဏီအနေနဲ့ Under-Display Camera Technology နဲ့ဖုန်းကိုထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြောင်း  အရိတ်မြွတ်ပေးတဲ့ သဘောရှိနေပါတယ်။  Xu Qi ကတော့ ဒီအကြောင်းကို သေချာအတည်ပြုထားခြင်းမရှိသေးပေမယ့် Post ထဲက Comments တွေမှာ Pop-up Camera ကိုလည်းမသုံးပေးထားဘူးလို့ reply ပြန်ထားတာမို့လို့ ဒီဖုန်းဟာ Under-Display Camera Technology ဖုန်းဖြစ်လာဖို့ကသေချာသလောက်ရှိနေပါတယ်။ 

Realme ဘက်နေ သာ ဒီလို ဖုန်းမျိုးကိုသာ ဈေးကွက်ထဲကို ပစ်ချလိုက်ရင်တော့ Under-Display Camera ဖုန်းပြိုင်ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းလာမှာ အသေအချာပါပဲ..

Ref : Gizmochina

Author