realme အနေနဲ့ သူတို့ရဲ့ realme C Series ထဲက Member အသစ်တွေဖြစ်တဲ့ C11 ၊ C12 နဲ့ C15 တို့ကိုမကြာသေးခင်က India မှာမိတ်ဆက်ခဲ့ပါတယ်။  ဒီထဲက C11 နဲ့ C12 တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အခုမှာတော့ relame C17 လို့ခန့်မှန်းရတဲ့ RMX2101 ဖုန်းတစ်လုံး Geekbench မှာထွက်ပေါ်လာတာကြောင့်နောက်ထပ် realme C17 ဖုန်းအသစ်ကိုတွေ့လာရဖို့ရှိနေပါပြီဆိုတာကတော့ သေချာသလောက်ရှိနေပါပြီ။

ဒီ Geekbench စာရင်းထဲမှာဖုန်းရဲ့  Specs တစ်ချို့ကိုလည်းဖော်ပြပေးထားပါတယ်။ Specs တွေအနေနဲ့ ဖုန်းမှာ Snapdragon 460 Chip ကို 6GB RAM နဲ့တွဲပေးလာမှာပါ။ ဒီ 6GB RAM ဟာ relame C-series ထဲမှာ အများဆုံး RAM လို့ပြောလို့ရပါတယ်။ နောက်ထပ်စာရင်းထဲမှာ Single-core  253 points နဲ့ Multi Core မှာ  1,248 points ရထားကြောင်းလာကိုလည်းဖော်ပြထားပါသေးတယ်။  

အရင် realme C3 နေစပြီး C-Series ဖုန်းတွေမှာ အနည်းဆုံး 5,000 mAh ပါလာတာမလို့ ဒီ C17 မှာ 5,000 mAh Battery လောက်ကတော့ အေးအေးဆေးဆေးပါလာနိုင်ပါတယ်။ တစ်ခြား Specs တွေကိုတော့သေချာမသိရသေးမယ့် နောက်ရက်တွေမှာတော့ဖုန်းရဲ့ Spces အပြည့်အစုံထပ်ထွက်လာနိုင်ပါတယ်။ 

Ref : GSMArena

Author