realme ကတော့ သူတို့ရဲ့ realme C Series ထဲက  realme C17 အသစ်ကို Bangladesh မှာမိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံကိုရောက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီ realme C17 ဟာ realme 7i ရဲ့ယှဉ်ရင် Camera ပိုင်းမှာနိမ့်သွားတာကလွှဲပြီး ကျန်တဲ့ Specs တွေကတော့ realme 7i နဲ့အတူတူပဲဖြစ်ပါတယ်။ ပြောရရင် realme C17 ဟာ realme 7i ရဲ့  Lite Version ပါပဲ။ 

ဆိုတော့ ဖုန်းရဲ့ Specs တွေကိုသွားကြည့်လိုက်ရအောင်…

ဒီ realme C17 မှာ Punch-hole တစ်ခုပါတဲ့ 6.5-inch HD+ (720 x 1600 pixels) IPS LCD Display ကိုတပ်ဆင်ပေးထားပါတယ်။ ဒီ Display ဟာ 90Hz refresh rate ကိုထောက်ပံ့ပေးထားပြီး Brightness မှာတော့ 600 nits ထိပေးနိုင်ပါတယ်။ ဖုန်းရဲ့ကျောဘက် Design နဲ့ Body Frame ဟာ realme ရဲ့ Budget ဖုန်းတွေလိုပဲ Polycarbonate (Plastic) နဲ့ပြုလုပ်ပေးထားပါတယ်။ 

Camera မှာတော့ 13MP Primary Sensor ၊ Secondary 8MP Sensor (119° ultra-wide-angle lens)  ၊ 2MP Macro lens နဲ့ 2MP Monochrome sensor (Black And White Sensor) တို့ပါတဲ့ Quad Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။ ဒီ Camera Setup ရဲ့အောက်ခြေမှာတော့ Fingerprint Sensor တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ Selfie အတွက်တော့ Punch-hole ထဲမှာ 8MP Camera ကိုထည့်ပေးထားပါတယ်။ Camera Features တွေအနေနဲ့ Super Nightscape Mode ၊ Portrait Mode ၊ HDR ၊ AI Scene Recognition နဲ့ 30fps 1080p Video Recording တို့ကိုပါလာပါတယ်။ 

Performance အတွက်တော့ Qualcomm Snapdragon 460 11nm Chipset ကို   6GB LPDDR4X RAM ၊ 128GB UFS 2.1 internal storage ကိုတွဲပေးထားပါတယ်။ ဒီမှာ Snapdragon 460  ကိုနှိမ့်တယ်ဆိုပြီးမထင်စေချင်ပါဘူး။ အကြောင်းက သူ့ရဲ့ GPU ဟာ Snapdragon 665 မှာပါတဲ့ Adreno 610 GPU ကိုသုံးပေးထားလို့ပါ။ ဒါကြောင့်မို့လို့ Games တွေဆော့တဲ့အခါပိုမိုချောမွေ့တဲ့ Experience ကိုရမှာပဲဖြစ်ပါတယ်။ Software မှာ Android 10 အပေါ်မှာအခြေခံထားတဲ့ realme UI နဲ့ Run ပေးလာပြီး မကြာခင်မှာ Android 11 အပေါ်မှာအခြေခံထားတဲ့ realme UI 2.0 ရလာတော့မှာပဲဖြစ်ပါတယ်။ 

Battery မှာတော့ 18W Fast Charging ထောက်ပံ့ပေးထားတဲ့ 5,000 mAh ကိုတပ်ဆင်ပေးထားပါတယ်။ တစ်ခြား Features တွေအနေနဲ့ 4G LTE ၊ dual-band WiFi ၊ Bluetooth 5.0 ၊ 3.5mm headphone jack ၊ USB Type-C တို့ပါလာပါတယ်။ SD ကဒ်ကော Sim Card နှစ်ကဒ်ပါသုံးချင်တဲ့ သူတိုင်းအတွက် Triple Sim Tray ကိုလည်းထည့်ပေးလာပါတယ်။

ဈေးအနေနဲ့

Realme C17 – 6GB + 128GB storage BDT 15,990 ($189) ( မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ဆိုပြီးကျသင့်လာမှာဖြစ်ပြီး အရောင်အနေနဲ့  Navy Blue ၊ Lake Green ဆိုပြီးဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Ref : Gizmochina 

Author