ဒီနိုဝင်ဘာလအတွင်းမှာ relame အနေနဲ့ သူတို့ရဲ့  ဖုန်းအသစ်တွေဖြစ်တဲ့ realme 7  နဲ့ 7 Pro တို့ကို ကျွန်တော်တို့မြန်မာနိုင်ငံမှာမိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းတွေထွက်ထားတာမကြာသေးပေမယ့်လည်း နောက်ထပ် ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ realme 7i ကတော့ မကြာခင်မှာဈေးကွက်ထဲကိုရောက်လာတော့မှာပဲဖြစ်ပါတယ်။ 

ဆိုတော့ဖုန်းမှာဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ Specs တွေပါနေမလဲ??

အောက်မှာတစ်ချက်ကြည့်လိုက်ရအောင်…

Realme 7i Specifications

Realme 7i မှာ 6.5 inch  IPS LCD Punch-hole Display ကိုသုံးပေးထားပြီး ဒီ Display မှာ 90Hz Refresh Rate ကိုထောက်ပံ့ပေးထားပါတယ်။ 90Hz ထောက်ပံ့ပေးထားပေမယ့်လည်း Display Resolution ကတော့ 720 x 1600 pixels HD+ resolution ပဲရလာပါတော့တယ်။ ဒီ Display ကိုတော့ Gorilla Glass နဲ့ကာကွယ်ပေးထားပြီး ဖုန်းရဲ့ကျောဘက် Design ကိုတော့ Polycarbonate Material နဲ့ကာကွယ်ပေးထားပါတယ်။ 

Camera မှာတော့ Selfie အတွက်  Sony IMX471 16-Megapixel ကို Punch hole ထဲမှာထည့်ပေးထားပါတယ်။ ဒီ Selfie Camera ထဲမှာ Portrait mode ၊ Beauty Mode ၊ HDR ၊ Bokeh Effect ၊ UIS Video Stabilization နဲ့ 30fps 1080p Video Recording စတဲ့ Features တွေပါဝင်ထားပါတယ်။  

ဖုန်းရဲ့ကျောဘက် Quad Camera ထဲမှာတော့ 64-Megapixel Main Camera ၊  8-Megapixel Ultrawide sensor ၊ 2-Megapixel B&W lens နဲ့  2-Megapixel Macro Lens တို့ပါဝင်ထားပါတယ်။ ဒီ Main Camera ကလည်း Super Nightscape Mode, Portrait Mode, HDR, AI Scene Recognition, AI Scene Beauty, Cinema Mode, UIS / UIS Max Video Stabilization နဲ့ 30fps 1080p Video Recording  တို့ကိုထောက်ပံ့ပေးထားပါတယ်။ 

Performance မှာတော့ 11nm Snapdragon 662 Chip နဲ့အားဖြည့်ပေးထားပြီး  8 GB of LPPDR4x RAM ၊ 128 GB of UFS 2.1 storage နဲ့တွဲပေးထားပါတယ်။ ဒီမှာ Snapdragon 662 ကိုပဲသုံးပေးထားတာက အောက်တော့အောက်နေသလိုကြီးပါ။ Software မှာတော့ Android 10 အပေါ်အခြေခံထားတဲ့ realme UI ကို Run ပေးထားပါတယ်။

Battery အတွက် 18W Fast Charging ထောက်ပံ့ပေးထားတဲ့ 5,000 mAh Battery ပါဝင်ထားပါတယ်။ ဒီ 5,000 mAh Battery ဟာ အရင် relame 7 နဲ့ 7 Pro တို့ရဲ့ Battery ထက်ပိုများပါတယ်။ တစ်ခြား Features တွေအနေနဲ့  Dual SIM slot ၊  4G VoLTE, Wi-Fi 802.11ac ၊ Bluetooth 5.0, GPS, USB-C, a 3.5mm headphone slot ၊ Rear-Facing fingerprint sensor တို့ပါဝင်ထားပါတယ်။

ဈေးအနေနဲ့ relame 7i ဟာ

Ram 8 /128GB Storage  ကို IDR 3,199,000 (~$214) (မြန်မာငွေ သုံးသိန်းဝန်းကျင်) ကျသင့်လာမှာပဲဖြစ်ပါတယ်။ အရောင်အနေနဲ့ Polar Blue and Aurora Green ဆိုပြီး နှစ်ရောင်ရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။ 

Ref : Gizmochina

Author