OnePlus ကတော့ သူတို့ရဲ့ T Series ထဲက OnePlus8T ကို Oct. 14 ရက်နေ့မှာတရား၀င်ထုတ်လာတော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါပြီ။ ပထမဆုံး ဖုန်းဟာ Amazon India မှာပဲ စတင်၀ယ်လို့ရဦးမှာပဲဖြစ်ပါတယ်။ တရုတ်မှာတော့ Oct.15 ရက်နေ့မှ စတင်ရောင်းချလာမှာပါ။ ထုံးစံအတိုင်းဖုန်းမထွက်လာခင်မှာ ဖုန်းရဲ့ ဈေးနှုန်းတွေကတော့ ထွက်ပေါ်လို့လာခဲ့ပါပြီ။

အခုပေါက်ကြားလာတဲ့သတင်းအရ 

OnePlus 8T ဟာ ဉရောပမှာ 8 GB RAM + 128 GB storage and 12 GB RAM + 256 GB Storage ဆိုပြီး ၂မျိုးထွက်လာဖို့ ရှိနေပြီ ဈေးအနေနဲ့ 799 Euros (မြန်မာငွေ ၁၃သိန်းဝန်းကျင်  ၊ 899 Euros (မြန်မာငွေ ၁၄သိန်းဝန်းကျင်) ဆိုပြီး အသီးသီး ကျသင့်လာမယ်လို့ သိရပါတယ်။ ဒီဈေးဟာဆိုရင် OnePlus 8 နဲ့ယှဉ်ရင်100 Euro ပိုပြီးများနေပါတယ်။

OnePlus အနေနဲ့ သူတို့ရဲ့ T Series ထဲမှာ ဖုန်းနှစ်လုံးစီ မိတ်ဆက်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ OnePlus 8T ကိုပ‌ဲမိတ်ဆက်လာတော့မယ်လို့အရင်သတင်းတွေအရသိရပါတယ်။ OnePlus 8T Pro ကိုတွေ့လာရဦးမှာ မဟုတ်ပါဘူး။

One Plus 8T Specifications (ကောလဟလသာ)

OnePlus 8T မှာ 120Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ 6.55-inch FHD+ S-AMOLED Display ကိုသုံးပေးလာဖို့ရှိနေပြီး ဒီ Display 32MP Punch-hole Selfie Camera ပါလာမယ်လို့သိထားရပါတယ်။ Performance အတွက်လက်ရှိ Flagship ဖုန်း‌ေ‌တွမှာ အားဖြည့်ပေးထားတဲ့  Qualcomm Snapdragon 865 Chipset နဲ့ အားဖြည့်လာဖို့ရှိနေပါတယ်။

Camera မှာတော့  48MP (wide) + 16MP (ultra-wide) + 5MP (macro) + 2MP (depth ) တို့ပါတဲ့ Quad Camera ကိုတပ်ဆင်ပေးလာနိုင်ပြီး Battery အတွက်  65W Fast Charging ထောက်ပံ့ပေးထားတဲ့ 4,500 mAh Battery ပါလာမယ်လို့သိထားရပါတယ်။ Software ပိုင်းမှာတော့ Android 11 အပေါ်အခြေခံထားတဲ့ OxygenOS 11 နဲ့ Run ပေးလာဖို့ရှိနေပါတယ်။ 

ဒီ Specs တွေမှန်မမှန်သေချာသိရဖို့ အောက်တိုဘာလ ၁၄ ရက်နေ့ မှာပြုလုပ်လာမယ့် Launch Event ကိုကြည့်ရှုလိုက်ရအောင်…

Ref: GizmoChina

Author

Write A Comment