ဒီသတင်းကိုတော့ OnePlus 8 ၊ OnePlus Nord တို့နဲ့ပတ်သက်ပြီး ကောလဟလသတင်းတွေကို ထုတ်ခဲ့တဲ့Max J.ကပဲ Twitter မှာတင်ခဲ့တာပါ။ Max တင်ထားတဲ့ Post အရ OnePlus Watch ဟာ စက်ဝိုင်းပုံစံ Design ကိုနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။  

တစ်ခြား Details တွေကိုတော့ သေချာမသိရသေးပေမယ့် OnePlus Watch မှာ Google Wear OS အပေါ်အခြေခံထားတဲ့ Oxygen OS ကို Run ပေးလာဖို့ခန့်မှန်းရပါတယ်။ နောက်ထပ် သူ့မှာ Snapdragon Wear 4100  Platform ပါလာနိုင်ပါတယ်။ ဒီ Platform ဟာ Performance ပိုင်းနဲ့ အားသက်သာမှုပိုင်းမှာ သိသိသာသာပိုတိုးတက်စေမှာပါ။ 

ဒီနှစ်အစောပိုင်းတုန်းက OPPO အနေနဲ့ သူတို့ရဲ့ ပထမဆုံး Smartwatch တစ်ခုဖြစ်တဲ့ OPPO Watch ကိုမိတ်ဆက်ခဲ့ပါတယ်။ လူတော်တော်များများကတော့ OnePlus Watch ဟာ OPPO Watch လိုပဲထွက်လာမယ်လို့ထင်ခဲ့ကြပါတယ်။ အခုမှာတော့ ဒီ OnePlus Watch ဟာ စက်ဝိုင်းပုံ ဒိုင်ခွက်နဲ့ထွက်လာမှာမလို့ OPPO Watch နဲ့တူလာတော့မှာ မဟုတ်ပါဘူး။ 

လောလောဆယ်တော့ OnePlus Watch ထွက်လာမယ့်အချိန်ကိုသေချာမသိရသေးပေမယ့် ထွက်လာမယ့်အချိန်ကတော့ သိပ်မလိုလောက်တော့ပါဘူး။ အကြောင်းကတော့ OnePlus 8T ဟာလည်းနောက်လလောက်မှာ ထွက်လာဖို့ရှိနေတာမို့လို့ ဒီ OnePlue 8T နဲ့အတူ ထွက်လာနိုင်ခြေရှိလို့ပါပဲ။ နောက်ထပ် ဒီ OnePlus 8T နဲ့အတူ OnePlus Nord Lite နဲ့ TWS Earphones အသစ်ကိုပါမိတ်ဆက်လာနိုင်ပါတယ်။

Ref: Tech Radar 

Author