(Unicode)

OnePlus အနေနဲ့ မကြာခင်မှာ သူတို့ရဲ့ဖုန်းအသစ်တွေကိုမိတ်ဆက်ဖို့ရှိနေတာကို အားလုံးသိပြီးဖြစ်မှာပါ။အခုမှာတော့ ဒီဖုန်းအသစ်တွေနဲ့ပတ်သက်ပြီး သတင်းတွေထပ်ထွက်လာပြန်ပါပြီ။ဒီသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass က shared ခဲ့တာပဲဖြစ်ပါတယ်။ Evan အရ OnePlus အနေနဲ့နောက်ထပ်ဖုန်း အသစ်လေးလုံးကိုမိတ်ဆက်လာဖို့ရှိနေတယ်လို့သိရပါတယ်။

ဒီထဲကဖုန်းတွေထဲမှာ OnePlus 8T Pro လည်းပါလာမယ်လို့သိထားရပါတယ်။ အရင်တုန်းက OnePlus အနေနဲ့ OnePlus 8T Pro ကိုမိတ်ဆက်လာမှာမဟုတ်ဘူးလို့ သတင်းတွေထွက်ထထားတာမို့ ဒီဖုန်းတွေထဲမှာ OnePlus 8 Pro ပါတာကတော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

ဒီဖုန်းတွေထဲမှာ OnePlus 8T ၊ OnePlus Nord 105g ၊ နဲ့တစ်ခြား OnePlus Nord 100 Mid-range ဖုန်းတစ်လုံးပါလာဖို့ကတော့သေချာသလောက်ရှိနေပါတယ်။ 

OnePlus 8T မှာ ပါဝင်လာနိုင်တဲ့ Specs တွေ..

OnePlus 8T မှာ 6.55-inch Fluid AMOLED display ပါဝင်လာဖို့ရှိနေပြီး Refresh Rate မှာတော့ OnePlus 8 ရဲ့  90Hz Refresh Rate အစား 120Hz Refresh Rate ပါလာဖို့ရှိနေပါတယ်။ 

ဖုန်းရဲ့ ကျောဘက်မှာတော့  Quad-Camera Setup ကိုပါဝင်လာနိုင်ပြီး ဒီ Camera Setup ထဲမှာ 48-Megapixel Main Camera ၊ 16-Megapixel Wide-Angle lens ၊ 5-Megapixel Macro Shooter ၊  2-megapixel portrait lens တို့ပါဝင်လာနိုင်ပါတယ်။ အရင် OnePlus 8 မှာလည်း 48-Megapixel Primary Shooter ကိုပဲသုံးပေးထားပါတယ်။ ဒီမှာ 48MP Main Camera ချင်းတူနေပေမယ့်လည်း OnePlus 8T မှာတော့ ပိုကောင်းတဲ့ပုံတွေရိုက်ပေးနိုင်ဖို့ Sensor အသစ်ကိုသုံးပေးလာနိုင်ပါတယ်။

အရင်ကထွက်ခဲ့တဲ့ OnePlus 8 T ရဲ့ Renders ပုံတွေအရ OnePlus 8T ရဲ့ Design ဟာ OnePlus 8 Design အတိုင်းပဲထွက်လာမယ့်ပုံရှိနေပါတယ်။ Performance  အတွက်တော့ ဖုန်းမှာ Snapdragon 865 Plus ကို , 8 GB of RAM, and 128 GB internal storage နဲ့တွဲပေးလာနိုင်ပါတယ်။  နောက်ထပ် အမြင့်ဆုံး 12GB RAM နဲ့ 256GB storage ဆိုပြီးလည်းထွက်လာနိုင်ပါတယ်။ Software အတွက်တော့ Android 11 အပေါ်အခြေခံထားတဲ့ Oxygen 11 UI  နဲ့ Run ပေးလာနိုင်ပါတယ်။ 

OnePlus Nord 105g ၊ နဲ့တစ်ခြား OnePlus Nord 100 နဲ့ပတ်သတ်ပြီး ဒီထဲကဖုန်းတစ်လုံးဟာ Snapdragon 690 Chip နဲ့အားဖြည့်ပေးလာနိုင်ပြီး နောက်တစ်လုံးမှာတော့ Snapdragon 460 SoC ပါလာမယ်လို့သိထားရပါတယ်။ 

ဆိုတော့ဒီဖုန်းတွေကိုဘယ်အချိန်မှာတွေ့လာရနိုင်လဲ? 

OnePlus အနေနဲ့သူတို့ရဲ့ T Series တွေကို နှစ်စဉ် စက်တင်ဘာလနဲ့ အောက်တိုဘာလမှသာမိတ်ဆက်လေ့ရှိတာမို့ ဒီဖုန်းတွေကို နောက်လလောက်မှာတွေ့လာရနိုင်ပါတယ်။ နောက်ထပ် ဒီဖုန်းတွေနဲ့ အတူ OnePlus ရဲ့ပထမဆုံး Smartwatch ကိုပါတွေ့လာရနိုင်ပါတယ်။ 

Ref : Android Headline

ေနာက္ထပ္ဖုန္းအသစ္ေလးလုံးကိုထုတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တဲ့ OnePlus 

(Zawgyi)

OnePlus အေနနဲ႔ မၾကာခင္မွာ သူတို႔ရဲ႕ဖုန္းအသစ္ေတြကိုမိတ္ဆက္ဖို႔ရွိေနတာကို အားလုံးသိၿပီးျဖစ္မွာပါ။အခုမွာေတာ့ ဒီဖုန္းအသစ္ေတြနဲ႔ပတ္သက္ၿပီး သတင္းေတြထပ္ထြက္လာျပန္ပါၿပီ။ဒီသတင္းကိုေတာ့ နာမည္ႀကီး Leakster တစ္ဦးျဖစ္တဲ့ Evan Blass က shared ခဲ့တာပဲျဖစ္ပါတယ္။ Evan အရ OnePlus အေနနဲ႔ေနာက္ထပ္ဖုန္း အသစ္ေလးလုံးကိုမိတ္ဆက္လာဖို႔ရွိေနတယ္လို႔သိရပါတယ္။

ဒီထဲကဖုန္းေတြထဲမွာ OnePlus 8T Pro လည္းပါလာမယ္လို႔သိထားရပါတယ္။ အရင္တုန္းက OnePlus အေနနဲ႔ OnePlus 8T Pro ကိုမိတ္ဆက္လာမွာမဟုတ္ဘူးလို႔ သတင္းေတြထြက္ထထားတာမို႔ ဒီဖုန္းေတြထဲမွာ OnePlus 8 Pro ပါတာကေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ 

ဒီဖုန္းေတြထဲမွာ OnePlus 8T ၊ OnePlus Nord 105g ၊ နဲ႔တစ္ျခား OnePlus Nord 100 Mid-range ဖုန္းတစ္လုံးပါလာဖို႔ကေတာ့ေသခ်ာသေလာက္ရွိေနပါတယ္။ 

OnePlus 8T မွာ ပါဝင္လာႏိုင္တဲ့ Specs ေတြ..

OnePlus 8T မွာ 6.55-inch Fluid AMOLED display ပါဝင္လာဖို႔ရွိေနၿပီး Refresh Rate မွာေတာ့ OnePlus 8 ရဲ႕  90Hz Refresh Rate အစား 120Hz Refresh Rate ပါလာဖို႔ရွိေနပါတယ္။ 

ဖုန္းရဲ႕ ေက်ာဘက္မွာေတာ့  Quad-Camera Setup ကိုပါဝင္လာႏိုင္ၿပီး ဒီ Camera Setup ထဲမွာ 48-Megapixel Main Camera ၊ 16-Megapixel Wide-Angle lens ၊ 5-Megapixel Macro Shooter ၊  2-megapixel portrait lens တို႔ပါဝင္လာႏိုင္ပါတယ္။ အရင္ OnePlus 8 မွာလည္း 48-Megapixel Primary Shooter ကိုပဲသုံးေပးထားပါတယ္။ ဒီမွာ 48MP Main Camera ခ်င္းတူေနေပမယ့္လည္း OnePlus 8T မွာေတာ့ ပိုေကာင္းတဲ့ပုံေတြ႐ိုက္ေပးႏိုင္ဖို႔ Sensor အသစ္ကိုသုံးေပးလာႏိုင္ပါတယ္။

အရင္ကထြက္ခဲ့တဲ့ OnePlus 8 T ရဲ႕ Renders ပုံေတြအရ OnePlus 8T ရဲ႕ Design ဟာ OnePlus 8 Design အတိုင္းပဲထြက္လာမယ့္ပုံရွိေနပါတယ္။ Performance  အတြက္ေတာ့ ဖုန္းမွာ Snapdragon 865 Plus ကို , 8 GB of RAM, and 128 GB internal storage နဲ႔တြဲေပးလာႏိုင္ပါတယ္။  ေနာက္ထပ္ အျမင့္ဆုံး 12GB RAM နဲ႔ 256GB storage ဆိုၿပီးလည္းထြက္လာႏိုင္ပါတယ္။ Software အတြက္ေတာ့ Android 11 အေပၚအေျခခံထားတဲ့ Oxygen 11 UI  နဲ႔ Run ေပးလာႏိုင္ပါတယ္။ 

OnePlus Nord 105g ၊ နဲ႔တစ္ျခား OnePlus Nord 100 နဲ႔ပတ္သတ္ၿပီး ဒီထဲကဖုန္းတစ္လုံးဟာ Snapdragon 690 Chip နဲ႔အားျဖည့္ေပးလာႏိုင္ၿပီး ေနာက္တစ္လုံးမွာေတာ့ Snapdragon 460 SoC ပါလာမယ္လို႔သိထားရပါတယ္။ 

ဆိုေတာ့ဒီဖုန္းေတြကိုဘယ္အခ်ိန္မွာေတြ႕လာရႏိုင္လဲ? 

OnePlus အေနနဲ႔သူတို႔ရဲ႕ T Series ေတြကို ႏွစ္စဥ္ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမွသာမိတ္ဆက္ေလ့ရွိတာမို႔ ဒီဖုန္းေတြကို ေနာက္လေလာက္မွာေတြ႕လာရႏိုင္ပါတယ္။ ေနာက္ထပ္ ဒီဖုန္းေတြနဲ႔ အတူ OnePlus ရဲ႕ပထမဆုံး Smartwatch ကိုပါေတြ႕လာရႏိုင္ပါတယ္။ 

Ref : Android Headline

Author