လွန်ခဲ့တဲ့အောက်တိုဘာလလောက်တုန်းက OnePlusအနေနဲ့ သူတို့ရဲ့ Flagship ဖုန်းလို့ပြောလို့ရတဲ့ OnePlus 8T ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီ OnePlus 8T ဟာ Flagship ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ High-Quality Features တွေနဲ့ထွက်ခဲ့ပါတယ်။ အခုမှာတော့ OnePlus ရဲ့ နောက် Flagship Series အသစ်ဖြစ်လာမယ့် OnePlus 9 ရဲ့ Render ပုံတွေထွက်ရှိလို့လာခဲ့ပါပြီ။

ဒီပုံတွေကိုတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ OneLeaks  ကနေ Shared ခဲ့တာပဲဖြစ်ပါတယ်။ ပုံတွေအရ OnePlus  9 ရဲ့ Design ဟာ Curved Display ပြောင်းသွားတာကလွဲပြီး ကျန်တဲ့ Design ဟာ OnePlus 8T နဲ့တော်တော်လေးဆင်တူပါတယ်။ OnePlus 9 ရဲ့ Screen Size ဟာ 6.7 inch ရှိပြီး  အရင်က Models တွေလို Punch-hole တစ်ခုကို တပ်ဆင်ပေးထာပါတယ်။

OnePlus ဖုန်းတိုင်းမှာပါတဲ့ Alert Slider နဲ့ ပါဝါခလုတ် တို့ကိုဖုန်းရဲ့  ညာဘက်မှာတပ်ဆင်ပေးထားပြီး ဘယ်ဘက်မှာတော့ Volume ခလုတ် တပ်ဆင်ထားတာကိုတွေ့ရမှာပါ။ ဖုန်းရဲ့ကျောဘက်မှာတော့ အခုလက်ရှိဖုန်းတော်တော်များများမှာ သုံးနေကျ ထောင့်မှန်စတုဂံ Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။ ဒီ Camera Setup ထဲမှာတော့ Camera လေးလုံးထည့်ပေးထားတာကိုတွေ့ရမှာပါ။ ဒီ Design ဟာ Prototype Stage မှာပဲရှိသေးတဲ့အတွက်ဖုန်းထွက်လာတဲ့အခါမှာ Design ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ 

OnePlus 9 Series ရဲ့ Specs တွေအနေနဲ့ ကောလဟလတွေအရ ဖုန်းတွေမှာ  144Hz refresh rate displays နဲ့ Snapdragon 875 chipset အသစ်ကိုသုံးပေးလာမယ်သိရပါတယ်။ ဒီ  OnePlus 9 series အသစ်ကိုတော့ 2021 March လလောက်မှာတွေ့လာရနိုင်ပါတယ်။ ဒီ 2021 March မတိုင်ခင်မှာတော့ OnePlus 9 series နဲ့ပတ်သက်ပြီး သတင်းတွေထပ်ထွက်လာနိုင်ပါတယ်။ 

Ref : GSMArena

Author