OnePlus ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ သင့်ရဲ့စိတ်ထဲမှာ Premium ဆန်လွန်းပြီး Unique ဖြစ်တဲ့ Android ဖုန်းတစ်လုံးကိုမြင်မိမှာပါ။ အဲ့လိုဖြစ်ရလောက်အောင်လည်း သူ့ရဲ့ Brand ကကြော်ကြားလှပါတယ်။  နောက်ပြီး သူ့ရဲ့ထူးခြားချက်တစ်ခုက သူ့မှာဖုန်းစီးရီးတစ်ခုပဲရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ Xiaomi မှာ သူ့ရဲ့ ပုံမှန်ဂဏာန်းစီးရီး(Number Series) တစ်ခုအပြင် တခြား Note Series, Mix Series, Max Series စတဲ့ စီးရီးတွေအများအပြားရှိပေမယ့် OnePlus မှာတော့ သူ့ရဲ့ဂဏာန်းစီးရီး(Number Series) တစ်ခုပဲရှိပါတယ်။ နောက်ပြီး အဲ့ Number Series တွေဟာလည်း ဖုန်းအသုံးပြုသူတွေကြားမှာတော်တော်လေးကို ကောင်းသတင်းကျော်ကြားလှပါတယ်။

OnePlus ဟာသူ့ရဲ့ Number Series တွေကို ကနေစပြီး ထုတ်လာခဲ့တာ အခုဆိုရင် 7 Series အထိထွက်လာခဲ့ပြီးပါပြီ။ နောက်ဆုံးထွက်ထားတဲ့ 7 Series မှာဆိုရင် OnePlus 7, 7 Pro, 7T, 7T Pro ဆိုပြီး Variants 4 မျိုးထွက်ထားခဲ့ပါတယ်။ နောက်ပြီး အစောပိုင်းမှာထွက်ထားတဲ့သတင်းတွေအရ OnePlus 8 Series မှာ ပိုပြီးဈေးသက်သာတဲ့ Lite Variant ကိုပါထုတ်လုပ်သွားမှာလို့သိရပါတယ်။ အခုအချိန်ထိထွက်ထားတဲ့ သတင်းတွေထဲမှာတော့ “T” Variant အကြောင်းကိုမကြားမိသေးပါဘူး။ အရင်ကစီးရီးတွေလိုပဲ နောက်မှမိတ်ဆက်သွားမယ့်ပုံပါပဲ။

OnePlus Series Renders(Photo-Internet)

OnePlus ရဲ့နောက်ထပ်ခြေလှမ်းဖြစ်တဲ့ 8 Series ကို နောက်လ ၁၄ ရက်မှာ မိတ်ဆက်သွားတော့မှာပါ။ OnePlus ဘက်ကတော့ “The Lab” လို့အမည်ရတဲ့ Program ကိုစတင်ပြီး Review လုပ်လိုတဲ့သူတွေဆီက applications တွေစတင်ပြီးလက်ခံနေပြီလို့သိရပါတယ်။  မိတ်ဆက်ပွဲကိုတခြား ထုတ်လုပ်သူတွေနည်းတူ Online မှာပဲကျင်းပသွားမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မယ့် အချိန်ကတော့ ဂရင်းနစ်စံတော်ချိန် ညနေ ၃ နာရီ(မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)မှာ တိုက်ရိုက် ထုတ်လွှင့်သွားမယ် လို့သိရပါတယ်။

အခုလာမယ့်မိတ်ဆက်ပွဲမှာ OnePlus 8 နဲ့ 8 Pro နှစ်လုံးကိုပဲမိတ်ဆက်သွားမှာဖြစ်ပါတယ်။ ပွဲကနီးလာတာနဲ့အမျှ Renders တွေကလည်း တနေ့တခြား ထွက်ရှိလို့လာနေပါတယ်။ အဲ့ Renders တွေထဲကမှ Common ဖြစ်တာတွေကတော့ Triple Rear Camera Setup, 90Hz, 120Hz Refresh Rate တွေပါဝင်မယ့် Dynamic AMOLED Display နဲ့ Punch Hole Selfie Camera တစ်လုံးတို့ပဲဖြစ်ပါတယ်။ အခုထွက်ထားတဲ့ Render တွေကိုကြည့်ချင်းအားဖြင့် Design ပိုင်း(Color Variants) မှာ OnePlus ကတော်တော်လေး အာရုံစိုက်ထားတာကိုတွေ့နိုင်ပါတယ်။ အောက်ကပုံတွေမှာ Renders တွေကိုတချက်လောက် ကြည့်ကြည့်လိုက်ပါဦး

OnePlus 8 Renders(Photo-Internet)
OnePlus 8 Pro Render (Photo-Internet)

အခုလတ်တလောထွက်ရှိထားတဲ့သတင်းတွေအရတော့ OnePlus 8 Series ရဲ့ Variants နှစ်ခုလုံးမှာ နောက်ဆုံးထွက် Snapdragon 865 Processor ပါဝင်လာမှာဖြစ်ပြီး OnePlus 8 Pro ကတော့ OnePlus ရဲ့ပထမဆုံး Fast Wireless Charging, Reverse Wireless Charging ပါဝင်လာမယ့်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
.
RK