Huawei ကတော့ သူတို့ရဲ့ Nova Series အသစ်ဖြစ်တဲ့ Nova 8 Series ကို ၂၀၂၁ အစောပိုင်းလောက်မှာမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီလအစောပိုင်းတုန်းက Really Asen Jun ဆိုတဲ့ Leaker တစ်ဦးက Nova 8 Series ထဲက Nova 8SE ရဲ့ ဈေးတွေနဲ့ Chipset တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အခုမှာတော့ Nova 8 နဲ့ Nova 8 Pro တို့ရဲ့ ဈေးတွေနဲ့ သုံးလာမယ့် Chipset တွေကို Really Asen Jun ကထပ်ပြီး ထုတ်ပြန်လိုက်ပါပြီ။

Really Asen Jun ရဲ့ Weibo က Post အရ Nova 8 မှာ Dimensity 820  Processor ပါလာမယ်လို့သိရပါတယ်။ ဒီ  Dimensity 820 Processor ဟာဆိုရင် Redmi 10X 5G နဲ့ 10X 5G တို့မှာလည်းသုံးပေးထားတဲ့ Chip တစ်ခုပါ။  နောက်ထပ်ဖုန်းမှာ 90Hz OLED display ပါလာမယ်လို့ ဖော်ပြထားပြီး ဈေးအနေနဲ့  ¥3299 (~$484) (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) ကျသင့်လာမယ်လို့သိရပါတယ်။ 

Nova 8 Pro မှာတော့ Dimensity 1000+ Chipset နဲ့အားဖြည့်ပေးလာဖို့ရှိနေပြီး 120Hz refresh rate OLED display ပါလာမယ်လို့သိထားရပါတယ်။ ဈေးအနေနဲ့ ¥3999 (~$587) (မြန်မာငွေ ၇ သိန်း ၈ သောင်း ဝန်းကျင်) ကျသင့်လာမယ်လို့ Really Asen Jun အဆိုအရသိရပါတယ်။ 

အရင်က Huawei အနေနဲ့ သူတို့ရဲ့ Nova Series တွေမှာ Kirin Chipsets တွေကိုပဲသုံးပေးလာခဲ့ပေမယ့် အခု Nova 8 Series မှာတော့ ထူးထူးဆန်းဆန်းပဲ MediaTek Processors တွေကိုသုံးပေးလာတော့မှာပဲဖြစ်ပါတယ်။ ဒီလိုသုံးလာတဲ့အကြောင်းကလည်း US Ban ဟာ  Huawei  HiSilicon Chip Business ကိုထိခိုက်လာပြီး Huawei အဖို့ Kirin Chip ကိုထပ်ထုတ်မလာနိုင်တော့လို့ပါပဲ။

 ဒီလို Kirin အစား MediaTek ကိုသုံးလာမယ့် Nova 8 Series မှာ ဘယ်လိုများ သိသိသာသာပြောင်းလဲသွားမလဲ ?? စိတ်ဝင်စားဖို့ကောင်းနေပါပြီ …

Ref: Gizmochina

Author