Huawei အနေနဲ့ ဒီနှစ်အစောပိုင်းလောက်တုန်းက သူတို့ရဲ့ Nova 7 Series ထဲက Nova 7i  ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီလိုနဲ့  April အရောက်မှာတော့ Nova 7 SE, Nova 7, Nova 7 Pro တို့ကိုထပ် မိတ်ဆက်ခဲ့ပါတယ်။ အခု နိုဝင်ဘာလမှာတော့ Nova Series အသစ်ဖြစ်တဲ့ Nova 8 Series ထဲက Nova 8SE ကို တရုတ်မှာ မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ 

ဆိုတော့ ဖုန်းရဲ့ Specs တွေကိုကြည့်လိုက်ရအောင်…

Nova 8 SE Specs 

ပထမဆုံး Design ကိုစပြောရရင်  Nova 8 SE ရဲ့ ကျောဘက် Design ဟာ Nova 7i နဲ့တော်တော်လေးဆင်ပါတယ်။ Design မှာသိသိသာသာပြောင်းသွားတာကတော့ သူ့ရဲ့ ဘေးဘောင်တွေပါပဲ။ ဘေးဘောင်တွေဟာ အခုလက်ရှိမှာ နာမည်ကြီးနေတဲ့ iPhone 12 ပုံစံ အတိုင်းပြုလုပ်ပေးထားပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာတော့ Punch-hole တွေအစား Water Drop Notch ကိုပဲဆက်သုံးပေးထားပါတယ်။ ဒီ Water Drop Notch ထဲမှာတော့ 16MP Selfie Camera ကိုတပ်ဆင်ပေးထားပါတယ်။ ကျောဘက် Camera Setup ထဲမှာတော့ 64MP primary camera ၊ 8MP ultrawide unit  ၊ 2MP macro နဲ့ 2MP depth sensor တို့ကို တပ်ဆင်ပေးထားပါတယ်။ 

Display အတွက်တော့ ဖုန်းမှာ 6.53″ FHD+ OLED display ကိုသုံးပေးထားပါတယ်။ အရင် Nova 7 Series လိုပဲ ဘာ High Refresh Rate မှတော့ထောက်ပံ့ပေးထားခြင်းမရှိပါဘူး။ High Refresh Rate မပါပေမယ့်လည်း ပိုကောင်းတဲ့ Display Qualiy ရစေဖို့ HDR10 ကိုထောက်ပံ့ပေးထားပါတယ်။ OLED Display ဖြစ်သွားတဲ့အတွက် Under-Display Fingerprint Scanner လည်းပါလာပါတယ်။ 

Performance မှာတော့  Dimensity 720 နဲ့အားဖြည့်ပေးထားပြီး  Nova 8 SE High Edition မှာတော့ Dimensity 800U ကိုသုံးပေးထားပါတယ်။ ဒီ Chipset တွေကိုတော့ 8GB RAM, 128GB storage နဲ့ တွဲပေးထားပါတယ်။ Software ပိုင်းမှာတော့  Android 10 အပေါ်အခြေခံထားတဲ့ EMUI 10.1 နဲ့ Run ပေးထားပါတယ်။ မကြာခင်မှာလည်း EMUI 11 Update ကိုလည်းရလာတော့မယ်လို့ Huawei ကဆိုထားပါတယ်။ 

နောက်ဆုံး Battery မှာတော့ 66W Fast charging ထောက်ပံ့ပေးထားတဲ့ 3,800 mAh battery ကိုသုံးပေးထားပါတယ်။ ဒီမှာ Battery ကတော့နည်းနေပေမယ့်လည်း 66W Fast Charging ကြောင့် 100% အပြည့်ကို မိနစ် ၂၀ မှာဖြည့်ပေးနိုင်မယ်လို့သိရပါတယ်။ Connectivity Features တွေအနေနဲ့ USB-C port, 3.5mm headphone jack, Bluetooth 5.1, dual SIM support နဲ့ dual-band Wi-Fi တို့ပါဝင်ထားပါတယ်။ 

ဈေးအနေနဲ့ 

Huawei nova 8 SE Standard Edition ဟာ CNY2,599 ($390/€330) (မြန်မာငွေ ၅ သိန်းဝန်းကျင်) နဲ့

Huawei nova 8 SE High Edition  ကတော့ CNY2,699 ($410/€345) (မြန်မာငွေ ၅ သိန်း ၃ သောင်း ဝန်းကျင်) ဆိုပြီး အသီးသီးကျသင့်ပါတယ်။ အရောင်အနေနဲ့ Black, Deep Blue, Blue, Silver ဆိုပြီးရွေးချယ်လို့ရမှာဖြစ်ပြီး တရုတ်မှာ  November 11 ရက်နေ့မှာ စတင်ရောင်းချလာမယ်လို့သိရပါတယ်။

Ref: GSMArena

Author