Redmi Note 9 Pro series အတွက် new variants ဒီနေ့ပဲ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပါပြီ။  Redmi Note 9 Pro 4GB RAM + 128GB Version ထွက်ရှိလာတော့မယ့်အချိန်မှာပဲ Redmi Note 9 Pro Max 8GB RAM + 128GB versionကို ချပြခဲ့တာပါ။ 


Redmi Note 9 Pro 4GB + 128GB versionကို ဒီနေ့‌ နေ့လည် Amazon India နဲ့ Mi.com မှာ (~$214) မြန်မာငွေနဲ့ခန့်မှန်းချေ (၃၀၀၀၀၀) ကျပ်ဝန်းကျင်နဲ့စတင်ရောင်းချတော့မယ်လို့ သိရပြီး အသစ်ထွက်ရှိလာတဲ့ Redmi Note 9 Pro Max  8GB+128GB ကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ဇူလိုင် ၂၉ရက်နေ့မှာ  (~$267) မြန်မာငွေ (၄၀၀၀၀၀) ကျပ်ဝန်းကျင်နဲ့ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Redmi Note 9 Pro series ကို မတ်လတည်းက အိန္ဒိယမှာ Announce လုပ်ခဲ့ပြီး  Pro ရော Pro Max ရောနှစ်မျိုးလုံးမှာ 1080 X 2040 display ၊ Snapdragon 720G processor နဲ့ 5020mAh battery ကိုသုံးထားပေမယ့် Camera ပိုင်းမှာတော့  Note 9 Pro က 48MP quad rear camera setup နဲ့ 16MP selfie camera ကိုထည့်သွင်းအသုံးပြုထားကာ Note 9 Pro Max မှာတော့ 64MP quad rear camera setup နဲ့ 32MP selfie camera ကိုအသုံးပြုထားတာတွေ့ရပါတယ်။ 

Fast Charging System မှာလည်း Note 9 Proကို 18W fast chargingနဲ့ supportပေးထားပြီး  Note 9 Pro Max ကိုတော့  33W fast charging လေးကို support ပေးထားတာပါ။  Variant Version တွေမြန်မာပြည်ဈေးကွက်ကို ဝင်ရောက်လာလေ မလားမသိရသေးပေမယ့် တကယ်လို့ ဝင်ရောက်လာခဲ့ရင်တော့ Redmi ပရိတ်သတ်ကြီးအတွက် ရွေးချယ်စရာ တိုးလာအုံးမှာပါ။ 

ဆိုတော့ Note 9 Pro Series သာ မြန်မာကို ရောက်လာခဲ့ရင်‌ ပရိတ်သတ်ကြီး  ဘာကိုရွေးချယ်မလဲ?? Comment မှာဝင်ဆွေးနွေးပေးသွားကြပါအုံးနော် …..

Ref: GizmoChina