မကြာသေးခင်က Aliexpress လိုနာမည်ကြီး Online Stores တွေမှာ Mi Mix 2020 ရဲ့  ပုံတွေပေါ်ထွက်လာပြီး  ခဏလေးတင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ မှားတင်မိတာလား ဘာလား မပြောတတ်ပေမယ့် တွေ့ခွင့်ရလိုက်တာနဲ့တင် တစ်မျိုးလေးတော့ ခံစားမိသွားပါတယ်။ 

ထွက်ပေါ်လာတဲ့ပုံတွေအရ Mi Mix 2020 ဟာ အခုလက်ရှိ စမတ်ဖုန်းတွေနဲ့ လုံးဝကွဲထွက်နေတဲ့ Design မျိုကိုသုံးတာတာကိုတွေ့ရမှာပါ။

ပုံတွေအရဆို ဖုန်းရဲ့ Design ဟာ ကျွန်တော်တို့ လုံဝမမြင်ဖူးတဲ့ Design မျိုးပါပဲ။ ဖုန်းမှာ Front Camera အတွပ် ဘာ Cutouts မှာမပါတော့သလို့ Slide လုပ်ပြီးလည်းဖွင့်စရာမလိုတော့ပါဘူး။ 

အဲ့အတွက် ဖုန်း Display ရဲ့ ညာဘက် Frame မှာ ကင်မရာနှစ်လုံးကို သီးသန့်ထည့်ပေးထားပြီး ထိုကင်မရာတွေရဲ့ အောက်မှာတော့ Volume အတိုးအလျှော့လုပ်ဖို့ ခလုတ်နှစ်ခုကိုထည့်ပေးထားပါတယ်။  

လူတော်တော်များများက Bezels အနည်းဆုံးနဲ့ Full View ကိုလိုချင်နေတဲ့ အချိန်မှာ အဲ့လို Design ကြီးက အထူးအဆန်းတော့ ဖြစ်နေသလိုလိုပါ။

ဖုန်းရဲ့ နောက်ဖက် Main Camera ကလည်း အခုလက်ရှိဈေးကွက်မှာရှိနေတဲ့ ဖုန်းတွေနဲ့ မတူဘဲ ထောင့်မှန်စတုဂံ ပုံအကွက်ထဲမှာထည့်ပေးထားတာကိုတွေ့ရပါတယ်။ 

ထိုအကွက်ထဲမှာ Main Camera နဲ့အတူစုစုပေါင်းကင်မရာလေးလုံးပါလာနိုင်မလားတော့ စဉ်းစားစရာပါပဲ။    

မကြာသေးခင်ကလည်း Xiaomi CAS ဆိုပြီး Code Name ပေးထားတဲ့ ဖုန်းတစ်လုံးမှာ 48MP Resolution ရှိတဲ့ Main Camera ပါလာမယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အရင်က Mi Mix Series မှာ အကောင်းဆုံးဆိုတဲ့ Senor တွေကိုပဲသုံးခဲ့တာမလို့ အခု Xiaomi CAS ဆိုတဲ့ဖုန်းဟာ Mi Mix 2020 တော့ဖြစ်လာနိုင်ခြေမရှိပါဘူး။ 

မှတ်ချက်အနေနဲ့ အခုပုံတွေကို ဘယ်သူကမှ အတည်မပြုထားသေးတဲ့အတွက် အစစ်လို့မယူဆစေချင်ပါဘူး…

Ref: Gizchina

Author