ထုတ်နိုင် လွန်းလှသူ Xiaomi ကတော့ MI MIX Alpha လို အကြမ်းကြီးတွေထုတ်ပြရတာနဲ့တင် အားရသေးပုံ မရပါဘူး။ အခုလည်း Mi CC9 Pro ထပ်ပြီးတော့ မိတ်ဆက်ပါဦးမယ်တဲ့ ခင်ဗျာ…။

Curious (စူးစမ်းသိရှိချင်သော) နဲ့ Creative(ဖန်တီးပြုလုပ်တတ်သော) ဆိုတဲ့ အင်္ဂလိပ်စကားလုံးနှစ်လုံးရဲ့ ရှေ့ဆုံးစာလုံးတွေကို ယူပြီးတော့နာမည်ပေးထားတဲ့ Xiaomi ရဲ့ CC Series ဖုန်းတွေဟာ Midrange အလယ်အလတ်တန်းစား ဖုန်းတွေဖြစ်ပါတယ်။

ဒီနှစ် အလယ်ပိုင်းမှာ Lower-Mid-range ဖုန်းတစ်လုံးဖြစ်တဲ့ Mi CC9e နဲ့  Mid-range ဖုန်းတစ်လုံးဖြစ်တဲ့ Mi CC9 တို့ ထွက်ရှိထားပြီးသားပါ။ CC Series ရဲ့ ၃ခုမြောက်ဖုန်း အဖြစ် Mi CC9 Pro ထပ်ပြီးတော့ ထွက်ရှိဖို့သေချာသွားပါပြီ။

Mi CC9 Pro မှာ 108MP Main Camera နဲ့ ကင်မရာ အားလုံးပေါင်း ၅လုံးအထိ ပါဝင်မှာပါ။ ကျန်တဲ့ ကင်မရာတွေကတော့ Ultra-wide angle,Telephoto,Depth နဲ့ Macro တွေဖြစ်နိင်မှာပါ။

နောက်ပြီးတော့ ပုံထဲမှာ ပုံရိုပ်အရည်အသွေးမကျဘဲ Zoom ဆွဲနိုင်တဲံ့ 5X Optical Zoom Dual Flash အပြင် မီးနှစ်ခုကို မြင်တွေ့ရတာ ဆိုတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Camera Setup လို့ ဆိုရမှာပါ။

Mi CC9 Pro ရဲ့ Specifications တွေကို အတိအကျ မသိရသေးပေမယ့် CC Series ဖုန်းတွေဟာ Mid-range ဖြစ်တာကြောင့် Snapdragon 730G SoC Chipset ပဲ ပါဝင်လာနိုင်ပါတယ်။

တခြားအချက်တွေအနေနဲ့ 32MP Selfie Camera ထည့်ထားတဲ့ Water Drop Notch နဲ့ 6.4’’ Curved Super AMOLED Display,30W အားအမြန်သွင်းစနစ် နဲ့ 4030 mAh Battery, Under-Display Fingerprint Scanner, Android 10 Based MIUI11 တွေပါဝင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

လာမယ့် နိုဝင်ဘာ ၅ရက် နေ့မှာ တရားဝင် မိတ်ဆက်မှာ ဖြစ်ပြီး Mi CC9 Pro အပြင် လုပ်ဆောင်နိုင်စွမ်းတွေ များပြားမယ့် Mi Watch နဲ့ Mi TV5 အသစ် တို့ကိုပါ တစ်ပါတည်း မိတ်ဆက်သွားမှာပါ။

နောက်ပြီး အတည်မပြုနိုင်တဲ့ အချက်တစ်ခုကတော့ ရပ်နားထားတဲ့ Mi Note Series ဖုန်းတွေကို ပြန် အသက်သွင်းမယ်လို့ ဆိုထားတာကြောင့် (တရုတ်ပြည်တွင်းအတွက်ဖြစ်တဲ့) Mi CC9 Pro ဟာ Global အဖြစ် Mi Note 10 ဆိုပြီးလည်း ထွက်လာနိုင်ပါတယ်။ 

Xiaomi Fans တွေကို ပြောချင်တာကတော့ Something wonderful is about to happen ပါလို့…။

ဒီထက်ပိုပြီးတော့ ပြည့်စုံ တိကျတဲ့ အချက်အလက်တွေသိရပြီဆိုရင်လည်း ထပ်မံမျှဝေပေးဦးမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှု့ဖို့ တိုက်တွန်းလိုက်ရပါတယ်။

#Anycall_Mobile  #Xiaomi_Mi_CC9_Pro #SomethingWonderfulIsAboutToHappen 

Image
Image