Xiaomi ရဲ့ Mi Band Series ဟာဆိုရင်လူတိုင်းနီးပါးနှစ်သက်ခဲ့ကြတဲ့ Series တစ်ခုဆိုတာ စာဖတ်သူတို့ အားလုံး အသိပဲဖြစ်မှာပါ။ ဒီနေ့မှာတော့ Xiaomi ဟာ  Mi Band 4 ရဲ့နေရာကို ဆက်ခံလာမယ့် Mi Band 5 ကို စတင်မိတ်ဆက်လိုက်ပါပြီ။ အခု Mi Band 5 မှာဆိုရင် Magnetic Charging (သံလိုက်အားသွင်းစနစ်) ပါလာတဲ့အပြင်  Design အသစ် ၊ ပိုကြီးလာတဲ့ AMOLED display နဲ့ Sport Mode အသစ်တွေပါလာတာမို့လို့ အရင်က Band တွေထက် သိသိသာသာပြောင်းလဲလာတဲ့ Band တစ်ခုလိုဆိုရမှာပါ။ နောက်ပြီး Brightness ဟာလည်း 450 nits အထိရလာတဲ့အတွက် Outdoor Usage တွေမှာ Band ကိုရှင်းရှင်းလင်းလင်းနဲ့ မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

Animated Watchfaces 100 ကျော်ပါလာတဲ့ AMOLED Display

အခု Mi Band 5 အသစ်ဟာဆိုရင် Mi Band 4 ရဲ့ Pill-shaped Design ကိုပဲဆက်သုံးပေးထားပေမယ့်လည်း ရွေးချယ်စရာ လက်ပတ်အရောင်တွေကတော့ ပိုများလာပါတယ်။ အရောင်အနေနဲ့ Graphite Black, Deep Space Blue, Dynamic Orange, Bronze Purple, Vibrant Yellow, Light Green, Dark Cyan နဲ့  Ivory ဆိုပြီးအ‌ရောင် ၈ ရောင်ရွေးချယ်ဝယ်ယူလို့ရမှာပါ။ 

 Xiaomi Mi Band 5 မှာ 1.2-inch Dynamic Color AMOLED Display ကိုသုံးထားပြီး အဲ့ဒီ  Display ကိုတော့ ခြစ်ရာဒဏ်တွေကိုခံနိုင်တဲ့ 2.5D Glass နဲ့ကာကွယ်ပေးထားပါတယ်။  Screen Size ဟာ သိသိသာသာကြီးလာတဲ့အတွက် Display မှာ Information တော်တော်များများပြလာနိုင်တော့မှာပါ၊။ နောက်ထပ် Highlight တစ်ခုကိုပြောပြရမယ်ဆိုရင်တော့ အခု Display မှာ Dynamic Animated Watchfaces အသစ်တွေပါလာတာကိုပြရမှာပါပဲ။ Animated Watchfaces အနေနဲ့ ၁၀၀ ကျော်အထိပါလာပါပြီး SpongeBob SquarePants ၊  Case Closed  ၊ Neon Genesis Evangelion (EVA) ၊ Hatsune Miku စတဲ့ နာမည်ကြီး Series တွေအပေါ်အခြေခံပြီးပြုလုပ်ထားတဲ့ Watchfaces တွေလည်းပါလာပါတယ်။ 

ပိုကောင်းလာတဲ့ Health Tracking စနစ်

Indoor Home exercise တွေဟာ အခုလက်ရှိ Covid-19 pandemic ကြောင့် ပိုပြီး Popular  ဖြစ်လာတဲ့အတွက် Xiaomi ဟာ Mi Band 5 မှာ Indoor Modes အသစ် ၅ ခုကို ကိုထည့်ပေးလိုက်ပါတယ်။ အဲ့ဒီ Indoor Modes ထဲမှာ Indoor Machine တွေကစားနေတဲ့အချိန်တိုင်းတာပေးမယ့် Mode ၊ ယောဂကစားတာတွေ  ကြိုးခုန်တာတွေနဲ့ Indoor ထဲမှာစက်ဘီးစီးတာတွေ ပါတဲ့ Floor exercises တွေကိုတိုင်းတာပေးမယ့် Mode‌ တွေပါလာပါတယ်။  ရေကူးတာတွေ ၊ လမ်းလျှောက်တာတွေ နဲ့ စက်ဘီးစီးတာတွေကိုတော့ Mi Band 4 တုန်းကလိုပဲ တိုင်းတာပေးနိုင်ပါတယ်။ 

နှလုံးခုန်နှုန်းနဲ့ အိပ်ချိန်တိုင်းတာရာမှာ ပိုတိကျလာခြင်း 

Mi Band 5 မှာ Photoplethysmogram (PPG) လို့ခေါ်တဲ့ BioSensor ပါလာပါတယ်။ အဲ့ဒီ Sensor ဟာ နေ့စဉ် ၂၄  နာရီလုံးမှာ တိကျတဲ့ နှလုံးခုန်နှုန်းကိုစစ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ အိပ်ချိန်တိုင်းတာရာမှာလည်း အရင်က Mi Band 4 ထက်  40% ပိုမိုတိကျလာပါတယ်။  နောက်ပြီး Mi Band 5 ဟာ သင့်အနေနဲ့ ညတိုင်း REM (Rapid eye movement ) Sleep ဘယ်နှစ်နာရီအထိရလဲဆိုတာကိုလည်းပြပေးပါတယ်။ REM Sleep ဆိုတာက Brain Activity ကို တိုးလာစေကာ သင်ကြားမှုအပိုင်းပိုမိုတိုးတက်စေတဲ့ အိပ်ချိန်လို့ပြောရမှာပါ။ REM Sleep ဖြစ်နေတဲ့ အချိန်တွေမှာ အိမ်မက်တွေလည်းမက်တတ်ပါသေးတယ်။  ပုံမှန်အားဖြင့် သင်ဟာ  အိမ်ချိန် 7-8 hours ရှိတယ်ဆိုရင် REM က မိနစ် ၉၀ လောက်ရှိနေတတ်ပါတယ်။ အခု Mi Band 5 မှာသင့်အနေနဲ့ ညတိုင်း REM Sleep မိနစ် ဘယ်လောက်ရှိလဲဆိုတာပြပေးမှာပါ။ 

နောက်ပြီး Xiaomi Mi Band 5 ဟာသင့်ရဲ့ Personal Activity Intelligence (PAI) Score ဘယ်လောက်ရှိလဲဆိုတာကိုတွက်ပေးလာဦးမှာပါ။  PAI ဟာ သင့်ရဲ့ နှလုံးခုန်နှုန်းကိုစစ်ပေးပြီး အပတ်တိုင်းမှာ ကျန်းမားရေးနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေပေးလာမှာပဲဖြစ်ပါတယ်။ ဉပမာအနေနဲ့ ရေသောက်နည်းတဲ့သူကို ရေပိုသောက်စေဖို့ အကြံပေးခြင်းမျိုးပါ။ တစ်ပတ်မှာ သင့်ရဲ့ PAI Score ဟာ 100 နဲ့ အထက်ရှိနေရင် သင့်မှာ Active Lifestyle (တက်ကြွတဲ့ လူနေမှုပုံစံ) ရှိနေတာကို ရည်ညွှန်းပါတယ်။ 

Magnetic Charging

အရင်က Band တွေမှာ Battery Life ဟာ ၂ ပတ်အထိခဲ့ကြပေမယ့်လည်း အားသွင်းတဲ့အခါမှာတော့ Band ကိုလက်ပတ်ကနေ ဖြုတ်ပြီး Charging Cradle ထဲကိုပြန်ထည့်ပြီး အားသွင်းရတာကြီးကတော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။  အဲ့လို Charging မျိုးကို လူတော်တော်များများကလည်း Complaint တက်ခဲ့ပါသေးတယ်။ အခု Mi Band 5 မှာတော့ အဲ့ပြဿနာကို  Magnetic Charging သုံးပြီး ဖြေရှင်းလိုက်ပါပြီ။ အားသွင်းမယ်ဆို အားသွင်းကြိုးထိပ်က ခေါင်းလေးနဲ့ Band ကိုကပ်လိုက်တာနဲ့တင်ရပါပြီ။ လက်ပတ်ကို ဖြုတ်နေစရာမလိုတော့ပါဘူး။  Mi Band 5 ရဲ့ Battery Life ဟာ ၁၄ ရက်အထိရပြီး Mi Band 4 တုန်းကလို ရေမီတာ ၅၀ အနက်အထိ Waterproof ဖြစ်ပါလိမ့်မယ်။

Xiaomi Mi Band 5 ဈေးနှုန်းနဲ့ တရားဝင်ရောင်းချလာမယ့်နေ့ရက်

Mi Band 5 ဟာ NFC ပါတဲ့ Version နဲ့ NFC မပါတဲ့ Version ဆိုပြီး ၂ မျိုးထွက်လာပါတယ်။ ဈေးအနေနဲ့  NFC ပါတဲ့ Version ကတော့ တရုတ်ယွမ် ၂၉၉ ( မြန်မာငွေ ၆ သောင်းဝန်းကျင်) နဲ့ NFC မပါတဲ့ Version ကတော့  တရုတ်ယွမ် ၁၈၉ ( မြန်မာငွေ ၃ သောင်း ၈ ထောင် ဝန်းကျင်) ဆိုပြီး အသီးသီးရှိပါတယ်။ အဆိုပါ Mi Band 5 ကို တရုတ်မှာ June 18 ရက်နေ့ မနက် ၁၀ နာရီမှာ စတင်ရောင်းချလာမယ်လို့ သိရပြီး ကျွန်တော်တို့ဆီကိုတော့ လကုန်လောက်မှ ရောက်ပါလိမ့်မယ်။ 

ကဲ Mi Band 4 နဲ့ ဈေးသိပ်မကွာတဲ့ ၄ သောင်းဝန်းကျင်နဲ့ရမယ့် Mi Band 5 ကိုဘယ်လိုမြင်ကြလဲ ? ထွက်လာရင်ရော ဝယ်ကြမလား ဆိုတာကို အောက်က comment မှာ ပရိသတ်တို့ရဲ့ အမြင်တွေကို ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။

Ref: Gizmochina, GSMArena, Android Authority