အရင်လလောက်တုန်းက Samsung Galaxy S21 ဟာ Snapdragon 875 Chipset ကိုပထမ‌ဆုံး သုံးလာမယ်လို့ သတင်း‌ေတွထွက်လာခဲ့ပါတယ်။ အခုမှာတော့ ဒီ Snapdragon 875 Chipset ကို Xiaomi ရဲ့Mi 11 က ပထမဆုံးသုံးလာမယ်လို့ သတင်းတွေထွက်လာပါပြီ။

ဒီသတင်းကိုတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station က Shared ခဲ့တာပဲဖြစ်ပါတယ်။ Digital Chat Station အရ Mi 11 ဟာ Snapdragon 875 Chipset ကို ပထမဆုံးသုံးလာမယ်လို့သိရပါတယ်။ ဒီလို Snapdragon 875 သုံးထားတဲ့ပထမဆုံးဖုန်း ဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ Mi 11 ကို Xiaomi ဘက်က သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ စောပြီးရောင်းချလာမှာပါ။

Snapdragon 875 Chipset ဟာဆိုရင် 5nm Process အပေါ်အခြေခံပြီးထုတ်လုပ်ထားတဲ့ Chipset တစ်ခုဖြစ်လာမှာပါ။ 5nm Chipset အဖြစ်ထွက်လာမ‌ှာမို့လို့ Chipset ဟာ Qualcomm ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Chipset ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်သူ့မှာ1+3+4 Arrangement Core အသစ်ပါလာနိုင်ပြီး ဒီထဲက Prime Core ဟာ Arm’s Cortex X1 ဖြစ်လာမယ်လို့သိရပါတယ်။ 5G အတွက် Snapdragon X60 5G Modem ကိုထည့်‌ေပးလာနိုင်ပါတယ်။ ဒ‌ီ Chipset ကိုတော့ Dec 1 ရက်နေ့မှာ ကျင်းပလာမယ့် Qualcomm Tech Summit မှာ မိတ်ဆက်လာဖို့ရှိနေပါတယ်။

ဒီ Snapdragon 875 Chipset အပြင် SD875 ထပ်ပိုနှိမ့်တဲ့ SD875 Lite Version ပါမိတ်ဆက်လာမယ်လို့သိရပါတယ်။ နောက်ထပ် Mid-range ဖုန်းတွေအတွက် Snapdragon 775G ကိုပါမိတ်ဆက်လာဦးမယ်လို့လည်းသိရပါတယ်။ ဒီလို Chipset အစုံထပ်မိတ်ဆက်ခဲ့ရင် ဖုန်းအသစ်၀ယ်တဲ့အခါ ပိုပြီး စဉ်းစားရကြပ်လာတော့မှာပါ။

ကဲ Mi 11 မှာ Snapdragon 875 Chipset အပြင် ဘယ်လို Feature တွေကိုမြင်ချင်သေးလဲ??

Comments မှာ၀င်ရောက်ဆွေးနွေးသွားကြပါဦးနော်

Ref : Gizmochina

Author