မကြာခင်မှာ Qualcomm ရဲ့ Snapdragon 875 Chipset ထွက်လာတော့မှာမို့လို့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတော်တော်များများဟာ ကမ္ဘာပထမဆုံး Snapdragon 875 Chipset ဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ ကြိုးစားနေပြီပဲဖြစ်ပါတယ်။ အရင်လလောက်တော့တုန်းကတော့ Samsung Galaxy S21 ဟာ Snapdragon 875 Chipset ကိုပထမ‌ဆုံး သုံးလာမယ်လို့ သတင်းတွေထွက်ထားပါတယ်။ ဒီသီတင်းထွက်ပြီးမကြာခင်မှာပဲ Snapdragon 875 Chipset ကို Xiaomi ရဲ့ Mi 11 နဲ့ Mi 11 Pro က ပထမဆုံးသုံးလာမယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခုမှာတော့ Mi 11 Pro ရဲ့  Specs တစ်ချို့ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ 

ဒီ Specs တွေကိုတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station က Weibo မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ Digital Chat Station အရ Mi 11 Pro Display မှာ QHD+ resolution နဲ့ 120 Hz refresh rate ကိုထောက်ပံ့ပေးလာမယ်လို့သိရပါတယ်။  ဒီ Display ဟာ အရင် Mi 10 Pro မှာပါခဲ့တဲ့  1080p resolution ၊ 90 Hz refresh rate တို့ထက်သိသိသာသာပိုကောင်းလာမှာပဲဖြစ်ပါတယ်။

နောက်ထပ်ဖုန်းရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole တစ်ခုပါလာဖို့ရှိနေပြီး Display မှာ Curved Display ကိုသုံးပေးလာမယ်လို့ Digital Chat Station ကဖော်ပြထားပါတယ်။ Camera ပိုင်းမှာလည်း Mi 10 Pro ထက်သိသိသာသာပိုကောင်းလာမယ့်  Camera Setup ပါဝင်လာဖို့ရှိနေပါတယ်။ Performance မှာ‌တော့အပေါ်မှာပြောထားသလိုပဲ Snapdragon 875 Chipset နဲ့အားဖြည့်ပေးလာဖို့ရှိနေပါတယ်။

 Snapdragon 875 Chipset ဟာဆိုရင် 5nm Process အပေါ်အခြေခံပြီးထုတ်လုပ်ထားတဲ့ Chipset တစ်ခုဖြစ်လာမှာပါ။ 5nm Chipset အဖြစ်ထွက်လာမှာမို့လို့ Chipset ဟာ Qualcomm ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Chipset ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်သူ့မှာ1+3+4 Arrangement Core အသစ်ပါလာနိုင်ပြီး ဒီထဲက Prime Core ဟာ Arm’s Cortex X1 ဖြစ်လာမယ်လို့သိရပါတယ်။ 5G အတွက် Snapdragon X60 5G Modem ကိုထည့်‌ေပးလာနိုင်ပါတယ်။ ဒ‌ီ Chipset ကိုတော့ Dec 1 ရက်နေ့မှာ ကျင်းပလာမယ့် Qualcomm Tech Summit မှာ မိတ်ဆက်လာဖို့ရှိနေပါတယ်။

အချုပ်အနေနဲ့  Mi 11 နဲ့ 11 Pro  မှာ Snapdragon 875 Chipset အပြင် ဘယ်လို Feature တွေကိုမြင်ချင်ကြလဲ?? 

Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ..

Ref: Gizmochina

Author