Xiaomi ကတော့ လာမယ့် February 12, 2021 မှာကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်မှာ Mi 11  ထက်ပိုအဆင်မြင့်တဲ့ Xiaomi Mi 11 Pro ကိုမိတ်ဆက်ဖို့စီစဉ်နေပြီပဲဖြစ်ပါတယ်။ အခုမှာတော့ ဖုန်းမထွက်လာသေးခင်မှာပဲ Mi 11 Pro ရဲ့  Render  ပုံတွေ  Weibo မှာထွက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီပုံတွေထဲမှာတော့ ဖုန်းရဲ့  ကျောဘက် Design ကိုသေသေချာချာပြပေးထားတာကိုတွေ့ရမှာပါ။

ပံုတွေ အရ Xiaomi Mi 11 Pro မှာ အလျားလိုက်တပ်ဆင်ပေးထားတဲ့ Camera Setup ကိုတွေ့ရမှာပါ။ ဒီ Camera Setup ထဲမှာဆိုရင် ကင်မရာလေးလုံးနဲ့အတူ LED Flash တစ်ခုကိုတပ်ဆင်ပေးထားပါတယ်။ ဒီ Camera တွေထဲ စတုရန်းဆန်ဆန် Camera ဟာဆိုရင် Periscope Telephoto Lens ဖြစ်လာဖို့ခန့်မှန်းရပြီး ဒီ Camera အောက်မှာ 120x Digital Zoom ဆိုပြီးရေးပြထားတာမို့လို့ ဖုန်းမှာ 120x Digital Zoom အထိထောက်ပံ့ပေးလာနိုင်ပါတယ်။ Main Camera ကတော့ Mi 11 လို 108-megapixel ဖြစ်လာနိုင်ပါတယ်။  ဒီ Mi 11 Pro ဟာဆိုရင် Xiaomi ကနေ ထွက်ထားခဲ့တဲ့ဖုန်းတွေထဲမှာ Camera အကောင်းဆုံးဖုန်းအနေနဲ့ထွက်လာမယ်လို့ သိထားရပါတယ်။

Specs တွေအနေနဲ့  Mi 11 Pro မှာ 6.81-inch AMOLED Display ကိုသုံးပေးလာဖို့ရှိနေပြီး ဒီ Display ဟာဆိုရင်  Quad HD+ Resolution,  120Hz Refresh Rate , 480Hz Touch Sampling Rate ထောက်ပံ့ပေးလာမယ်လို့သတင်းတွေထွက်ထားပါတယ်။ Performance မှာတော့ Mi 11 လိုပဲ Snapdragon 888 Chipset နဲ့အားဖြည့်ပေးလာမှာပါ။ Battery အတွက်တော့ 120W Wired Charging ထောက်ပံ့ပေးထားတဲ့ 4,500mAh Battery ပါဝင်လာဖို့ရှိနေပါတယ်။

နောက်ထပ်ဖုန်းမှာ 80W Wireless Charging  အထိထောက်ပံ့ပေးလာမယ်လို့လည်းသိထားရပါတယ်။ ဒီ 80W Charging ဟာဆိုရင်Xiaomi ကနေထုတ်ထားတဲ့ ကမ္ဘာ့အမြန်ဆုံး Wireless Charging လို့ပြောလို့ရပါတယ်။ 80W Wireless Charging ကြောင့် 4,000mAh Battery ကို 19 မိနစ်အတွင်းမှာ အားအပြည့်ဖြည့်ပေးနိုင်မယ်လို့ Xiaomi ကဆိုထားပါတယိ။ အားတစ်၀က်ကိုလည်း ၈ မိနစ်အတွင်းမှာသွင်းပေးနိုင်မယ်လို့သိရပါတယ်။

ကဲ Mi 11 Pro မှာ ဘယ်လို Features တွေကိုမြင်ချင်ကြလဲ?

Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Ref : Gizmochina

Author