အရင်လတုန်းက Xiaomi အနေနဲ့  Xiaomi Mi 10T Series ကို နိုင်ငံတကာ  ဈေးကွက်မှာမိတ်ဆက်လာဖို့ စီစဉ်နေပြီလို့သတင်းတွေထွက်လာခဲ့ပါတယ်။ ဒီ Mi 10T Series ထဲမှာ Mi 10T Lite ၊ Mi 10T နဲ့ Mi 10T Pro တို့ပါဝင်လာမှာဖြစ်ပါတယ်။ ထုံးစံအတိုင်းဖုန်းတွေထွက်လာဖို့ အချိန်နီးကပ်လာတဲ့နဲ့အမျှ  အခုမှာတော့ Mi 10T Pro ရဲ့ ပုံတွေနဲ့  Specs တွေ ထပ်ပေါက်ကြားလာခဲ့ပါတယ်။ 

ဒီပုံတွေနဲ့ဈေးတွေကတော့ Amazon Spain Website မှာပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ Amazon Spain Website ပေါ်ကပုံတွေအရ Mi 10T ရဲ့ဈေးဟာ €550 ( မြန်မာငွေ ၈ သိန်း ၇ သောင်း ဝန်းကျင်ခန့်) ၊ Mi 10T Pro ကတော့ €640 ( မြန်မာငွေ ၁၀ သိန်း ၁ သောင်း ဝန်းကျင်ခန့်) ကျသင့်လာမှာပါ။ 

ဆိုတော့ Mi 10T နဲ့ Mi 10T Pro မှာ ဘယ်လို Specs တွေပါလာမလဲ ??

Design 

အခုထွက်လာတဲ့ပုံတွေအရ Mi 10 Pro ရဲ့ကျောဘက်မှာ ထောင့်မှန်စတုဂံပုံစံ Camera Setup အသစ်ကို တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။  ဒီ Setup ထဲမှာတော့ Main Camera နဲ့အတူ အရံ Camera နှစ်လုံးကိုတပ်ဆင်ပေးထားပါတယ်။  ကျောဘက် Design ကတော့ အရောင်နှစ်ရောင်ပြေး Glass Design ကိုသုံးထားတဲ့ပုံပါပဲ။ ဖုန်းရဲ့ရှေ့ဘက်မှာတော့ Selfie အတွက် Punch-hole အသေးတစ်ခုကိုတပ်ဆင်ပေးတာကိုတွေ့ရမှာပါ။

Volume ခလုတ်နဲ့ Power ခလုတ်ကိုတော့ ဖုန်းရဲ့ညာဘက်မှာတပ်ဆင်ပေးထားတာပါတယ်။ Speakers အပေါက်နဲ့ Type-C Port တို့ကိုတော့ ဖုန်းရဲ့အောက်ခြေမှာတွေ့လာရမှာပါ။  3.5mm နားကြပ်ပေါက် ပါလာဖို့ရှိမရှိကိုတော့သေချာမသိရသေးပါဘူး။ 

Display 

Xiaomi Mi 10T Pro မှာ 144Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ OLED Display ပါလာဖို့ရှိနေပါတယ်။ ဖုန်းရဲ့ Screen Size ကိုတော့သေချာမသိရသေးပါဘူး။ OLED Display ကြောင့် Under-display fingerprint ပါလာနိုင်ပေမယ့်လည်း အရင်ကသတင်းတွေမှာတော့ Under-display ingerprint အစား Side-mounted Fingerprint Sensor ကိုပဲထည့်ပေးလာမယ်လို့သိထားရပါတယ်။ ဒါမှမဟုတ် LCD ကိုမှ 144hz နဲ့ဖြစ်လာ  မလား ?   စဉ်းစားစရာပါပဲ… 

Camera

Camera အတွက်ဖုန်းမှာ Triple Camera ကိုတပ်ဆင်ပေးလာမှာပါ။ ဒီ Setup ထဲမှာ 108-Mgapixel Main lens ပါလာဖို့သေချာသလောက်ရှိနေပါတယ်။ တစ်ခြား Camera Sensors နှစ်ခုရဲ့ အချက်အလက်တွေကိုတော့ သေချာမသိရသေးပါဘူး၊။

Performance 

Performance မှာတော့ Flagship ဖုန်းတော်တော်များများမှာသုံးထားတဲ့ Snapdragon 865 Chip နဲ့အားဖြည့်ပေးလာမှာပါ။ ဒီ Chip ကိုတော့ 8GB RAM ၊ 265GB Storage နဲ့ တွဲပေးသွားမှာဖြစ်ပါတယ်။ Battery အတွက်တော့ 5,000 mAh Battery ပါလာဖို့ရှိနေပါတယ်။ Fast Charging ပိုင်းမှာတော့ သေချာအသိအကျမသိရသေးပေမယ့် 65W ဒါမှမဟုတ် 120 W လောက်ပါလာနိုင်ပါတယ်။ 

Mi 10T မှာတော့ Camera ပိုင်းမှာ 108 MP Main Camera အစား 64 MP Main Camera ပါလာမှာကလွှဲပြီးကျန်တဲ့ Specs တွေကတော့ Mi 10T Pro နဲ့ တူလာနိုင်ပါတယ်။ 

လောလောဆယ်တော့ Mi 10 T ၊ Mi 10T Pro တို့ရဲ့  Specs တွေပဲထွက်ထားပါသေးတယ်။ Mi 10T Lite နဲ့ပတ်သက်ပြီး ဘာသတင်းအစအနမှမထွက်ထားသေးပါဘူး။ 

ဒီ Mi 10T Series ကိုတော့ ဒီနှစ် October ဒါမှမဟုတ် ဒီနှစ်ကုန်လောက်မှာသာ တွေ့လာရနိုင်ပါတယ်။ 

Ref: GSMArena

Mi 10T Series ရဲ႕ေဈးေတြထြက္ေပၚလာ…

(Zawgyi)

အရင္လတုန္းက Xiaomi အေနနဲ႔ Xiaomi Mi 10T Series ကို ႏိုင္ငံတကာ ေဈးကြက္မွာမိတ္ဆက္လာဖို႔ စီစဥ္ေနၿပီလို႔သတင္းေတြထြက္လာခဲ့ပါတယ္။ ဒီ Mi 10T Series ထဲမွာ Mi 10T Lite ၊ Mi 10T နဲ႔ Mi 10T Pro တို႔ပါဝင္လာမွာျဖစ္ပါတယ္။ ထုံးစံအတိုင္းဖုန္းေတြထြက္လာဖို႔ အခ်ိန္နီးကပ္လာတဲ့နဲ႔အမွ် အခုမွာေတာ့ Mi 10T Pro ရဲ႕ ပုံေတြနဲ႔ Specs ေတြ ထပ္ေပါက္ၾကားလာခဲ့ပါတယ္။

ဒီပုံေတြနဲ႔ေဈးေတြကေတာ့ Amazon Spain Website မွာေပၚထြက္လာတာပဲျဖစ္ပါတယ္။ Amazon Spain Website ေပၚကပုံေတြအရ Mi 10T ရဲ႕ေဈးဟာ €550 ( ျမန္မာေငြ ၈ သိန္း ၇ ေသာင္း ဝန္းက်င္ခန႔္) ၊ Mi 10T Pro ကေတာ့ €640 ( ျမန္မာေငြ ၁၀ သိန္း ၁ ေသာင္း ဝန္းက်င္ခန႔္) က်သင့္လာမွာပါ။

ဆိုေတာ့ Mi 10T နဲ႔ Mi 10T Pro မွာ ဘယ္လို Specs ေတြပါလာမလဲ ??

Design

အခုထြက္လာတဲ့ပုံေတြအရ Mi 10 Pro ရဲ႕ေက်ာဘက္မွာ ေထာင့္မွန္စတုဂံပုံစံ Camera Setup အသစ္ကို တပ္ဆင္ေပးထားတာကိုေတြ႕ရမွာပါ။ ဒီ Setup ထဲမွာေတာ့ Main Camera နဲ႔အတူ အရံ Camera ႏွစ္လုံးကိုတပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္ Design ကေတာ့ အေရာင္ႏွစ္ေရာင္ေျပး Glass Design ကိုသုံးထားတဲ့ပုံပါပဲ။ ဖုန္းရဲ႕ေရွ႕ဘက္မွာေတာ့ Selfie အတြက္ Punch-hole အေသးတစ္ခုကိုတပ္ဆင္ေပးတာကိုေတြ႕ရမွာပါ။

Volume ခလုတ္နဲ႔ Power ခလုတ္ကိုေတာ့ ဖုန္းရဲ႕ညာဘက္မွာတပ္ဆင္ေပးထားတာပါတယ္။ Speakers အေပါက္နဲ႔ Type-C Port တို႔ကိုေတာ့ ဖုန္းရဲ႕ေအာက္ေျခမွာေတြ႕လာရမွာပါ။ 3.5mm နားၾကပ္ေပါက္ ပါလာဖို႔ရွိမရွိကိုေတာ့ေသခ်ာမသိရေသးပါဘူး။

Display

Xiaomi Mi 10T Pro မွာ 144Hz Refresh Rate ေထာက္ပံ့ေပးထားတဲ့ OLED Display ပါလာဖို႔ရွိေနပါတယ္။ ဖုန္းရဲ႕ Screen Size ကိုေတာ့ေသခ်ာမသိရေသးပါဘူး။ OLED Display ေၾကာင့္ Under-display fingerprint ပါလာႏိုင္ေပမယ့္လည္း အရင္ကသတင္းေတြမွာေတာ့ Under-display ingerprint အစား Side-mounted Fingerprint Sensor ကိုပဲထည့္ေပးလာမယ္လို႔သိထားရပါတယ္။ ဒါမွမဟုတ္ LCD ကိုမွ 144hz နဲ႔ျဖစ္လာ မလား ? စဥ္းစားစရာပါပဲ…

Camera

Camera အတြက္ဖုန္းမွာ Triple Camera ကိုတပ္ဆင္ေပးလာမွာပါ။ ဒီ Setup ထဲမွာ 108-Mgapixel Main lens ပါလာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။ တစ္ျခား Camera Sensors ႏွစ္ခုရဲ႕ အခ်က္အလက္ေတြကိုေတာ့ ေသခ်ာမသိရေသးပါဘူး၊။

Performance

Performance မွာေတာ့ Flagship ဖုန္းေတာ္ေတာ္မ်ားမ်ားမွာသုံးထားတဲ့ Snapdragon 865 Chip နဲ႔အားျဖည့္ေပးလာမွာပါ။ ဒီ Chip ကိုေတာ့ 8GB RAM ၊ 265GB Storage နဲ႔ တြဲေပးသြားမွာျဖစ္ပါတယ္။
Battery အတြက္ေတာ့ 5,000 mAh Battery ပါလာဖို႔ရွိေနပါတယ္။ Fast Charging ပိုင္းမွာေတာ့ ေသခ်ာအသိအက်မသိရေသးေပမယ့္ 65W ဒါမွမဟုတ္ 120 W ေလာက္ပါလာႏိုင္ပါတယ္။

Mi 10T မွာေတာ့ Camera ပိုင္းမွာ 108 MP Main Camera အစား 64 MP Main Camera ပါလာမွာကလႊဲၿပီးက်န္တဲ့ Specs ေတြကေတာ့ Mi 10T Pro နဲ႔ တူလာႏိုင္ပါတယ္။

ေလာေလာဆယ္ေတာ့ Mi 10 T ၊ Mi 10T Pro တို႔ရဲ႕ Specs ေတြပဲထြက္ထားပါေသးတယ္။ Mi 10T Lite နဲ႔ပတ္သက္ၿပီး ဘာသတင္းအစအနမွမထြက္ထားေသးပါဘူး။

ဒီ Mi 10T Series ကိုေတာ့ ဒီႏွစ္ October ဒါမွမဟုတ္ ဒီႏွစ္ကုန္ေလာက္မွာသာ ေတြ႕လာရႏိုင္ပါတယ္။

Ref: GSMArena

Author