အရင်အပတ်တွေတုန်းက Xiaomi အနေနဲ့  သူတို့ရဲ့   Xiaomi Mi 10T Series အသစ်ကို ထုတ်လုပ်ဖို့ ဖို့စီစဉ်နေပြီဖြစ်တဲ့အကြောင်းကို စာဖတ်သူ အားလုံးသိပြီးဖြစ်မှာပါ။ ဒီဖုန်းတွေကတော့ ဒီလကုန်လောက်မှာမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီ Series ထဲမှာ Xiaomi Mi 10T Pro ၊ Mi 10T ပါလာဖို့က သေချာသလောက်ရှိနေပါတယ်။  နောက်ထပ် Mi 10T Lite ပါလာမယ့် အကြောင်းတွေလည်း သတင်းတွေထွက်ထားပါသေးတယ်။ အခုမှာတော့  Model နံပါတ် M2007J17G ရှိတဲ့ Xiaomi ဖုန်းတစ်လုံး  Federal Communications Commission (FCC) မှာထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီဖုန်းဟာ  Xiaomi Mi 10T Lite ဖြစ်လာဖို့ခန့်မှန်းရပါတယ်။

FCC စာရင်းအရ ဖုန်းမှာ  MIUI 12 နဲ့  4,720mAh capacity ပါဝင်ထားကြောင်းဖော်ပြထားပါတယ်။ နောက်ထပ်ဖုန်းဟာ 5G ၊ Wi-Fi 802.11ac ၊ Bluetooth ၊ NFC ကိုထောက်ပံ့ပေးထားကြောင်းကိုလည်းဖော်ပြထားပါတယ် စာရင်းထဲမှာတော့ ဒီအချက်တွေကိုပဲဖော်ပြပေးထားပါတယ်။ တစ်ခြား အချက်တွေကိုတော့ သိထားရခြင်းမရှိပါဘူး။ 

ဒီသတင်းနဲ့ဆက်စပ်ပြီး  Mi10 T Series ရဲ့  Specs တွေကိုပါတစ်ခါတည်းဖော်ပြပေးသွားပါ့မယ်။ 

Xiaomi Mi 10T Pro ၊  Mi 10T တို့ရဲ့  Specs တွေကတော့…

Xiaomi Mi 10T Pro မှာ Punch-hole တစ်ခုပါတဲ့ 6.67-inch IPS LCD screen ပါလာဖို့ရှိနေပြီး ဒီ Display ဟာ  144Hz refresh rate ကိုထောက်ပံ့ပေးလာဦးမှာပါ။ ဒီမှာ LC D Display ဖြစ်သွားတဲ့အတွက်Side-mounted Fingerprint Sensor ကိုပဲသုံးပေးလာနိုင်ပါတယ်။ 

Camera အတွက် Mi 10T Pro မှာ 108MP Primary Sensor ၊ 20MP Ultra-Wide Lens နဲ့ 12MP Telephoto Lens တို့ပါတဲ့ Triple Camera ကိုတပ်ဆင်ပေလာနိုင်ပါတယ်။ 

Performance မှာတော့  Flagship Snapdragon 865 Chip နဲ့အားဖြည့်ပေးလာမှာပါ။ ဒီ Chip ကိုတော့ 8GB RAM ၊ 265GB Storage နဲ့ တွဲပေးလာဖို့ရှိနေပါတယ်။ Software ပိုင်းမှာ Android 10 အပေါ်အခြေခံထားတဲ့ MIUI 12 နဲ့ Run ပေးလာမှာဖြစ်ပြီး Battery အတွက်တော့ 5,000 mAh Battery ပါလာဖို့ရှိနေပါတယ်။ 

Xiaomi Mi 10T ကတော့ 5G ပါတဲ့  Snapdragon 7-series Chip ၃၃၃ဟ’-အသစ်နဲ့အားဖြည့်ပေးလာနိုင်ပါတယ်။ Cameras မှာတော့ Mi 10T Pro ရဲ့ 108MP Camera အစား 64-Megapixel Triple Rear Camera ပဲသုံးပေးလာမှာပါ။ ကျန်တဲ့ အချက်တွေကတော့ Mi 10T Pro နဲ့တူလာနိုင်တယ်။ Mi10 T နဲ့ပတ်သက်ပြီး Specs အတိအကျထွက်ထားခြင်းမရှိသေးပါဘူး။ 

ဈေးတွေအနေနဲ့ Mi 10T Pro ဟာ 699 Euros (မြန်မာငွေ  ၁၀ သိန်း ၂ သောင်း ဝန်းကျင်) 

Mi 10T ကတော့ 550 Euros (မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်)  ကျသင့်လာနိုင်ပါတယ်။  Mi 10T Lite ဈေးကိုတော့သေချာမသိရသေးပေမယ့်  မြန်မာငွေ ၆ သိန်းဝန်ကျင်လောက်နဲ့ထွက်လာဖို့ခန့်မှန်းရပါတယ်။ 

Ref : Gizmochina

Author