ဒီနေ့အစောပိုင်းလောက်တုန်းက Xiaomi အနေနဲ့ Mi 10 Series ထဲက Model အသစ်တစ်ခုကိုထုတ်ဖို့စီစဉ်နေကြောင်းသတင်းတွေထွက်လာပါတယ်။ ဒီသတင်းကိုတော့ နာမည်ကြီး Tipster  တစ်ဦးဖြစ်တဲ့ @ Digital Chat Station က Weibo မှာတင်ခဲ့တာပဲဖြစ်ပါတယ်။

‌Digital Chat Station  တင်ထားတဲ့ Post အရ Xiaomi အ‌နေနဲ့ Snapdragon 870 Chipset အသစ်သုံးထားတဲ့ Mi 10 Model ကိုမိတ်ဆက်လာဖို့စီစဉ်နေကြောင်းသိရပါတယ်။ နောက်ထပ် Xiaomi အနေနဲ့ Snapdragon 870 processor အသစ်သုံးထားတဲ့ Prototype ဖုန်းတစ်လုံးကိုစမ်းသပ်နေကြောင်းသတင်းတွေထွက်ထားပါတယ်။ 

ဒီ Snapdragon 870 Chipset ဟာဆိုရင် Snapdragon 865+ လို 7nm process အပေါ်အခြေခံပြီးထွက်လာပါတယ်။ သူ့မှာထူးထူးခြားခြားဖြစ်နေတာကတော့  CPU ပါပဲ။ သူ့ရဲ့ Prime Cortex A77 Core တွေဟာ Clock Speed 3.2 GHz အထိတင်ပေးနိုင်ပါတယ်။ ဒီ Clock Speed  ဟာဆိုရင် Mobile Chipset တွေထဲမှာ အမြန်ဆုံးလို့ပြောလို့ရပါတယ်။

လက်ရှိမှာတော့ Snapdragon 870 Chipset ဖုန်းကို‌  Motorola ကနေပထမဆုံးမိတ်ဆက်ထားပါတယ်။ Xiaomi ကနေသာဒီ Mi 10 ကိုအမြန်ထုတ်လာနိုင်ရင်  ဒီ Mi 10 Model အသစ်ဟာ Snapdragon 870 Chipset ကိုသုံးထားတဲ့ ဒုတိယမြောက်ဖုန်းဖြစ်လာမှာပါ။ ဒီ Snapdragon 870 Chipset ကို Motorola နဲ့ Xiaomi အပြင် OPPO ၊ OnePlus ၊  iQOO နဲ့တစ်ခြားကုမ္ပဏီတွေကပါသုံးလာဖို့ရှိနေသေးတယ်လို့လည်း သိထားရပါသေးတယ် 

ကဲ အားလုံးရော Mi 10 Model အသစ်မှာ ဘယ်လို Features တွေမြင်ချင်ကြလဲ??

Comment မှာ၀င်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Author