မကြာသေးခင်က Antutu မှာ  စုစုပေါင်းအမှတ်  687,000  အထိရခဲ့တဲ့ Xiaomi ဖုန်းတစ်လုံးထွက်ရှိလာခဲ့ပါတယ်။  

687,000 ဆိုတဲ့အမှတ်ဟာ Asus ROG Phone 3 ( 621,000 Points) ထက်ပိုများနေတာကြောင့် တော်တော်လေး စိတ်ဝင်စားစရာကောင်းနေတာတော့အမှန်ပါ။ 

Antutu မှာဖော်ပြထားတဲ့ အချက်တွေအရ ဒီ Xiaomi ဖုန်းထဲမှာ Snapdragon 865 Plus နဲ့ Snapdragon 865 Chipset တို့ကြား ဘယ် Chipset ကိုသုံးလာမလဲဆိုတာ မေးခွန်းထုတ်စရာတော့ရှိနေပါတယ်။   

နောက်ပြီး အခု ဖုန်းဟာ ဘယ်ဖုန်းများဖြစ်လာမလဲ??

Antutu ထဲက Model နံပါတ်  M2007J1SC အရဆို ဖုန်းဟာ Mi 10 Series ထဲအဖွင့်ဝင်အသစ်ဖြစ်နိုင်ပါတယ်။ ကောလဟလတွေမှာတော့ Mi 10 Pro Plus ဖြစ်လာမယ်လို့ ပြောထားကြပါတယ်။ 

မကြာသေးခင်က Xiaomi ရဲ့ CEO Lei Jun ကလည်း သူတို့ရဲ့ Flagship ဖုန်းအသစ်ရဲ့ Specs တွေကို Teased  လုပ်ခဲ့ပါသေးတယ်။ Lei Jun ရဲ့ ပြောကြားချက်အရ ဖုန်းမှာ Stereo Speakers  ၊ High-Refresh Rate Screen ၊ In-display Fingerprint Reader ၊ Headphone Jack ၊ Cooling System ၊ 30x zoom ထက်ပိုများမယ့် Zoom ၊ 4,500mAh battery နဲ့ wireless charging ပါဝင်လာမယ်လို့သိရပါတယ်။ 

အပေါ်က Specs တွေကိုပေါင်းပြီး ခန့်မှန်းကြည့်လိုက်ရင်  Xiaomi Mi 10 Pro Plus ဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး 120Hz screen ပါလာတဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။ တစ်ခြား Specs တွေအနေနဲ့  Snapdragon 865 ၊ 108MP main camera ၊ 120W wired charging ထောက်ပံ့ပေးလာမယ့် 4,500mAh Battery ပါလာမယ်လို့ခန့်မှန်းရပါတယ်။ ဖုန်းကို August လအစောပိုင်းမှာ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ထားပါတယ်။ 

Mi 10 Pro Plus ထွက်လာခဲ့ရင် Performance အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုရယူတော့မလား??

Xiaomi High End ဖုန်းတွေကလည်း Gaming သီးသန့်ဖုန်းတွေနဲ့မတူတဲ့ Premium Design တွေနဲ့ လန်းလန်း ကြမ်းကြမ်းတွေဖြစ်လေ့ရှိတော့ ဒီ Mi 10 Pro Plus ကရော ဘယ်လိုတွေလုပ်ပြနိုင်လိမ့်အုံးမလဲဆိုတာကတော့..

Ref : GSMArena

Author