MediaTek ကတော့ ဒီနှစ်အတွင်းမှာသူတို့ရဲ့ Chipsets အသစ်တွေနဲ့အတူ စမတ်ဖုန်းတွေကြားမှာတော်တော်လေးနာမည်ရခဲ့တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့်သူတို့ရဲ့  Dimensity series အသစ်ကြောင့် ပိုပြီး နာမည်ကြီးခဲ့ပါတယ်။ ဒီ  Dimensity series ကြောင့်ပဲ လူတော်တော်များများရဲ့လက်ထဲမှာ 5G ရတဲ့ဖုန်းတွေကိုတွေ့လာရပါတော့တယ်။ အခုမှာတော့  ဒီ Dimensity  Series ရဲ့အောင်မြင်မှုနဲ့အတူ MediaTek အနေနဲ့ နောက်ထပ် Chipse အသစ်နှစ်မျိုးကို ထပ်မိတ်ဆက်လာတော့မယ်လို့သတင်းတွေထွက်လာပါပြီ။ 

ဒီသတင်းကိုတာ့ နာမည်ကြီး Chinese Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Shared ခဲ့တာပဲဖြစ်ပါတယ်။ Digital Chat Station အရ MT6893 and MT6891 ဆိုပြီး Code Named ပေးထားတဲ့ Chipset နှစ်ခုဟာ 5nm ဒါမှမဟုတ် 6nm Process အပေါ်အခြေခံပြီးထုတ်လုပ်လာမယ်လို့သိရပါတယ်။ နောက်ထပ် ဒီ Chipset နှစ်ခုစလုံးမှာ High-Performance Cortex-A78 Arm CPU Core လည်းပါဝင်လာဦးမှာပါ။ 

အခုလက်ရှိမှာဆိုရင် Dimensity 1000+ Chipset ဟာ  MediaTek ရဲ့ Powerful အဖြစ်ဆုံး Chipset လို့ပြောလို့ရပါတယ်။ တကယ်လို့ ဒီ Chipsets အသစ်တွေသာထွက်လာရင်တော့ Dimensity 1000+ Chipset ကတော့  MediaTek ရဲ့ Powerful အဖြစ်ဆုံး Chipset နေရာကနေဖယ်ပေးလာရနိုင်ပါတယ်။  ဒီ Chipet အသစ်ဟာ  Dimensity Series နာမည်အောက်မှာပဲထွက်လာနိုင်ပါတယ်။

လောလောဆယ်မှာတော့ ဒီ Chipsets အသစ်တွေထွက်ရှိလာမယ့်ရက် အတိအကျကိုတော့မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ ဒီ Chipsets တွေနဲ့ပတ်သက်ပြီး သတင်းတွေထပ်ထွက်လာနိုင်ပါတယ်။ 

Ref :Gizmochina

Author