Huawei အနေနဲ့ မနေ့က တရုတ်မှာ Online Lunch Event တစ်ခုပြုလုပ်ခဲ့ပြီး   Huawei MateBook D 15 2020 Ryzen Edition notebook ၊ Huawei TalkBand B6 ၊ Huawei Kids Watch 4X ၊ Tablet အသစ်ဖြစ်တဲ့ MatePad 10.8 တို့ကိုမိတ်ဆက်လိုက်ပါတယ်။ အခု MatePad 10.8 ဟာ 2K Resolution Display ၊ Flagship Processor ၊ ပိုကြီးပိုများတဲ့  Battery ၊ M-Pencil Stylus စတဲ့ အကြမ်းစား Features တွေနဲ့ ပွဲထွက်လာပါတယ်။ 

ဒီ MatePad ဟာ အရင်ကထွက်ထားတဲ့ Mate Pad Pro နဲ့ Mate Pad  8.0 တို့ကြားဘယ်လိုအချက်တွေများကွားသွားမလဲ?? 

Specifications တွေကိုကြည့်လိုက်တဲ့အခါမှာတော့.. 

Huawei MatePad မှာ 1600 x 2560 Pixels Resolution ( 2K Resolution) ရှိတဲ့ 10.8-inch IPS LCD Display ကိုအသုံးပြုပေးထားပါတယ်။ 

Tablet ကို Flagship Chipset တစ်ခုဖြစ်တဲ့ Kirin 990 Chipset နဲ့ အားဖြည့်ပေးထားပြီး RAM 6 GB နဲ့တွဲပေးလာပါတယ်။ Internal Storage ကိုလည်း 256GB အထိရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ 

Software ပိုင်းအတွက် Huawei MatePad မှာ Android 10 အပေါ်အခြေခံထားတဲ့ EMUI 10.1 ကိုတစ်ခါတည်းထည့်ပေးလာပါတယ်။ Memory များများသုံးချင်တဲ့ သူတွေအတွက်  Micro SD Card Slot လည်းပါဝင်ထားပါသေးတယ်။ 

Camera အတွက်တော့ 13-Megapixel Main Camera တစ်လုံးကိုပဲတပ်ဆင်ပေးထားပြီး Selfie အတွက်လည်း  8-Megapixel Camera တစ်လုံးကိုပဲတပ်ဆင်ပေးထားပါတယ်။ Dual Cameras တွေမတပ်ထားပေမယ့်လည်း Tablet တစ်ခုအတွက် ဒီ Camera ဟာလုံလောက်တဲ့ အနေအထားမှာရှိပါတယ်။ 

MatePad 10.8 မှာ 22.5W Fast Charging ကိုထောက်ပံ့ပေးထားတဲ့ 7,500mAh Battery ကိုတပ်ဆင်ပေးထားပါတယ်။ နောက် Tablet ကို Keyboard တစ်ခုနဲ့ အလွယ်တကူချိတ်လို့ရအောင် Tablet ရဲ့ ထောင့်တွေမှာ  Pogo-Pin Slot လေးတွေကိုတပ်ပေးထားပါတယ်။ 

Audio ပိုင်းမှာ  Harmon Kardon ကနေပြုလုပ်ပေးထားတဲ့  Speakers လေးလုံးကိုတပ်ဆင်ပေးထား ပြီး 

Histen 6.1 sound effects ကိုထောက်ပံ့ပေးထားပါတယ်။ Histen 6.1 Sound Sffects ဆိုတာကတော့ သီချင်းတွေနားထောင်တဲ့အခါ  3D audio ၊ Natural ၊ Standard ဆိုပြီး Effects အစုံကို ကျွန်တော်တို့ စိတ်ကြိုက်ရွေးလို့ရနိုင်မယ့် Feature တစ်ခုပဲဖြစ်ပါတယ်။ 

တစ်ခြား Features တွေအနေနဲ့ Fingerprint Scanner ၊  LTE ၊  Wi-Fi 6 ၊ Bluetooth 5.0 ၊ USB-C ၊ 3.5mm Audio Jack စတဲ့ Features တွေပါဝင်လာပါတယ်။ 

Huawei MatePad 10.8 ရဲ့ ဈေးနှုန်းများ..

Huawei MatePad 10.8 ဟာ တရုတ်မှာ 

Huawei MatePad 10.8  6 GB RAM + 64 GB Storage (Wi-Fi only) 

 2,399 Yuan (~$342) ( မြန်မာငွေ 4 သိန်း 7 သောင်း ဝန်းကျင်) 

Huawei MatePad 6 GB RAM + 128 GB Storage (Wi-Fi only)

 2,799 Yuan (~$399) ( မြန်မာငွေ  5 သိန်း ခွဲ ဝန်းကျင် )

Huawei MatePad 10.8  6 GB RAM + 256 GB Storage (Wi-Fi only with keyboard)

3,599 Yuan (~$513) ( မြန်မာငွေ 7 သိန်းဝန်ကျင်း ) 

Huawei MatePad 10.8 6 GB RAM + 128 GB Storage (LTE) 

3,199 Yuan (~$456) ( မြန်မာငွေ 6 သိန်း 2 သောင်း) ဆိုပြီး လေးမျိုးရောင်းချလာမှာပဲဖြစ်ပါတယ်။ 

တရုတ်မှာ စတင်ရောင်းချလာမယ့်ရက်ကတော့ Aug. 13 ရက်နေ့ဖြစ်ပြီး တစ်ခြားနိုင်ငံတွေမှာ ရောင်းချလာမယ့်ရက်ကိုတော့ Huawei ဘက်ကဖော်ပြသွားခြင်းမရှိပါဘူး…

Huawei MatePad 10.8 ဟာ  သူ့ထက်ဈေးကြီးတဲ့ Samsung နဲ့  Apple tablets တွေယှဉ်လာနိုင်မယ့် Tablet တစ်လုံးဖြစ်လာမလား?

Ref: Gizmochina

Author