Huawei ရဲ့ Mate Series အသစ်ဖြစ်တဲ့ Mate 40 Series ဟာ October လကုန်လောက်မှာထွက်ရှိလာတော့မှာကိုအားလုံးသိပြီးဖြစ်ပါတယ်။  Mate Series တွေရဲ့ထုံးစံအတိုင်း Mate 40 Series မှာ  အသစ်အသစ်သောနည်းပညာတွေပါလာမယ်ဆိုတာကတော့ အသေအချာပါပဲ။ 

အရင်ကတည်းက ဖုန်းနဲ့ပတ်သတ်ပြီး Huawei Liquid Lens Camera နည်းပညာအသစ်ပါဝင်လာမယ့် အကြောင်းနဲ့ Specs တစ်ချို့နဲ့ ပေါက်ကြားလာခဲ့ပြီးဖြစ်ပါတယ်။ အခုမှာလည်း ဖုန်းရဲ့ Battery ပိုင်းနဲ့ပတ်သတ်ပြီး Specs  တွေပေါက်ကြားလို့လာခဲ့ပါတယ်။

ဒီ သတင်းကိုတော့ Digital Chat Station က Twitter တင်ပြီးဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ သူတင်ထားတဲ့ Post ထဲက ပုံအရ Mate 40 Series မှာ 66W Fast Charging ထောက်ပံ့ပေးလာမယ်လို့ဖော်ပြထားပါတယ်။

ဖုန်းတွေရဲ့ Battery Capacity အတိအကျကိုတော့သေချာမသိရသေးပေမယ့်  Mate 40 (4300mAh) ၊ Mate 40 Pro (4600mAh) ၊ Mate 40 Pro Plus (5000mAh) ဆိုပြီး အသီးသီးပါလာမယ်လို့ အရင်ကသတင်းတွေအရသိထားရပါတယ်။ တစ်ခြား Specs တွေအနေနဲ့  Huawei Mate 40 မှာ LG Display ကနေထောက်ပံ့ပေးထားတဲ့ a 6.67-inch curved display ပါလာဖို့ရှိနေပြီး ဒီ Display ဟာ 90Hz Refresh Rate ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Cameras မှာဆိုရင်လည်း 50MP Main Camera + 20MP Ultra Wide Angle Camera + 8MP Telephoto Camera  စတဲ့ Cameras တွေကို Laser Module နဲ့တွဲလျှက် လာဖို့ရှိနေပါတယ်။ 

Mate 40 Pro/Mate 40 Pro+ မှာတော့ LG Display နဲ့ BOE ကနေထောက်ပံ့ပေးလာမယ့် Waterfall Display ပါလာဖို့ရှိနေပြီး ရိုးရိုး Mate 40 လိုပဲ 90Hz Refresh ပါဝင်လာမှာပါ။Performance အတွက်တော့  ကမ္ဘာ့ပထမဆုံး  5 nm Chipset ဖြစ်လာမယ့် Kirin 9000 5 nm Chip နဲ့အားဖြည့်ပေးလာမှာပါ။ 

Mate 40 Pro/Mate 40 Pro+ တို့ရဲ့ Cameras အတွက်တော့ ဖုLiquid Lens နည်းပညာပါတဲ့ 50MP Main Camera ကိုတပ်ဆင်ပေးလာဖို့ရှိနေပါတယ်။ ဒီ Liquid Lens နည်းပညာအသစ်ဟာဆိုရင် Auto Focus နဲ့ Stabilization  အပိုင်းကို ပိုကောင်းအောင်ပြုလုပ်ပေးလာမယ့် နည်းပညာတစ်ခုပဲဖြစ်ပါတယ်။

ဒီ 50MP Sensor နဲ့အတူ ဖုန်းမှာ 80MP Ultra Wide Angle Cine Camera  ၊ Periscope Lens နဲ့ ToF Sensor တို့ပါလာဖို့ရှိနေပါတယ်။

လောလောဆယ်တော့ Mate 40 Series နဲ့ပတ်သက်ပြီး အပေါ်ကအချက်တွေကိုပဲသိထားရပါသေးတယ်။ မကြာခင်မှာတော့ တစ်ခြား Specs တွေကိုတွေ့လာရနိုင်ပါတယ်။

Ref : Gizmochina

Author