Huawei အနေနဲ့ ဒီနေ့ည ၇ နာရီ လောက်တုန်းက Smart Life event 2020 ကိုကျင်းပခဲ့ပြီး အားလုံးစောင့်မျှော်နေကြတဲ့ Huawei ရဲ့ Mate 40 Flagship Series အသစ်ကို ဒီနေ့မှာပဲတရား၀င်မိတ်ဆက်ခဲ့ပါတယ်။ ဒီ Mate 40 Flagship Series နဲ့အတူ Huawei EyeWear II အသစ် ၊ FreeBuds Studio ၊ Porsche Design Huawei Watch GT2 တို့ကိုပါမိတ်ဆက်ခဲ့ပါသေးတယ်ဒီ Mate 40 Series ထဲမှာဆိုရင် HUAWEI Mate40 ၊HUAWEI Mate40 Pro ၊ HUAWEI Mate40 Pro+ ၊ PORSCHE DESIGN HUAWEI Mate40 RS စတဲ့ ဖုန်းလေးလုံးပါ၀င်လာပါတယ်။

ဆိုတော့ Mate 40 Series ဟာ ဘယ်လို Features တွေနဲ့ထွက်လာလဲ ကြည့်လိုက်ရအောင်…

Design

HUAWEI Mate40 Design ပထမဆုံး Huawei Mate 40 Seris ရဲ့ Design မှာ သိသိသာသာထူးခြားနေတာကတော့ သူရဲ့ Camera Design ပါ။ ဒီ Camera Design စက်ဝိုင်းပုံစံမျိုးဖြစ်ပြီး အရင် Mate 30 Series ရဲ့ Camera Setup ထက် ပိုကြီးသွားပါတယ်။ Huawei ကတော့ “Space Ring Design” လို့နာမည်ပေးထားပါတယ်။ဒီ စက်ဝိုင်းပုံ Camera Setup ရဲ့ အလယ်တည့်တည့်မှာတော့ Leica’s Logo ကိုထည့်ပေးထားပါတယ်။ ဖုန်းတွေ ရဲ့ရှေ့ဘက်မှာတော့ Selfie Camera အတွက် Punch Hole တပ်ဆင်ပေးထားတဲ့ Curved Display ကိုတွေ့ရမှာပါ။

Display

Display မှာတော့ Huawei Mate 40 မှာ 6.5-inch flexible OLED Display (2376 x 1080p resolution) ကိုသုံးပေးထားပြီး ဒီ Display ဟာ 90hz Refresh Rate နဲ့ 240Hz touch sampling rate ကိုထောက်ပံ့ပေးထားပါတယ်။

Mate 40 Pro နဲ့ Pro+ မှာတော့ တူညီတဲ့ 6.76-inch flexible OLED Display (2772 x 1344p resolution) ကိုသုံးပေးထားပါတယ်။ သူတို့မှာလည်း 90hz Refresh Rate နဲ့ 240Hz touch sampling rate ကိုထောက်ပံ့ပေးထားပါတယ်။ ဒီမှာ Mate 40 Pro နဲ့ Pro+ တို့ရဲ့ Display 88° အထိ တော်တော်လေးခုံးသွားပေမယ့်လည်း ပါဝါခလုတ်နဲ့ Volume ခလုတ်တွေကတော့ပါနေပါသေးတယ်။ Vitual buttons တွေလည်း ပါပါသေးတယ်။

Camera

Mate 40 ရဲ့ Camera မှာ 50MP f/1.9 primary camera, 16MP f/2.2 wide-angle camera, 8MP f/2.4 telephoto camera တို့ပါတဲ့ Triple Camera Setup

Huawei Mate 40 Pro မှာ 50MP f/1.9 primary camera, 20MP f/1.8 wide-angle camera, 12MP f/3.4 5x periscope camera တို့ပါတဲ့ Triple Camera Setup နဲ့

Huawei Mate 40 Pro+ မှာ 50MP f/1.9, RYYB primary camera with OIS ၊ 20MP f/2.4, wide-angle camera ၊ 12MP f/2.4, 3x telephoto camera with OIS ၊ 8MP f/4.4, 10x periscope telephoto camera ၊ ToF sensor တို့ပါတဲ့ Quad Camera ဆိုပြီး အသီးသီး တပ်ဆင်ပေးထားပါတယ်။

Mate 40 Porsche design ရဲ့ Camera ကတော့ Huawei Mate 40 Pro+ နဲ့တူပြီး ပြင်ပရာသီဥတုကိုတိုင်းပေးမယ့် Color Temperature Sensor အသစ်ထပ်ပါဝင်လာပါတယ်။

Selfie မှာတော့ Huawei Mate 40 Pro နဲ့ Pro+ မှာ 13MP front-facing camera ကို depth sensor နဲ့တွဲပေးထားပါတယ်။ Mate 40 ရဲ့ Selfie Camera ကိုတော့ Huawei ဘက်ကထုတ်ပြောသွားခြင်းမရှိပါဘူး။ဒီ Cameras တွေဟာ 60 fps 4K video ၊ 1080p resolution slow motion clips (480 fps) နဲ့ 3,840 fps 720p resolution Video တွေကိုရိုက်ပေးနိုင်ပါတယ်။ Selfie Camera ဟာလည်း 4K/60 videos တွေနဲ့ 1080p/240 slow-mo clips တွေကိုရိုက်ပေးနိုင်ပါသေးတယ်။

Performance

Performance အတွက်တော့ Mate 40 Pro နဲ့ Pro+ တို့မှာ Huawei ရဲ့ Flagship Chipset အသစ်ဖြစ်တဲ့ Kirin 9000 SoC 5nm Chipset နဲ့ အားဖြည့့်ပေးထားပါတယ်။ဒီ Kirin 9000 SoC 5nm Chipset ဟာ Snapdragon 865+ ထက် CPU မှာ 10% ၊ GPU မှာ 52% နဲ့ NPU မှာ 2.4 ဆ ပိုမြန်တယ်လို့ Huawei ကဆိုထားတာမို့လို့ Performance ကတော့ လုံး၀ကြမ်းနေမှာအသေချာပါပဲ။ 5G အတွက်တော့ Chipset မှာ Balong 5G Modem ကိုထည့်ပေးထားပါတယ်။ Mate 40 မှာတော့ Kirin 9000E chipset နဲ့ပဲအားဖြည့်ပေးလာပါတယ်။ ဒီ Kirin 9000E chipset ကတော့ Kirin 9000 SoC 5nm Chipset ကိုမှ GPU မှာ အနည်းငယ်လျော့ပေါ့ပေးထားတဲ့ Chipset တစ်ခုပါပဲ။ Software အတွက်တော့ Android 10 ပေါ်အခြေခံထားတဲ့ EMUI 11 နဲ့ Run ပေးထားပါတယ်။

Battery

Battery အပိုင်းမှာတော့Mate 40 မှာ 40W wired charging ထောက်ပံ့ပေးထားတဲ့ 4,200 mAh Battery ကိုသုံးပေးထားပါတယ်။ Wireless Charging တော့ထောက်ပံ့ပေးထားခြင်းမရှိပါဘူး။Mate 40 Pro နဲ့ Pro+ တို့မှာတော့ 66W Fast Charging နဲ့ 50W Wireless Fast Charging ထောက်ပံ့ပေးထားတဲ့ 4,400 mAh Battery ကိုသုံးပေးထားပါတယ်။

Connectivity Features တွေအနေနဲ့ ဖုန်းတွေမှာ Bluetooth 5.2, Wi-Fi 6 ၊ NFC ၊ HMS ၊ GPS ၊ BeiDou, GLONASS တို့ပါလာပါတယ်။နောက်ထပ် Mate 40 Pro နဲ့ Pro+ တို့မှာ Dual stereo speakers ၊ IP 68 Ratings တို့ကိုထောက်ပံ့ပေးထားပါတယ်။ Mate 40 မှာတော့ ရိုးရိုး Loud Speaker နဲ့ IP 53 Rating ကိုပဲထောကပံ့ပေးထားပါတယ်။

ဈေးတွေအနေနဲ့

Huawei Mate 40 – 8GB of RAM and 128GB of storage (€899) (မြန်မာ‌ေငွ ၁၄ သိန်း၀န်းကျင်)

Huawei Mate 40 Pro 8 GB of RAM and 256 GB storage ( €1,200) (မြန်မာ‌ေငွ ၁၉ သိန်း၀န်းကျင်)

Huawei Mate 40 Pro+ 12 GB of RAM and 256 GB (€1,400) (မြန်မာ‌ေငွ ၂၁ သိန်း ၅ သောင်း ၀န်းကျင်) ကျသင့်လာမှာပါ။

အရောင်အနေနဲ့ Mate 40 နဲ့ Mate 40 Pro တို့ဟာ Black, White, Mystic Silver, Green, Yellow ဆိုပြီး အရောင် ၅ ရောင်ရွေးလို့ရမှာဖြစ်ပြီး Huawei Mate 40 Pro+ ကတော့ Ceramic white နဲ့ Ceramic Black နှစ်ရောင်ပဲရွေးလို့ရမှာပါ။

နောက်ဆုံး Porsche Design Huawei Mate 40 RS ကတော့ Porsche Design ဆိုတဲ့အတိုင်း Design ကတော့ Luxury ဘက်ကို‌ေရာက်သွားပါတယ်။။နောက်ပြီး Porsche Design ရဲ့ Camera ပုံစံက Mate 40 Pro တို့နဲ့မတူဘဲ Octagon (အဌဂံ) ပုံဖြစ်သွားပါတယ်။ ဖုန်းရဲ့ Specs တွေကတော့ Mate 40 Pro Plus နဲ့အတူတူပါပဲ။

Huawei Mate 40 RS ရဲ့ဈေးကတော့ (12GB+512GB): €2,295 (မြန်မာငွေ ၃၅ သိန်း၀န်းကျင်) ကျသင့်ပြီး အရောင်အနေနဲ့ Ceramic White ၊ Ceramic Black ဆိုပြီးရွေးချယ်နိုင်မှာပါ။

ကဲဖုန်းတွေအပေါ် အမြင်လေးတွေကို၀င်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Author