အားလုံးစောင့်မျှော်နေကြတဲ့ K30 Ultra ကတော့ ခုနကလေးတင်ပဲ တရား၀င်ထွက်ရှိလို့လာခဲ့ပါပြီ။ K30 Ultra နဲ့ အတူတူပွဲထွက်ခဲ့တဲ့ Mi 10 Ultra ကတော့ Mi 10 Pro နဲ့ လုံး၀မတူတဲ့ အချက်တွေရှိလာခဲ့ပေမယ့် အခု K30 Ultra ကတော့ K30 Pro နဲ့ ခပ်ဆင်ဆင်ရှိတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းမှာတော့ K30 Pro နဲ့ မတူတဲ့ Specs တွေပါ၀င်လာပါတယ်။

ဘာတွေလဲ တချက်လောက်ကြည့်လိုက်ရအောင် !!

Redmi K30 Ultra မှာ FHD+ resolution ရှိတဲ့ 6.67-inch Samsung AMOLED display ကိုသုံးပေးထားပါတယ်။ Display ရဲ့ Brightness ကတော့ 1,200 nits of brightness အထိရမယ်လို့ Xiaomi ကဆိုထားပါတယ်။ အခု K30 Ultra မှာ  K30 Pro တုန်းကလို ပုံမှန် 60Hz Refresh Rate မဟုတ်တော့ဘဲ 120Hz Refresh Rate ကိုထောက်ပံ့ပေးထားပါတယ်။  DCI-P3 Color Gamut နဲ့  HDR10+ တို့ရဲ့ထောက်ပံ့မှုကြောင့် ပိုမိုကောင်းမွန်တဲ့ Viewing Experience ကိုရဦးမယ်လို့ Xiaomi ကကြေညာထားပါသေးတယ်။

Performance အတွက်ကတော့ Redmi K30 Ultra မှာMediaTek ရဲ့ Flagship Chipset ဖြစ်တဲ့ Dimensity 1000+ 5G Chipset ကိုသုံးပေးထားပါတယ်။ Dimensity 1000+ 5G Chipset ကလည်း AnTuTu မှာ 530,000 Points အထက်ရထားတာမလို့ Snapdragon 865 နီးနီး Performance ကိုပေးနိုင်မှာပါ။ ( မရတော့ဘူး အရမ်းကိုကြမ်းနေပြီ )

Camera မှာတော့ 64MP Main Camera + 13MP UltraWide Lens + 5MP Telephoto + 2MP Depth Sensor တို့ပါတဲ့ Quad Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။ Selfie ကတော့ K30 Pro လိုပဲ 20MP Pop-up Camera ကို သုံးပေးထားပါတယ်။ Camera Features တွေအနေနဲ့ Skyscraping ၊ Photo Clones၊ Audio Zoom စတဲ့ Features အသစ်တွေပါလာပါတယ်

Battery ပိုင်းအနေနဲ့ 33W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့  4,500mAh Battery ကိုသုံးပေးလာပါတယ်။ 33W Fast Charging ကြောင့် 4,500 mAh Battery ကို 0 – 100% အားအပြည့်သွင်းတဲ့အခါ ၁ နာရီပဲကြာမယ်လို့သိရပါတယ်။

တခြား Features တွေအနေနဲ့တော့ IR blaster, AMOLED တို့ထုံးစံအတိုင်း In-Display Fingerprint Sensor, NFC နဲ့ Stereo Speakers တွေပါလာပါသေးတယ်။

ဈေးနှုန်းအနေနဲ့ 

6GB+128GB -RMB1,999 (~$287) 
(မြန်မာငွေ ၄ သိန်း၀န်းကျင်)

8GB+128GB- RMB 2,199 (~$316)
(မြန်မာငွေ ၄ သိန်း ခွဲ ၀န်းကျင်)

8GB+256GB-RMB 2,499(~$359)
(မြန်မာငွေ ၅ သိန်း ၀န်းကျင်) 

8GB+512GB-RMB 2,699 (~$388)
(မြန်မာငွေ ‌၅ သိန်း ၄ သောင်း၀န်းကျင်) ကျသင့်မှာပဲဖြစ်ပါတယ်။

အရောင်အနေနဲ့ Moonlight White, Midnight Black,  Mint Green ဆိုပြီးရွေးချယ်လို့ရမှာပါ။ အခု K30 Ultra ကို တရုတ်မှာ August 14 ရက်နေ့ကနေစပြီး စတင်၀ယ်ယူလို့ရတော့မှာပဲဖြစ်ပါတယ်။ ဒီကိုရောက်လာရင်လည်း အကုန်ပတ် Kill ဦးမှာ မြင်ယောင်မိပါသေးတယ်လို့ပြောရင်း…

အားလုံးပဲ Good Night ပါဗျာ။

Author