Redmi K30 Pro 5G လို့ပြောလိုက်တာနဲ့ Gaming ပိုင်းရော Camera ပိုင်းမှာပါ အကုန်ရပြီး အနုအကြမ်း အကုန်ပိုင်နိုင်တဲ့ Design လှလှ Smartphone လေးတစ်လုံးကို ပြေးပြီးမြင်မိကြမယ်ထင်ပါတယ်နော်။ Redmi Phone တွေထဲမှာ အရောင်းရဆုံး Model တစ်မျိုးဖြစ်ပြီး ပျိုမေတွေလည်းကြိုက် ကိုကိုတွေလည်းခိုက်တဲ့ Smartphone လေးတစ်လုံးပါပဲ။ ဒီ Smartphone လေးက အရောင် 4 မျိုးနဲ့လာပြီး Moon White, Sky Blue, Space Grey နဲ့ Star Ring Purple ဆိုတဲ့အရောင်တွေရရှိနိုင်မှာဖြစ်ပါတယ်။ 

ဒီ Design လှလှ အသွေးကြွကြွ K30 Pro 5G Smartphone လေးအတွက်အရောင်သစ် Aqua Skylight Edition ကို မိတ်ဆက်သွားမှာဖြစ်တယ်လို့  Redmi က (26) ရက်နေ့ မနေ့က အတည်ပြုသွားခဲ့ပါတယ်။ ခုတော့ ထုတ်ပြခဲ့တဲ့ Redmi K30 Pro 5G Aqua Skylight Edition လေးက တရုတ်ပြည်တွင်းဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ 

ဒီ Aqua Skylight Color လေးမှာ အရောင်ပြေးလေးတွေပါဝင်ပြီးတော့ အောက်ခြေဘက်မှာတော့ စိမ်းပြာရောင်လေးနဲ့ အပေါ်ဖက်မှာတော့လိမ္မော်ရောင်လေးတွေကိုတွဲဖက်အသုံးပြုထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။  အနီရောင် Powerkey လေးကိုတော့ ညာဖက်မှာတွေ့ရမှာပါ။ Aqua Skylight Color ကိုကိုတော့ 8GB RAM+128GB ကို 2,699 Yuan (~$385) မြန်မာငွေ ၅သိန်း ၂သောင်းခန့် 12 GB RAM + 128 GB ကို 2,999 Yuan မြန်မာငွေ ၅သိန်း ၈ သောင်းဝန်းကျင်နဲ့ 8 GB RAM + 256 GB ကို 2,999 Yuan (~$428) မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင် အသီးသီးရှိကြောင်း သိရပါတယ်။

Redmi K30 Pro 5G specifications တွေက…

Redmi K30 Pro 5G က Snapdragon 865 SoC နဲ့ Run ထားပြီးတော့ 5G Support ပါဝင်တဲ့ flagship smartphone တစ်လုံးဖြစ်ပါတယ်။ notch-less display ကိုအသုံးပြုထားပြီး မျက်နှာပြင် 6.67 လက်မ ရှိပါတယ်။ 20:9 Aspect Ratio နဲ့ 1080 x 2400 pixels Full HD+ Resolution ထောက်ပံ့ပေးထားတဲ့ ဒီဖုန်းမှာတော့ Fingerprint ကို မျက်နှာပြင်အတွင်းမှာထည့်သွင်းပေးထားပါတယ်။

K30 Pro 5G ဟာ LPPDR5 RAM ပါရှိပြီး UFS 3.0 / 3.1 storage လည်းပါဝင်ထားပါတယ်။ တစ်ခုဆိုးတာကတော့ microSD Card Slot ကတော့ပါဝင်လာခြင်းမရှိတာပါပဲ။ ဖုန်းမှာ Android 10 OS အပေါ်မှာအခြေခံထားတဲ့  MIUI 11 ကို Run ပေးထားပါတယ်။ Battery မှာတော့  4,700  mAh ပါရှိပြီး 30W Fast Charging လည်းထောက်ပံ့ပေးထားပါတယ်။ 

Camera ပိုင်းမှာတော့ 20MP Pop Up Selfie Camera ကိုအသုံးပြုပေးထားပြီး ကျောဖက် quad-camera system ပါရှိကာ Sony IMX686 64-megapixel ကို Main Camera အနေနဲ့အသုံးပြုပေးထားပါတယ်။ ဒါအပြင် 5-Megapixel Telephoto Macro lens,  13 Megapixel Ultrawide Sensor နဲ့ 2-Megapixel Depth Sensor တွေကိုလည်း အသုံးပြုပေးထားပါသေးတယ်။ 

ဒီပုံစံအတိုင်းဆို  K30 Pro ဟာ K30 လို Edition မျိုးစုံ ထပ်ထွက်လာတော့မှာများလား?

စိတ်ဝင်စားဖို့တော့ကောင်းနေပါပြီ…

Ref: Gizmochina

Author