၂၀၁၉ မကုန်ခင်လောက်မှာ Redmi  ဟာ Redmi K30 ကိုမိတ်ဆက်ခဲ့ပြီး 4G version တွေကိုဈေးကွက်ထဲမှာ စတင်ရောင်းချခဲ့ပါတယ်။ လက်ရှိမှာ Redmi K30 5G Version ကိုတစ်ချို့သောဆိုင်တွေမှာ စတင်ဝယ်လို့ရနေပါပြီ။ K30 လည်းထွက်ပြီးလာတော့ လူတိုင်းဟာ  Redmi K30 Pro ပေါ်မျက်စောင်းထိုးလာပြန်ပါတယ်။ 

K30 Pro ဟာ မနှစ်က K20 နဲ့  K20 Pro လိုပဲ K30 ထက်ပိုကောင်းတဲ့ Specs ၊ Design တွေနဲ့ Features အသစ်တွေပါလာမှာပါ။ အဲ့အတွက်ဈေးကလည်းများလာမှာက အသေအချာပါပဲ။ ဒါပေမယ့် Flagship တန်းဈေးလောက်တော့ မရှိလာနိုင်ပါဘူး။ သတင်းတစ်ခုအရ Redmi အနေနဲ့ Redmi K30 Pro  အပြင် Redmi K30 Pro Zoom Edition ကိုမိတ်ဆက်လာမယ်လို့သိရပါတယ်။

အောက်မှာတော့ K30 Pro နဲ့ပတ်သက်ပြီးထွက်ထားတဲ့ သတင်းတွေကိုဖော်ပြပေးထားပါတယ်။

Redmi K30 Pro ထွက်လာမယ့်ရက်

Redmi ရဲ့တရားဝင် Weibo မှာတင်ထားတဲ့ Post အရ  K30 Pro ဟာ တရုတ်မှာ မတ်လ ၂၄ ရက်နေ့အတွင်မိတ်ဆက်လာမယ်လို့သိရပါတယ်။ ထိုမိတ်ဆက်လာမယ့်ပွဲကို Online ကနေတစ်ဆင့်ပြုလုပ်လာမှာပါ။

Redmi K30 Pro Zoom Edition နဲ့ပတ်သက်ပြီးကတော့  Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing ရဲ့ Weibo အကောင့်ကနေ ပေါ်ထွင်လာတာပဲဖြစ်ပါတယ်။ Redmi K30 Pro Zoom Edition ဆိုတဲ့နာမည်အတိုင်းပဲ ဖုန်းမှာ K30 Pro ထက်ပိုကောင်းတဲ့ Zoom Features တွေပါဝင်လာမှာပါ။ Redmi K30 Pro Zoom Edition ကိုလည်း K30 Pro မိတ်ဆက်လာမယ့်ပွဲမှာ ပွဲထုတ်လာနိုင်ပါတယ်။  

Redmi K30 Pro: Design

အရင်က K20 နဲ့ K20 Pro မှာဆို ဖုန်းနှစ်လုံးကိုပြိုင်တူကိုင်ထားရင် ဘာမှာပြောင်းမသွားတာကိုသင့်သတိထားမိလောက်မှာပါ။ ထိုဖုန်းနှစ်လုံးစလုံးမှာ Chipset ကလွှဲ၍ Screen Size ၊ Display အမျိုးအစား နဲ့ Resolution စတဲ့အပိုင်းတွေဟာ အကုန်အတူတူပါပဲ။ 

အခု K30 Pro မှာတော့ K30 လို selfie camera အတွက် Punch-hole မပါတော့ဘဲ Pop-up ကိုသုံးလာတော့မှာပါ။ ဖုန်းရဲ့နောက်ဘက် Design မှာလည်း ဒီဇိုင်းအသစ်ပြောင်းထားတဲ့ Camera Setup ပါလာပါမှာပါ။ သတင်းတွေထွက်ထားတဲ့ပုံတွေအရ  ဖုန်းဟာ အစိမ်း ၊ အဖြူ နဲ့ ခရမ်းဆိုပြီး အရောင်သုံးရောင်ထွက်လာမှာပါ။ ပုံထဲမှာ 3.5mm နားကြပ်ပေါက်ကို ဖုန်းအပေါ်မှာတပ်ဆင်ပေးထားတာကိုတွေ့ရပြီး USB-C အပေါက်ကိုတော့ ဖုန်းအောက်ခြေမှာတပ်ထားတာကိုတွေ့ရမှာပါ။

Redmi K30 Pro: Specs and Features

အရင်က K20 Pro ဟာ K20 ထက်ပိုအဆင့်မြင့်တဲ့ Specs တွေပါလာတာမလို့ Redmi K30 Pro မှာလည်း K30 ထက်သိသိသာသာတိုးတက်လာမယ့် Spces တွေပါလာဖို့ရှိနေပါတယ်။ K30 Pro မှာ Qualcomm ရဲ့နောက်ဆုံးထွက် Snapdragon 865 Chipest ပါလာမှာကို Redmi ကအတည်ပြုပြီးဖြစ်ပါတယ်။ ထို Chipset နဲ့အတူ  Redmi K30 Pro မှာ 5G ပါလာမှာပဲဖြစ်ပါတယ်။ 4G Version ဆိုပြီး သီးသန့်ထွက်လာဖို့လည်းမရှိဘူးလို့သိရပါတယ်။

ဖုန်းမှာ ဂိမ်းဆော့နေချိန် ၊ ကင်မရာသုံးနေချိန် နဲ့ တစ်ခြားအခြေအနေတွေမှာ အပူကိုထိန်းပေးမယ့် Vapor Chamber Cooling ပါဝင်လာမယ်လို့ Redmi ကအတည်ပြုထားပါတယ်။ Snapdragon 865 Chipest ကြောင့် ဖုန်းဟာ LPDDR5 RAM နဲ့ UFS 3.1 storage တို့ကိုထောက်ပံ့ပေးလာနိုင်ပါတယ်။ နောက်ပြီး “4D immersive vibration” ဆိုတဲ့ Haptic Feedback ပါလာမယ်လို့လည်းသိရပါတယ်။ 

Display

K30 မှာ 120Hz Refresh Rate ရတဲ့  IPS LCD ကိုသုံးပေးထားပြီး အခု K30 Pro မှာတော့ 60Hz Refresh ပဲပါတဲ့ Samsung AMOLED Display ကိုသုံးလာမယ်လို့သိရပါတယ်။ အဲ့လို  Refresh Rate လျော့လိုက်တာက ဖုန်းရဲ့ ဈေးကိုပိုသက်သာအောင်လုပ်လိုက်သလိုဖြစ်သွားပြီး Battery ကလည်း အားပိုခံလာမှာပါ။ AMOLED Display ဖြစ်တဲ့အတွက် Redmi K30 Pro မှာ  in-display fingerprint sensor ပါလာဖို့ကအသေအချာပါပဲ။ 

Battery And charging

Battery ပိုင်းမှာတော့ 33W wired charging‌ ထောက်ပံ့ပေးထားတဲ့ 4,700mAh Battery ပါလာမှာပါ။ Redmi K30 မှာတော့ 27W wired charging‌ ထောက်ပံ့ပေးထားတဲ့ 4,500mAh ကိုတပ်ဆင်ပေးထားပါတယ်။

Camera 

Camera ပိုင်းမှာလည်း Redmi K30 Pro ဟာ K30 ထက်ပိုကောင်းတဲ့ Camera ပါလာမှာပါ။တရားဝင်ထွက်ထားတဲ့ Poster တွေအရ ဖုန်းမှာ 64MP  Main Camera ကို 3x Optical Zoom ထောက်ပံ့ပေးတဲ့ Telephoto Sensor နဲ့တွဲလာမယ့် Quad Camera ပါလာမယ်လို့သိရပါတယ်။ နောက်ထပ် K30 Pro ဟာ ပထမဆုံးအနေနဲ့ Dual Optical Image Stabilization ပါတဲ့ ပထမဆုံး Redmi ဖုန်းဖြစ်လာမယ်လို့သိရပါတယ်။ အဲ့ Dual Optical Image Stabilization Feature ဟာဓာတ်ပုံတွေရိုက်ရာမှာနဲ့ Zoom ပုံတွေရိုက်ရာမှာ ပိုကောင်းတဲ့ပုံတွေထွက်လာအောင်ပြုလုပ်ပေးမှာပါ။  နောက်ထပ် Snapdragon 865 Chipset ကြောင့် ဖုန်းဟာ 8K Recording ကိုထောက်ပံ့ပေးလာနိုင်ပါတယ်။ လောလောဆယ်မှာ Pop-up Selfie Camera နဲ့ပတ်သက်ပြီး တိကျတဲ့ သတင်းတွေမထွက်ထားသေးပါဘူး။ 

Redmi K30 Pro ရဲ့ဈေးနှုန်း

K30 Pro ရဲ့ ဈေးနှုန်းကတော့ အိန္ဒိယ ရူပီး ၃၅၀၀ (  မြန်မာငွေ ၆၆၀၀၀၀ ကျော်) ကနေစလာမယ်လို့ သတင်းတွေအရသိရပါတယ်။ 

အဲ့လိုမျိုးထွက်ထားတဲ့ သတင်းတွေမှန်မမှန်ဆိုတာကတော့  မတ်လ ၂၄ ရောက်မှာအတိအကျသေချာသိလာရမှာပါ။

 သင့်အနေနဲ့ရော Redmi K30 Pro အပေါ်ဘယ်လို့ အချက်တွေကိုမျှော်လင့်ထားလဲ ဆိုတာကိုလည်း အောက်က ကွန့်မန့်လေးမှာဝင်ရောက် ဆွေးနွေးပေးသွားပါဦး..

Ref : Gizmochina ,indiatoday