၂၀၂၀ ရဲ့နှစ်ဝက်ကိုရောက်လာတာနဲ့အညီ တရုတ် Smartphone Brands တွေအနေနဲ့ Fast Charging နည်းပညာရဲ့ နောက်မျိုးဆက်အသစ်ကို မိတ်ဆက်ဖို့စီစဉ်နေကြပါပြီ။ OPPO အနေနဲ့ အရင်အပတ်တုန်းက သူတို့အနေနဲ့  125W Super Flash Charge Technology ကိုထုတ်လာဖို့ရှိနေတယ်လို့ အတည်ပြုထာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုမှာတော့ OPPO ရဲ့ ပြိုင်ဘက် Brand ဖြစ်တဲ့ iQOO က သူတို့ရဲ့ 120W Ultra-Fast charging နည်းပညာ ကိုဒီနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြလိုက်ပါပြီ။ ထို 120W Ultra-Fast Charging နည်းညာဟာ 4,000mAh Battery ရှိတဲ့ဖုန်းကို 15 မိနစ်အတွင်းမှာ အား 100%အပြည့်ဖြည့်ပေးနိုင်တယ်လို့သိရပါတယ်။

အရင်က iQOOအနေနဲ့ သူတို့ရဲ့ ဖုန်းတွေအတွက်  33W ၊ 44W ၊ 55W စတဲ့ Fast Charging တွေကိုထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။ အခု iQOO မိတ်ဆက်လာတဲ့ 120W Ultra-Fast Rapid Charging Technology ဟာ 4,000mAh Battery ကို 50% အားဖြည့်မယ်ဆိုရင် 5 မိနစ်ကြာမှာဖြစ်ပြီး  100% အပြည့်ဆိုရင်တော့ 15 မိနစ်ပဲကြာတော့မှာပါ။ 

အရင်နှစ်တုန်းကကျင်းပခဲ့တဲ့ Mobile World Congress Shanghai 2019 မှာ Vivo အနေနဲ့ 120W FlashCharge technology ကိုထုတ်ပြခဲ့ပေမယ့်လည်း အခုထိတရားဝင်ထွက်လာခဲ့ခြင်းမရှိသေးပါဘူး။အဲ့အတွက်ကြောင့်  iQOO ဟာ ကမ္ဘာ့ပထမဆုံး 120W Fast Charging နည်းပညာထုတ်တဲ့ Brand အနေနဲ့သတ်မှတ်လို့ရသွားပါပြီ။

ထိုမိတ်ဆက်ခဲ့တဲ့ပွဲမှာ iQOO Product Manager အနေနဲ့  120W Rapid Charging Tech အကြောင်းကိုထင်ထင်ရှားရှားပြသခဲ့ပါတယ်။ သူတို့စမ်းသပ်ပြခဲ့တဲ့ 4,000 mAh ပါတဲ့ဖုန်းမှာ iQOO ရဲ့  ပထမဆုံး 6C Cell နှစ်ခုပါတဲ့  Dual Battery System ကိုထည့်ပေးထားပါတယ်။ ထို Cell တစ်ခုဆီမှာ  2,000mAh ပါဝင်ပါတယ်။ ထို Battery Cell နှစ်ခုကို  5V/12A (60W) အထိ အားဖြည့်ပေးလို့ရတာမလို့ စုစုပေါင်း အမြန်ဆုံးဟာ 60W+60W = 120W ဖြစ်သွားရတာပါ။ 

120W Fast Charging နဲ့အားသွင်းရင်း အန္တရာယ်တွေမဖြစ်ရစေပဲ တည်တည်ငြိမ်ငြိမ်ဖြစ်စေဖို့ Charging Adapter ကို Array အမျိုးအစား  Pole Structure Cell Impedance ကိုတပ်ဆင်ပေးထားပါတယ်။  120W Ultra-Fast Charging  အထိရမယ့်ဖုန်းတွေမှာလည်း ဖုန်းရဲ့ အတွင်းပိုင်းအပူချိန်ကိုထိန်းညှိပေးဖို့ VC liquid cooling technology ကိုထည့်ပေးလာမှာပဲဖြစ်ပါတယ်။ 

ကောလဟာလတွေအရတော့  ထို 120W Ultra-fast Charging သုံးထားတဲ့ အမည်မသိ iQOO ဖုန်းတစ်လုံးထွက်လာဖို့ရှိနေတယ်လို့သိရပါတယ်။ ထိုဖုန်းဟာ  iQOO Pro 3 5G ဖြစ်လာနိုင်ပြီး August လလောက်မှာထွက်မှာနိုင်တယ်လို့ သိရပါတယ်။ 

Ref: Techradar

Author