iPhone 12 Series နဲ့ပတ်သတ်လို့ သတင်းတွေ မှန်းဆချက်တွေထွက်နေတာ လတွေကြာခဲ့ပါပြီ။ iPhone 12 Series ရဲ့ အဓိက  Specs တွေကို တော်တော်များများသိနေကြပေမယ့် Launch လုပ်မယ့် Date ကိုတော့ ခုထိ လျှိုတိတ် သိုသိပ်ထားဆဲဖြစ်တာကြောင့် မသိကြရသေးပါဘူး။ ဒါပေမယ့် Twitter Souce တစ်ခုဖြစ်တဲ့ @ihacktu pro ကတော့  iPhone 12 Series ဟာ September 8 ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ကြောင်း အခိုင်အမာဆိုထားတာကိုတွေ့ရပါတယ်။ နောက်ထပ်ထွက်လာတဲ့ သတင်းတွေမှာလည်း Apple ဟာ iPad Pro နဲ့ Apple Silicon Mac ကို October 27 ရက်နေ့မှာ Release လုပ်သွားမှာဖြစ်တယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေပါသေးတယ်။ Apple Silicon Mac ထဲမှာတော့ Mac Book နဲ့ 13 inch Mac Book Pro တို့ပါဝင်တယ်လို့သိရပါတယ်။ 

နောက်ထပ်သိရတဲ့ Apple သတင်းတွေမှာလည်း September 8 ရက်နေ့မှာ Apple Watch ၊ iPad News Series နဲ့ Air Power ကိုလည်း September 8 ရက်နေ့မှာပဲ Online ကနေ Release လုပ်လာမယ်လို့ သိရတာကြောင့် ဒီသတင်း အမှန်ပဲလားဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။ September 27 ရက်နေ့ နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကိုတော့ အတိအကျမသိရသေးပေမယ့် အချိန်အရတွက်ကြည့် ရမယ်ဆိုရင်တော့ Online ကနေပဲ Launch လုပ်ဖို့များပါတယ်။ 

iHacktu ကပြောပြချက်အရ Apple ကသူ့ရဲ့ Apple Glass AR Device ကိုလည်းမိတ်ဆက်ဖို့ကြိုးစားနေတယ် လို့သိရပြီး အရင် iHacktu မှာဖော်ပြတဲ့သတင်းတွေကလည်း တိကျပြီး မှန်ကန်တတ်တာကြောင့် ဒီသတင်းကို လည်း အမှန်ဖြစ်လိမ့်မယ်လို့ တော်တော်များများကလက်ခံထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် Apple ကနေ တရားဝင်ထုတ်ပြန်တဲ့ သတင်းမဟုတ်သေးတဲ့အတွက်တော့ ခန့်မှန်းခြေသတင်းတွေလို့ပဲ ယူဆရအုံးမှာပါ။ 

iPhone 12 Series နဲ့ တခြားသော Upcoming Apple Device တွေအပေါ်ခန့်မှန်းကြည့်ရ သလောက်တော့…

Rumor တွေပြောပြချက်အရတော့ Apple ကဒီနှစ်ထဲမှာ iPhone 12 Series Models 4  မျိုးထုတ်လုပ်လာမှာဖြစ်တယ်လို့သိရပြီး Budget Model ထဲမှာ 5.4 Inch ရှိတဲ့ iPhone 12, 6.1 Inch ရှိတဲ့ iPhone 12 Plus, 6.1 Inch ရှိတဲ့ iPhone 12 Pro, 6.8 inch ရှိတဲ့ iPhone 12Pro Max တွေပါဝင်မယ်လို့ သိရပြီး ၎င်း Model 4 မျိုးစလုံးမှာ OLED Display ကိုအသုံးပြုကာ 5G Support လုပ်လာမယ်လို့လည်း သိရပါတယ်။ တကယ်လို့ 5G Support လုပ်မယ်ဆိုတဲ့သတင်းသာမှန်ခဲ့မယ်ဆိုရင်တော့ ဒါက Apple Phone တွေမှာပထမဆုံး 5G Support လုပ်လာတဲ့ Series ဖြစ်လာမှာပါ။ Budget Model တွေမှာ ကျောဖက် Dual Camera နဲ့ 4GB Ram ကိုသုံးပေးထားပြီး Pro Model တွေမှာတော့ ကျောဖက် Triple Camera, 6GB Ram နဲ့အတူ 120Hz ProMotion Display ကိုအသုံးပြုလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

Apple Watch နဲ့ ပတ်သတ်တဲ့ Rumors တွေမှာလည်း ပိုကောင်းတဲ့ Water Resistance, လူရဲ့အိပ်ချိန်ကို ပိုပြီးတော့ ခြေရာခံနိုင်ဖို့ အရင် Model တွေထက်ပိုကြီးတဲ့ Battery နဲ့တခြား Update Feature တွေလည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ Entry Level နဲ့ Mid Range Level iPad Model တွေအတွက်တော့ သတင်းများများစားစားရထားတာမျိုးမရှိသေးပါဘူး။ အရင်ကထွက်ခဲ့တဲ့သတင်းတွေမှာတော့ Apple ဟာ 10.8inch အရွယ်အစားရှိ iPad Air နဲ့ iPad Mini အသစ်တို့ကို ပထမဆုံးအနေနဲ့ ထုတ်လုပ်မှာဖြစ်ကြောင်း သတင်းတွေထွက်ခဲ့ဖူးပါတယ်။ 

Apple Insider ရဲ့ Apple သတင်းတွေ Leak တွေကိုလေ့လာစောင့်ကြည့်သူ‌တစ်ဦးဖြစ်တဲ့ Jon Prosser ကတော့ Apple ဟာ A11 Chip နဲ့ Airpower ကိုတပ်ဆင်ဖို့အတွက် စမ်းသပ်နေတယ်လို့သိရပါတယ်။ လက်ရှိတော့ ဒီ Device ကိုထုတ်လုပ်မယ့်ရက်အတိအကျကိုမသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Apple ကတော့ 2020 မှာ iPad Pro Model ကိုထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့် 2021 နှစ်လည်လောက်မှာလည်း Apple ဟာ 5G Support လုပ်ပြီး Mini LED Display ကိုအသုံးပြုထားတဲ့ Device တွေထုတ်လုပ်ဖို့ ရှိလာအုံးမှာ ဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။ iPad Pro တွေအကြောင်းထပ်ပြီးပြောရရင် Apple ဟာ ၎င်းရဲ့ Apple Silicon Mac Product ပထမသုတ်ဖြစ်တဲ့ 13.3 inch Mac Book Pro ပါဝင်လာမှာဖြစ်ပြီး 12inch Mac Book ကိုတော့ ဆက်လက်ထုတ်လုပ်တော့မှာမဟုတ်ဘူးလို့ သတင်းရရှိထားပါတယ်။  

Ref: Gizchina

Author