အရင်က အနီရောင်နဲ့ထွက်လာခဲ့တဲ့  iPhones တွေကို စာဖတ်သူအားလုံးတွေ့ဖူးပြီးဖြစ်မှာပါ။ ဒါပေမယ့်လည်း ဒီ အနီရောင် iPhones တွေကို ဈေးသက်သာတဲ့ Models တွေဖြစ်တဲ့ iPhone XR ၊  iPhone 11 ၊ iPhone SE 2020 တို့မှာပဲတွေ့ခဲ့ရပါတယ်။ iPhone X Series စပြီး အခုထိထွက်ထားတဲ့ High-end iPhones တွေကတော့ အနီရောင်နဲ့ထွက်လာခြင်းမရှိခဲ့ပါဘူး။ အခုမှာတော့  iPhone 12 Proဟာ အနီရောင်နဲ့ထွက်လာမယ်လို့ Analysts တွေအရသိရပါပြီ။ 

နောက်ထပ် အရောင်အသစ်လို့ပြောရမယ့် Navy အရောင်ကတော့ အရင်ကတည်းကသတင်းတွေထွက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ iPhone 12 Series ထဲက Pro Models တွေမှာ အနီရောင်နဲ့ Navy ( အပြာရင့်ရောင်) ဆိုပြီးရွေးချယ်လို့ရလာနိုင်ပါတယ်။ ပုံမှန်အရောင်တွေအနေနဲ့ iPhone 11 Pro Max လို Gold,Gray ဆိုပြီးရွေးလို့ရလာနိုင်ပါတယ်။ဒီမှာ Midnight Green အရောင်တော့ ထပ်တွေ့လာရတော့မှာမဟုတ်ပါဘူး။ 

နောက်ထပ် Watch Series 6  အသစ်မှာလည်း အနီရောင်အသစ်ကိုမိတ်ဆက်ခဲ့သေးတာမို့လို့ iPhone 12 Pro ဟာ အနီရောင် အသစ်နဲ့ထွက်လာဖို့ကသေချာသလောက်ရှိနေပါပြီ။  iPhone 12 Pro အနီရောင်လေးကိုကိုင် Watch Series 6 အနီ‌ရောင်လေးကိုပတ်… လိုက်ဖက်နေဦးမှာမြင်ယောင်မိပါသေးတယ် 

iPhone 12 Series နဲ့ပတ်သက်ပြီးသိထားရတဲ့ Specs များ

Apple အနေနဲ့ iPhone 12 Series ထဲမှာစုစုပေါင်း Models လေးမျိုးထုတ်လာဖို့ရှိနေပါတယ်။ ဒီ Model ထဲမှာ ဈေးသက်သာတဲ့ Model နှစ်မျိုး နဲ့ ဈေးကြီးတဲ့ Pro Models နှစ်မျိုးပါလာနိုင်ပါတယ်။ ဈေးသက်သာတဲ့ iPhone Model နှစ်မျိုးကတော့ 5.4 inch နဲ့ 6.1 inch ဆိုပြီးထွက်လာနိုင်ကာ Pro Models တွေကတော့  6.1 ၊ 6.7-inch ဆိုတဲ့ Screen Size တွေနဲ့ထွက်လာနိုင်ပါတယ်။ 5.4-inch ‌iPhone‌ ကတော့ iPhone SE (2016) ပြီးရင် အသေးဆုံး iPhone ဖြစ်လာနိုင်ပြီး 6.7-inch iPhone ကတော့ iPhones တွေထဲမှာမှ Screen Size အကြီးဆုံး iPhone ဖြစ်လာမှာပါ။ 

ဒီ iPhone အသစ် လေးမျိုးလုံးမှာ Edge-to-edge Display ၊ Face ID ပါတဲ့ Notches တွေပါလာမှာပါ။ဒီမှာ Notch တွေကအရင်ကလို ကြီးမနေတော့ဘဲ သေးသွားမယ်လို့ သတင်းတွေထွက်ထားပါတယ်။ နောက်ထပ် ဖုန်းလေးလုံးစလုံးမှာ OLED Displays တွေကိုပဲသုံးပေးလာမယ်လို့သိထားရပါတယ်။ Pro Models တွေမှာတော့ iPad Pro မှာပါတဲ့ 120Hz ProMotion Display ပါလာနိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ကောလဟလတွေမှာတော့ 120Hz ပါမယ် ၊ မပါဘူး ဆိုပြီးအစုံထွက်လို့နေပါတယ်။

iPhone 12 Lineup ရဲ့ Design မှာတော့ iPhone 6 စထွက်ကတည်းကတွေ့ခဲ့ရတဲ့ Rounded Edges Design အစား  iPad Pro‌ or  ‌iPhone‌ 4 တို့နဲ့တူတဲ့ Flat-Edge Frame ကိုသုံးပေးလာဖို့ရှိနေပါတယ်။ Pro Models တွေမှာတော့ Stainless Steel Frame နဲ့ကွပ်ပေးလာနိုင်ပြီး ဈေးသက်သာတဲ့ Models နှစ်ခုမှာတော့ Aluminum Frame နဲ့ပဲကွပ်ပေးလာမှာပါ။ ဒီ Model လေးမျိုးစလုံးရဲ့ ရှေ့ဘက် Screen ကော နောက်ဘက် Design ကောမှာ Glass ကိုပဲသုံးပေးလာဖို့ရှိနေပါတယ်။ 

Camera အတွက်တော့ Pro Models တွေမှာ Triple Camera ကိုပဲဆက်သုံးပေးလာနိုင်ပြီး  LiDAR Scanner ပါလာနိုင်ပါတယ်။ LiDAR Scanner ကြောင့် AR အသစ်နဲ့  Photographic Capabilities အသစ်တွေကိုတွေ့လာရမှာပါ။ ဈေးသက်သာတဲ့ Models တွေကတော့ iPhone 11 လို Dual Camera ပဲပါလာနိုင်ပါတယ်။ 

ဒီ Triple Camera Setup ထဲမှာ  ပိုမိုကောင်းမွန်လာမယ့် Telephoto Lens နဲ့ ပိုကောင်းတဲ့ Low-light ပုံတွေရဖို့ Smart HDR  တို့ပါလာနိုင်ပြီး Ultra Wide-angel lens အတွက်လည်း  Image Stabilization မှာ ပိုကောင်းလာမှာပါ။  Videos မှာတော့ Pro Models တွေဟာ 4K Videos  တွေကို 120fps ဒါမှမဟုတ် 240fps ထိ စွမ်းဆောင်ပေးနိုင်ပါတယ်။  

Performance  အတွက်တော့ iPhone 12 Models လေးမျိုးစလုံးမှာအားပိုသက်သာတဲ့ A14 5nm 5G Chipset နဲ့အားဖြည့်ပေးလာနိုင်ပါတယ်။  ဒီ Chip ဟာ 5G ရဲ့အားစားမှုကို ထိန်းပေးပြီး ပိုမိုကြာရှည်တဲ့ Battery Life ကိုပေးလာမှာပါ။ A14 5nm 5G Chipset ကြောင့် Performance ပိုင်းမှာသိသိသာသာတိုးတက်လာမှာကိုတော့ ပြောနေစရာလိုမယ်မထင်ပါဘူး။  RAM အတွက်တော့ Pro Models တွေဟာ 6GB RAM နဲ့ထွက်လာနိုင်ပြီး ရိုးရိုး Models တွေကတော့ 4GB RAM နဲ့ ဈေးကွက်ထဲကို ပွဲထွက်လာနိုင်ပါတယ်။ 

Ref : Gizchina , MacRumours 

Author