Huawei အနေနဲ့ မနေ့က တရုတ်မှာ Online Lunch Event တစ်ခုပြုလုပ်ခဲ့ပြီး   Huawei MateBook D 15 2020 Ryzen Edition notebook ၊ Huawei TalkBand B6 ၊ Huawei Kids Watch 4X ၊ Tablet အသစ်ဖြစ်တဲ့ MatePad 10.8 တို့ကိုမိတ်ဆက်လိုက်ပါတယ်။ အခု Huawei TalkBand B6 မှာ AMOLED display ၊ IP57 Rating ၊ HiSilicon Kirin A1 chipset စတဲ့ Features တွေပါဝင်လာပါတယ်။

ဒီ TalkBand B6 ဟာ လက်ရှိဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ တစ်ခြား Band‌ တွေနဲ့ ဘယ်လိုများကွာသွားမလဲ??

Huawei TalkBand B6 မှာသိသိသာသာထူးခြားသွားတာက သူ့ရဲ့  ဖြုတ်လို့တပ်လို့ရတဲ့  1.53-inch AMOLED Display ပါပဲ။ Display ရဲ့ Resolution ကတော့  460 x 188 pixels ရှိပါတယ်။ ဖြုတ်လို့တပ်လို့ရတဲ့ AMOLED Display ကိုသုံးပေးထားတဲ့ အတွက် လက်ပတ်ကြိုးကနေအလွယ်တကူဖြုတ်တပ်သုံးလို့ ရမှာပဲဖြစ်ပါတယ်။ 

ဥပမာအနေနဲ့ ဖုန်းဝင်လာတဲ့ အခြေအနေမျိုးတွေမှာ Band ကိုအလွယ်တကူနားမှာတပ်ပြီး  Handset အနေနဲ့ သုံးလို့ရတာမျိုးတွေပါ။   ( အောက်ပုံထဲမှာပြထဲတဲ့ အတိုင်းပါ..) 

Fitness Tracker တစ်ခုဖြစ်တဲ့အတွက်   TalkBand မှာ Accelerometer ၊ Gyroscope ၊  Heart Rate Sensor  ၊ SpO2 Sensor, Ambient Light sensor ၊ Compass စတဲ့ Sensor တွေပါဝင်လာပါတယ်။ 

TalkBand B6 ကို  Bluetooth 5.2 ကနေတစ်ဆင့် ဖုန်းတွေနဲ့ချိတ်ဆက်လို့ရပြီး  Bluetooth 5.2 ကြောင့် အများဆုံး မီတာ ၁၅၀ အတွင်းချိတ်ဆက်လို့ရမယ်လို့ Huawei ကဆိုထားပါတယ်။ သူ့ကိုတော့ကို Android 4.4+ နဲ့  iOS 9.0+ အထက်ရှိတဲ့ Devices တွေနဲ့ ချိတ်ဆက်လို့ရပါတယ်။  TalkBand B6 ရဲ့ လက်ပတ်ကို သံချေးမတက်တဲ့ Steel နဲ့ပြုလုပ်ပေးထားပါတယ်။  ဒါပေမယ့်လည်း ဝယ်ယူတဲ့ သူတွေအနေနဲ့ Steel ကိုမကြိုက်ရင်  Silicon, Leather နဲ့  Metal  ဆိုပြီး ရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်

အရောင်အနေနဲ့ Silicon ထဲမှာ Obsidian Black and Coral Red Titanium Silver Gray Version ဆိုပြီး နှစ်မျိုး ၊  Leather ထဲမှာ Camellia Brown  ၊ Mocha Brown ဆိုပြီး နှစ်မျိုး နဲ့ Metal ထဲမှာတော့  Titanium Silver Gray ဆိုပြီးရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ 

Features  တွေအနေနဲ့ Huawei TalkBand B6  မှာဆိုရင် Fitness Tracking, App Notifications , Weather, Music Controls, Xiaoyi AI voice Assistant, Sleep Tracking, Menstrual Cycle Tracking နဲ့တစ်ခြား Features တွေပါဝင်ထားပါတယ်။ 

IP57-certified ဖြစ်တဲ့အတွက် ပုံမှန်ရေစင်တာလောက်ကိုတော့ ခံနိုင်ပါတယ်။ Leather ကိုဝယ်မယ်ဆိုရင်တော့ IP57 Rating  မပါတော့ပါဘူး။  Battery မှာတော့ 120mAh battery ကိုသုံးပေးထားပြီး Band ကို USB Type C ကနေတစ်ဆင့်အားသွင်းလို့ရပါတယ်။

Huawei TalkBand B6 ရဲ့ ဈေးနှုန်းများ

Huawei TalkBand B6 ဟာဆိုရင် Sports, Fashion ၊ Exclusive Version ဆိုပြီး Sports, Fashion, and Exclusive ဆိုပြီး Version သုံးမျိုးထွက်လာပါတယ်။ ဈေးနှုန်းအနေနဲ့ 

Sports Version –   999 yuan ($142)  ( မြန်မာငွေ ၂ သိန်း ဝန်းကျင်) 

Fashion Version  – 1,199 yuan ($171) ( မြန်မာငွေ ၂ သိန်း ၄ သောင်း ဝန်းကျင်) 

Exclusive Version – 1,499 yuan ($214) ( ( မြန်မာငွေ ၃ သိန်း ဝန်းကျင်) ဆိုပြီး အသီးသီးကျသင့်မှာပဲဖြစ်ပါတယ်။ 

Ref: Gizmochina

Author