Huawei အနေနဲ့ သူတို့ရဲ့ Flagship Series အသစ်ဖြစ်တဲ့ Huawei P40 series ကိုမတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်လာဖို့ စီစဉ်နေပြီပဲဖြစ်ပါတယ်။ P40 ၊ P40 Pro ၊ P40 Pro PE (Premium Edition) တို့မှာ အရင်က  Huawei Mate 30 series မှာသုံးခဲ့တဲ့ Kirin 990 5G chipsets ကိုသုံးလာမှာပါ။ အရင်လတွေတုန်းက P40 ၊ P40 Pro တို့နဲ့ပတ်သတ်တဲံ အချက်တစ်ချို့ Online ပေါ်မှာပေါက်ကြားခဲ့ပြီး အခုလည်း  91mobiles ကသတင်းတစ်ခုအရ P40 Series ရဲ့ Specifications အပြည့်အစုံပေါက်လာခဲ့ပါတယ်။

Huawei P40 specifications

ထိုထွက်လာတဲ့သတင်းတွေအရ P40 ဟာ 6.1-inch OLED display ကိုသုံးလာမှာပါ။ ထို Display အပေါ်မှာတော့ Punch-Hole ထဲမှာထည့်ထားတဲ့ 32MP Front Camera ကိုတပ်ဆင်ပေးလာမယ်လို့သိရပါတတယ်။ 

ဖုန်းရဲ့ကျောဘက်မှာတော့ Lecia ကပြုလုပ်ထားတဲ့ Camera Setup ကိုတွေ့လာရမှာဖြစ်ပြီး ထို Setup ထဲမှာ 50-megapixel ၊  16-megapixel နဲ့ 30x digital zoom ထောက်ပံ့ပေးထားတဲ့ 8-megapixel Ultra Vision sensor ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ဖုန်းမှာ ပိုကောင်တဲ့ ဓာတ်ပုံအရည်အသွေးရဖို့  Huawei XD Fusion Engine ပါလာမယ်လို့သိရပါတယ်။ ဖုန်းရဲ့ Battery ပိုင်းမှာတော့ 40W fast charging နဲ့ 27W wireless charging ထောက်ပံ့ပေးထားတဲ့ 3,800mAh battery ပါလာမှာပါ။ 

Huawei P40 Pro specifications

Huawei P40 Pro မှာတော့ P40 ထက်ပိုကြီးတဲ့  6.58-inch OLED screen ကိုသုံးလာမှာဖြစ်ပြီး ထို Screen အပေါ်မှာ 32-megapixel main selfie camera နဲ့ depth sensor အတွက် ဆေးတောင့်ပုံစံ Punch-hole ပါလာမှာပါ။ 

Huawei P40 Pro ရဲ့နောက်ဘက်မှာတော့  50MP Main Camera ပါတဲ့ Leica Ultra Vision quad camera system ကိုတပ်ဆင်ပေးလာမှာဖြစ်ပြီး ထို Main Camera ကို 40-megapixel lens ၊ 12-megapixel sensor ၊ 3D ToF sensor တို့နဲ့ ထောက်ပံ့ပေးလာမှာပါ။ သူ့မှာလည်း Kirin 990 5G  Chipset နဲ့ အားဖြည့်ပေးလာမှာဖြစ်ပြီး Battery မှာတော့ 40W wired charging and 40W wireless charging‌ ထောက်ပံ့ပေးထားတဲ့ 4,200mAh battery ပါလာမယ်လို့သိရပါတယ်။

[adsforwp id=”1584″] 

အခုပေါက်ကြားလာတဲ့ Leak အသစ်မှာ  P40 နဲ့ P40 Pro တို့ရဲ့ RAM နဲ့ storage ဘယ်လောက်ပါလာမလဲဆိုတာ ဖော်ပြထားခြင်းမရှိပါဘူး။သူတို့မှာ Huawei ရဲ့နောက်ဆုံးထွက်ဖုန်းတွေအတိုင်း Google Mobiles Services မပါတော့ဘဲ  Huawei Mobile Services AppGallery တို့ပါလာမှာပါ။

သင့်အနေနဲ့ကော အသစ်ထွက်လာတော့မယ့် P40 Series အပေါ်ဘယ်လိုမြင်လဲ ?