ဒီနှစ်အစောပိုင်းတုန်းက Huawei အနေနဲ့ သူတို့ရဲ့ Mid-range ဖုန်းတစ်လုံးဖြစ်တဲ့  Nova 7i  ကိုမိတ်ဆက်ခဲ့ပြီး April အရောက်မှာတော့ Nova 7 SE, Nova 7, Nova 7 Pro တို့ကိုထပ် မိတ်ဆက်ခဲ့ပါတယ်။  နောက်ထပ် Huawei အနေနဲ့ Nova Series အသစ်ဖြစ်တဲ့ Nova 8 Series ကို လာမယ့် ၂၀၂၁ အစောပိုင်းလောက်မှာမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ဒီ Nova 8 Series ထဲမှာ Nova 8 SE ၊ Nova 8 နဲ့ Nova 8 Pro စတဲ့ ဖုန်းသုံးလုံးပါလာမှာပါ။ အခုမှာတော့ Nova 8SE ရဲ Specs အပြည့်အစုံပေါက်ကြားလို့လာခဲ့ပါပြီ။

Nova 8SE ရဲ့ Specifications တွေအနေနဲ့…

nova 8 SE မှာ Full HD+ resolution ရှိတဲ့ 6.53” OLED Display ကိုသုံးလာဖို့ရှိနေပြီး Huawei Mate 40 Pro မှာ သုံးလာတဲ့ 66W Fast Charging ပါလာမှာပါ။ Performance အတွက်‌ေတာ့ဖုန်းမှာ Dimensity 800 Chipset နဲ့အားဖြည့်‌ေပးလာဖို့ရှိနေပါတယ်။

Camera မှာတော့ (48MP + 8MP + 2MP + 2MP) ပါတဲ့ Quad Camera Setup နဲ့အတူ 16MP Selfie Camera ကိုသုံးပေးလာမှာပါ။ ဈေးအနေနဲ့ Nova 8 SE ( 8 GB RAM + 128 GB storage ) ဟာ  2,799 Yuan (~$409) (မြန်မာငွေ ၅ သိန်းခွဲ ဝန်းကျင်) ကျသင့်လာမယ်လို့သိရပါတယ်။

ဒီလို Dimensity Chipset နဲ့ထွက်လာမယ့် Nova 8 SE မှာဘာတွေများပြောင်းလဲသွားမလဲ??

စိတ်ဝင်စားဖို့ကောင်းနေပါပြီ…