Huawei အ‌နေနဲ့ လာမယ့် အောက်တိုဘာ 22 ရက်နေ့မှာ သူတို့ရဲ့ Mate 40 Series အသစ်ကိုမိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။ ထုံစံအတိုင်း ဖုန်းတွေထွက်လာဖို့ အချိန်နီးကပ်လာတာနဲ့ အမျှ ဖုန်းတွေရဲ့ ပုံတွေနဲ့ Specs တွေထပ်ပေါက်ကြားလို့လာခဲ့ပါပြီ။ အခုပေါက်ကြားလာတာကတော့Mate 40 Pro ရဲ့ ပုံတွေနဲ့ Specs တစ်ချို့ပဲဖြစ်ပါတယ်။

Specs တွေအရ Mate 40 Pro မှာ 2722 x 1344 pixels resolution ရှိတဲ့ 6.76-inches OLED Curved Display ကိုသုံးပေးလာမယ်လို့သိရပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာတော့ Mate 30 Pro မှာပါခဲ့တဲ့ Notch အစား ဆေးတောင့်ပုံ Punch Hole တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ Performance အတွက်ဖုန်းမှာ HiSilicon Kirin 9000 5nm Chipset အသစ်နဲ့ အားဖြည့်ပေးလာဖို့ရှိနေပါတယ်။ ဒီ Kirin 9000 5nm Chipset မှာCPU အတွက် 3.13GHz Cortex-A77 Prime Core ၊ high-end 2.54GHz A77 cores သုံးခု နဲ့ 2.04GHz Efficiency Cortex-A55 cores လေးခုပါလာဖို့ရှိနေပါတယ်။ GPU မှာတော့Mali-G78 GPU ပါလာမှာပါ။ နောက်ထပ် 5G modem လည်းပါလာဖို့ရှိနေပါတယ်။ ဒီ Chipset ကိုတော့ 8GB RAM ၊ 256GB UFS 3.1 Storage နဲ့တွဲပေးလာဖို့ရှိနေပါတယ်။

Camera မှာတော့ Leica’s Branding စာပါတဲ့ စက်ဝိုင်းပုံ Camera Setup ထဲမှာ 50MP Main Camera ၊ 20MP f/1.8 Ultra-Wide angle Camera 12MP f/2.4 Telephoto Zoom Camera တို့ကိုတပ်ဆင်ပေးလာမှာပါ။ ဒီမှာ Telephoto Zoom Camera ဟာ 5x optical zoom အထိထောက်ပံ့ပေးနိုင်မှာပါ။ နောက်ထပ် ဒီ Camera တွေဟာ 8K Videos Recording လည်းထောက်ပံ့ပေးလာမယ်လို့သိရပါတယ်။ Selfie အတွက်တော့ 32MP Primary Sensor ကို 3D sensor နဲ့တွဲပေးလာမှာပါ။အရင် Mate 30 Pro လိုပဲ Mate 40 Pro မှာGesture Controls တွေထောက်ပံ့ပေးလာမယ်လို့ သိရပါတယ်။Mate 40 Pro ရဲ့ Battery မှာ 65W fast wired charging ထောက်ပံ့ပေးထားတဲ့ 4400mAh battery ‌ကိုသုံးပေးလာမှာပါ။ Connectivity Features တွေအနေနဲ့ Bluetooth 5.2, NFC, and Wi-Fi 6. ပါလာဖို့ရှိနေပါတယ ်။

Mate 40 Pro ရဲ့ ဈေးတွေကိုတော့မသိရသေးပေမယ့် အရောင်အနေနဲ့ ဉရောပမှာ black ၊ silver နှစ်ရောင်ရွေးလို့ရွေးလို့ရမယ်လို့သိရပါတယ်။ တရုတ်မှာတော့ ရွေးခ်ယ်စရာအရောင်တွေပိုများလာနိုင်ပါတယ်။ ဉပမာအနေနဲ့ Mare 30 Pro လို Orange အရောင်အမျိုးပေါ့…

ကဲ Mate 40 Pro ကိုမျှော်နေကြတဲ့သူတွေရေ..ဖုန်းအပေါ်အ‌မြင်လေးတွေကိုမျှဝေပေးသွားပါဦးနော်

Author