မကြာသေးခင်က နှစ်တုန်းက Huawei P Series ဟာ Galaxy Note series နဲ့ iPhone Flagship ဖုန်းတွေကို ယှဉ်လာဖို့ Camera ပိုင်းကို လုံး၀ပြောင်းလဲခဲ့ပါတယ်။ 

ဒီနှစ်မှာလည်း Huawei P40 Series ဟာ Huawei အတွက် အကြောင်းပြချက်နှစ်ခုနဲ့ အရေးပါလာမှာပါ။

ပထမအကြောင်းပြချက်ကတော့  P30 Pro မှာ နာမည်ကြီးခဲ့တဲ့ Camera ပါတာမလို့ P40 မှာလည်း အဲ့လိုပါလာဖို့လိုလာပါတယ်။ နောက်ထပ်ကတော့ P40 Series ဟာ  Google Services မပါဘဲထွက်လာဖို့ရှိနေပါတယ်။

အဲ့အတွက် Huawei အနေနဲ့ Google Apps မပါတဲ့ P40 ကို သုံးစွဲသူတွေဝယ်လာဖို့ သိမ်းသွင်းရပါတော့မယ်။ အဲ့ပုံစံအရဆို P40 Series ဟာ စျေးသက်သာလာဖို့ မျှော်လင့်ရပါတယ်။ 

@RODENT950 (Teme) ရဲ့ Twitter မှာတင်ထားတဲ့ Post အရ P40 Series ရဲ့စျေးဟာ တရုတ်မှာ  3599 Yuan ($519) နဲ့ 6599 Yuan ($951) ကြား (မြန်မာငွေ 7 သိန်း ခွဲကနေ 14 သိန်းကြား) ရှိလာမယ်လို့သိရပါတယ်။

P40 ဟာ ဥရောပမှာ ၁၀ သိန်းဝန်းကျင်နဲ့  P40 Pro ကတော့ 13 သိန်းဝန်းကျင် ရှိလာနိုင်ပြီး P40 Pro Premium Edition ဟာလည်း စျေး 16 သိန်းကျော်နဲ့ထွက်လာဖို့ရှိနေပါတယ်။ 

Huawei P30 Pro ဟာ ၂၀၁၉ မှာ Camera အကောင်းဆုံး Flagship ဖုန်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

မကြားသေးခင်ကထွက်ထားတဲ့ သတင်းတွေအရ Huawei P40 Pro နဲ့ Pro PE (Premium Edition) တို့ဟာလည်း 2020 မှာ Camera အကောင်ဆုံး ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Google Services မပါဘဲ P40 Series ကို စျေးသက်သာအောင်လုပ်လိုက်တာက Huawei ရဲ့ စမတ်ကျတဲ့ နည်းလမ်းတစ်ခုလို့ဆိုရမှာပါ။ Huawei အနေနဲ့ Google Services အစားထိုး Huawei Mobile Services (HMS) ကို အရင်နှစ်တွေကတည်းက ပြင်းပြင်းထန်ထန်တိုးတက်အောင်ပြုလုပ်နေပါတယ်။

အဲ့အတွက် P40 Series မှာ Huawei ရဲ့ ကိုယ်ပိုင် Huawei Mobile Services (HMS) ပါလာဖို့ရှိနေပါတယ်။ 

Google Services မပါတာက Smartphone တစ်လုံးကိုစျေးသက်သာစေတယ်ဆိုတာ Huawei ကသက်‌သေပြတော့မယ့်ပုံပါပဲ။ အရင်နှစ်တုန်းက Android ဖုန်းတွေမှာ Google Apps ထည့်ဖို့ ဒေါ်လာ ၄၀ ကျတယ်လို့ Google ကပြောခဲ့ပါတယ်။

အဲ့အတွက် P40 ဟာ စျေးအနည်းသက်သာလာဖို့က သေချာနေပါတယ်။

[adsforwp id=”1600″]

Ref : Gizmochina 

Author