Galaxy Fold နဲ့အတူ Foldable ဖုန်းလောကထဲကိုစတင်ခြေချလာတဲ့ Samsung ကတော့ Foldable ဖုန်းလောကမှာ ဆက်ပြီး ခေါင်းမော့နိုင်စေဖို့  Galaxy Z Fold 2 Foldable ဖုန်းအသစ်ကို ထပ်မိတ်ဆက်လိုက်ပါပြီ။ ဖုန်းဟာ မိတ်ဆက်ပြီးအဆင့်မှာပဲရှိသေးပြီး တရားဝင်ရောင်းချလာမယ့် အဆင့်ကိုတော့ အခုထိမရောက်သေးပါဘူး။ Samsung ကတော့ နောက်လလောက်မှာသာ ဖုန်းအကြောင်းကိုအသေးစိတ်ဖော်ပြပေးသွားမယ်လို့တော့ ဆိုထားပါတယ်။

ဒီ Post ထဲမှာ Samsung Galaxy Z Fold 2 နဲ့ပတ်သတ်ပြီး ကျွန်တော်တို့သိထားရတဲ့ အချက်တွေကိုဖော်ပြပေးသွားပါ့မယ်… 

Galaxy Z Fold 2 Design 

Galaxy Z Fold 2 ဟာ အရင်က Galaxy Fold နဲ့မတူဘဲ သိသိသာသာပြောင်းလဲထားတဲ့ Design နဲ့ထွက်လာပါတယ်။  အရင်က  Galaxy Fold ထဲမှာပါလာတဲ့  Notch အစားသေသပ်လှတဲ့ Punch Hole ကိုထည့်ပေးထားပါတယ်

ဖုန်းရဲ့  ကျောဘက် Camera Design ကတော့  Note 20 Series လို ထောင့်မှန်စတုဂံ ကင်မရာ Design မျိုးတပ်ဆင်ပေးထားပါတယ်။ ဒီ Camera Setup ထဲမှာတော့ LED Flash နဲ့အတူ ကင်မရာသုံးလုံးကိုတပ်ဆင်ပေးထားပါတယ်။ 

Side-mounted fingerprint sensor ထည့်ထားတဲ့ ပါဝါ ခလုတ်နဲ့  Volume ခလုတ်တွေကိုတော့ ဖုန်းရဲ့  ညာဘက်မှာတပ်ဆင်ပေးထားတာတွေ့ရပြီး  အောက်ခြေမှာတော့ Speaker ပေါက်နဲ့  USB-C Port တို့ကိုတပ်ဆင်ပေးထားပါတယ်။ ထုံးစံအတိုင်း နားကြပ်ပေါက်တော့ပါလာခြင်းမရှိပါဘူး။ အရောင်အနေနဲ့Mystic Black နဲ့ Mystic Bronze ဆိုပြီးနှစ်ရောင်ရွေးချယ်ဝယ်ယူနိုင်မှာပါ။ 

Galaxy Z Fold 2 Display

ဖုန်းကိုမခေါက်ဘဲထားထားတဲ့ အခြေအနေမှာ ၇.၆ လက်မ ရှိတဲ့ AMOLED Display ကိုတွေ့ရမှာဖြစ်ပြီး Resolution အနေနဲ့ကတော့  2213 x 1689 Pixels ရှိပါတယ်။ နောက်ထပ် ဒီ Display မှာ 120Hz Refresh Rate ကိုထောက်ပံ့ပေးထားပါသေးတယ်။ ဒီလို ၇.၆ လက်မ Display ပေါ်မှာ 120Hz Refresh Rate  ထောက်ပံ့ပေးထားတာက တော်တော်လေးအားရစရာပါ။

ခေါက်ထားတဲ့အခြေအနေမှာတွေ့ရတဲ့  Outer Display မှာတော့  ၆.၂ လက်မရှိတဲ့ AMOLED Display ကိုသုံးပေးထားပါတယ်။ Resolution မှာတော့  2267 x 819 Pixels ရှိပြီး Refresh Rate ကတော့ 60Hz ပဲရှိပါတော့တယ်။ အရင် Galaxy Fold  ရဲ့ 4.6″ Outer Display နဲ့ယှဉ်ရင် ဒီ Display ကပိုကြီးသွားပြီး ကြည့်ရတာပိုအဆင်ပြေလာပါတယ်။ Outer Display နဲ့တင် PUBG လိုမျိုးဂိမ်းကိုကောင်းကောင်းဆော့လို့ရတဲ့အနေအထားပါ။ 

နောက်ပြီး ဖုန်းရဲ့ Display အတွင်းပိုင်းမှာ Ultra-Thin Glass (UTG) ကိုသုံးပေးထားတာမလို့ အရင်က Galaxy Fold ထက်ပိုအကြမ်းခံလာမယ်လို့ Samsung ကဆိုထားပါတယ်။  Galaxy Fold လိုပဲ ဖုန်းကို ဘေးဘက်နေကြည့်လိုက်ရင် ‌Display အလယ်ကခေါက်ရာကြီးကတော့ သိသိသာသာတွေ့နေရပါသေးတယ်။ ရှေ့တည့်တည့်ကနေကြည့်ရင်တော့ တွေ့ရမှာမဟုတ်ပါဘူး။ 

Galaxy Z Fold 2 Camera 

ဖုန်းရဲ့ ကျောဘက် Camera Setup ထဲမှာ  12MP Main Sensor ၊ 12MP Ultrawide Sensor နဲ့ 12MP Telephoto တို့ကိုတပ်ဆင်ပေးထာပါတယ်။ Selfie အတွက်တော့ Fold တုန်းကလို 10MP Camera ကိုဆက်သုံးပေးထားပါတယ်။

Galaxy Z Fold 2  Performance

Performance အတွက် လက်ရှိ မိုဘိုင်း Chipsets တွေထဲမှာ စွမ်းဆောင်ရည်မြင့် Snapdragon 865 Plus SoC ကိုအသုံးပြုပေးထားပြီး 12 GB Ram ၊ 256GB Internal Storage တို့နဲ့တွဲပေးလာပါတယ်။ 

Battery ပိုင်းမှာတော့  25W Fast Charging နဲ့ 11W Fast Wireless Charging ထောက်ပံ့ပေးထားတဲ့  4,500 mAh Battery ကိုသုံးပေးလာပါတယ်။ 

Software အတွက် Android 10 ကိုခြေခံထားတဲ့ One UI 2.5 နဲ့  Run ပေးလာဖို့ရှိနေပါတယ်။ 

Features အသစ်တွေအနေနဲ့ Main Cameras နဲ့ Selfie ပုံရိုက်ချင်တဲ့အခါမှာ Outer Display ကနေ ကျွန်တော်တို့ရဲ့ပုံကိုပြန်မြင်နေရမယ့် Feature အသစ်ပါဝင်ထားပါတယ်။  Quality ကောင်းကောင်း Selfie ပုံတွေရိုက်ချင်တဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေမယ့် Feature တစ်ခုပါပဲ။ နောက်ထပ် ပါလာတဲ့ Feature အသစ်ကတော့ “Flex Mode,”။ သူကတော့ Galaxy Z Flip လို Display တစ်ခုကို Stand အဖြစ်ထားပြီး သုံးလို့ရနိုင်မှာပဲဖြစ်ပါတယ်။ Split Screen သဘောမျိုးပါ။ 

လောလောဆယ်တော့ ဖုန်းနဲ့ပတ်သတ်ပြီး အပေါ်ကအချက်တွေကိုပဲ Samsung ဘက်ကကြေညာထားပါသေးတယ်။ 

ဖုန်းရဲ့ဈေးနဲ့ စတင်ဝယ်ယူနိုင်မယ့်အချိန်ကိုတော့ နောက်လလောက်မှသာ Samsung ဘက်ကထပ်ကြေညာလာနိုင်ပါတယ်။ 

Author