(Unicode)

လွန်ခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့လောက်တုန်းက Samsung အနေနဲ့ သူတို့ရဲ့ A-Series ထဲက A42 5G ကို မိတ်ဆက်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ထားတာရှိပါတယ်။ အခုမှာတော့ Samsung  အနေနဲ့ A42 5G ကို  တရားဝင်မိတ်ဆက်လိုက်ပါပြီ။ တရားဝင်မိတ်ဆက်လိုက်ပေမယ့်လည်း ဖုန်းရဲ့ Spces တွေကိုတော့ Samsung ကနေထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ 

ဒါပေမယ့်လည်း အရင်ကထွက်ထားတဲ့သတင်းတွေအရ Samsung A42 5G မှာ 6.6-inch Infinity-U Super AMOLED display၊ Quad-Camera Setup နဲ့ In-display fingerprint sensor ပါလာမယ်လို့သိထားရပါတယ်။ Battery မှာတော့ 5,000 mAh Battery ပါလာဖို့ရှိနေပါတယ်။ Fast Charging မှာ ဘယ်လောက် Watt(W)  ပါဝင်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

Performance အတွက်တော့ 5G ထောက်ပံ့ပေးထားတဲ့ Qualcomm Snapdragon 690 ပါလာဖို့ရှိနေကြာင်း Geekbench စာရင်းထဲမှာဖော်ပြထားပါတယ်။ ဒီ Snapdragon 690 Chip ဟာ မကြာခင်မှာထွက်လာတော့မယ့် OnePlus ဖုန်းတစ်လုံးမှာသုံးလာဖို့ရှိနေပါသေးတယ်။

Galaxy A42 5G ရဲ့ညီအကိုတွေလို့ပြောရမယ့် Galaxy A51 ၊ Galaxy A71 တို့မှာလည်း 

4G နဲ့ 5G နှစ်မျိုးထွက်ထားတာမို့လို့ Galaxy A42 မှာလည်း 4G Version ထွက်လာဖို့ရှိနေပါတယ်။

လောလောဆယ်တော့ ဖုန်းနဲ့ပတ်သက်ပြီး အပေါ်က အချက်တွေကိုပဲသိထားရပါသေးတယ်။ မကြာခင်မှာတော့ ဖုန်းရဲ့ ဈေးနှုန်းတွေနဲ့ Specs တွေထပ်ထွက်လာနိုင်ပါတယ်။ 

ကဲ A42 5G အပေါ်အမြင်လေးတွေကိုလည်းဝေမျှပေးသွားကြပါဦး။ 

Ref : Gizmochina

Galaxy A42 5G သို့ Samsung ရဲ့ဈေးအသက်သာဆုံး 5G ဖုန်းတစ်လုံး? 

(Zawgyi)








Ref : Gizmochina

Author