Xiaomi အနေနဲ့ လာမယ့် November လအတွင်းမှာ Redmi Series အတွက် Redmi Note 10 Series အသစ်ကိုထုတ်လာတော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီသီတင်းထဲမှာ စာဖတ်သူတိုင်းရင်ခုန်လို့ရစေအောင်  Redmi Note 10 Series နဲ့ပတ်သက်ပြီး သိထားရတဲ့ Specs တွေကိုဖော်ပြပေးထားပါတယ်။ ဒီ  Redmi Note 10 Series ထဲမှာဆိုရင် Redmi Note 10 4G ၊ Redmi Note 10 Pro 5G နဲ့ Redmi Note 10 Pro Max 5G တို့ပါလာဖို့ရှိနေပါတယ်။

ဆိုတော့ ဖုန်းတွေမှာပါလာနိုင်တဲ့ Specs‌ တွေကိုသွားကြည့်လိုက်ကြရအောင်…

Redmi Note 10 Pro Max 5G

အရင်တုန်းကထွက်ထားတဲ့သတင်းတွေအရ Redmi Note 10 Pro Max မှာ Punch-hole တစ်ခုပါတဲ့6.67-inch FHD+ LCD 120Hz display ကိုသုံးပေးလာဖို့ရှိနေတယ်လို့သိရပါတယ်။ Camera အတွက်တော့ 108MP Main Camera ကိုသုံးပေးလာမှာပါ။ ဒါကြောင့်မို့လို့ဖုန်းဟာ Redmi ရဲ့ ပထမဆုံး 108MP Phone ဖြစ်လာမှာပါ။ Performance အတွက်တော့ Qualcomm Snapdragon 750G 5G Mid-range SoC နဲ့အားဖြည့်ပေးလာမှာပါ။ Battery မှာတော့ 33W Fast Charging ထောက်ပံ့ပေးထားတဲ့ 4,800 mAh Battery ပါဝင်လာဖို့ရှိနေပါတယ်။ 

Redmi Note 10 Pro 5G

Redmi Note 10 Pro ဟာလည်း Redmi Note 10 Pro Max နဲ့တူတဲ့ 6.67-inch FHD+ LCD 120Hz display ကိုသုံးပေးလာဖို့ရှိနေပါတယ်။ Camera မှာတော့ 108MP Main Camera အစား 48MP Main Camera ကိုပဲတပ်ဆင်ပေးလာမှာပါ။ Performance အတွက် MediaTek Dimensity 720 SoC နဲ့အားဖြည့်ပေးလာမှာပဲဖြစ်ပါတယ်။ ဖုန်းရဲ့ Battery Capacity  အတိအကျတော့မသိထားရပေမယ့် ဖုန်းမှာ  22.5W fast charging ပါလာမယ်လို့ သတင်းတွေထွက်ထားပါတယ်။

Redmi Note 10 4G

အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ 5G ရအောင်လုပ်ပေးနေချိန်မှာ Redmi Note 10 အတွက် 4G Version ထွက်လာမှာက ခပ်ကြောင်ကြောင်တော့နိုင်နေပါတယ်။ ဒါပေမယ့်လည်း ဒီလို 4G ထုတ်ဖို့စီစဉ်ထားတာက 5G မရသေးတဲ့နေရာတွေအတွက်လို့ ခန့်မှန်းရပါတယ်။ လောလောဆယ်မှာ Redmi Note 10 4G နဲ့ ပတ်သက်ပြီး သတင်းအတိအကျကိုတော့ မသိရသေပါဘူး။ 

ဈေးအနေနဲ့  Redmi Note 10 Pro ဟာ  1,000 yuan ($149) (မြန်မာငွေ 2 သိန်းဝန်းကျင် ) ကျသင့်လာနိုင်ပြီး Redmi Note 10 Pro Maxကတော့ 1500 yuan ($224) (မြန်မာငွေ 3 သိန်းဝန်းကျင် ) ကျသင့်လာနိုင်ပါတယ်။

ကဲ စာဖတ်သူကော Redmi Note 10 Series ထဲက ဘယ်ဖုန်းကိုမျှော်နေကြလဲ?? 

Ref : Gizmochina

Author